Food & Livestock



ဗီယက်နမ်ပို့ကုန်ဆန် ဈေးနှုန်း ကမ္ဘာ့အမြင့်ဆုံးမှာ ဆက်ရှိနေ

ဗီယက်နမ်ပို့ကုန်ဆန် ဈေးနှုန်း ကမ္ဘာ့အမြင့်ဆုံးမှာ ဆက်ရှိနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဗီယက်နမ်နိုင်ငံမှ ပြည်ပသို့ တင်ပို့သည့်ဆန် ဈေးနှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်နေဆဲဖြစ်သည်။ 

၅%  ဆန်ကွဲပါဆန် ဈေးနှုန်းသည် တစ်တန်လျှင်  ကန်ဒေါ်လာ ၆၃၈ သို့ ရောက်ရှိနေသည်။ 

၂၅%ဆန်ကွဲပါဆန်ဈေးနှုန်းသည် တစ်တန်လျှင်  ကန်ဒေါ်လာ ၆၂၃ သို့ ရောက်ရှိနေသည်ဟု ဗီယက်နမ် စားသောက်ကုန်အသင်းက ပြောကြားသည်။

 

၅%  ဆန်ကွဲပါ ထိုင်းဆန် ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၂၈ သို့ ရောက်ရှိနေသည်။ 

 

၅%  ဆန်ကွဲပါ ပါကစ္စတန်ဆန် ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၅၉၈ သို့ ရောက်ရှိနေသည်။ 

 

ဗီယက်နမ်နိုင်ငံ၏ စပါးကျီ ဖြစ်သော မဲခေါင်မြစ်ဝကျွန်းမှ ထွက်သည့် စပါးဈေးနှုန်းသည်လည်း မကြုံစဖူး မြင့်တက်နေသဖြင့် လယ်သမားများ အမြတ်ကောင်းကောင်း ရရှိကြသည်။ 

 

မကြာသေးမီက ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနသည် ဆန်တင်ပို့ခွင့် အရည်အချင်းပြည့်မီသော စီးပွားရေးလုပ်ငန်း ၂၁၀ စာရင်းကို ထုတ်ပြန်ခဲ့သည်။

 

ဗီယက်နမ်သည် ယခုနှစ် ပထမခုနစ်လအတွင်း ဆန်တန်ချိန် ၄ ဒသမ ၈၃ သန်း တင်ပို့ခဲ့သည်။ ကျန်ငါးလအတွင်း တန်ချိန် ၂ ဒသမ ၆၇ သန်းခန့် တင်ပို့ရန် စီစဉ်ထားသည်။

 

Source vnexpress


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 28 August 2023 23:27
Rate this item
(0 votes)