Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲ၊ ပဲစင်းငုံဈေး တစ်လအတွင်း ကျပ်တစ်သိန်းခန့် ကျဆင်း

မတ်ပဲ၊ ပဲစင်းငုံဈေး တစ်လအတွင်း ကျပ်တစ်သိန်းခန့် ကျဆင်း google.com

စက်တင်ဘာတွင် ပဲအသစ်ပေါ်မည့် အခြေအနေကို အိန္ဒိယ ကုန်သည်များက စောင့်ကြည့်နေခြင်းကြောင့်

ဇူလိုင်အတွင်း ပြည်တွင်း ဈေးကွက်တွင် မတ်ပဲနှင့်ပဲစင်းငုံ တစ်တန်လျှင် ကျပ်တစ်သိန်းကျော် ဈေးနှုန်းကျဆင်းကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

ဇူလိုင်လဆန်းတွင် မတ်ပဲ တစ်တန်လျှင် ကျပ်ရှစ်သိန်းသုံး သောင်းခန့်နှင့် ပဲစင်းငုံတစ်တန် လျှင် ကျပ်ခြောက်သိန်းခွဲခန့်ဈေးရှိခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်း ရှစ်သောင်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်ငါးသိန်းခြောက်သောင်းခန့် ကျဆင်းခဲ့သည်။

 

အိန္ဒိယနိုင်ငံ၌လည်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းကျဆင်းနေပြီး အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို ထိန်းဝယ်ယူသည့် အခြေအနေမျိုးဖြစ်နေကြောင်း ဦးမင်းကိုဦးက ပြောကြားသည်။

 

‘‘စိုက်ဧကလည်း များတယ်။ ရာသီဥတုကလည်း ပုံမှန်ဆိုတော့ သူတို့ဘက်က သိပ်မဝယ်တဲ့ အ ခြေအနေမျိုး ကြုံနေရတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဈေးကျလာတာပါ’’ ဟု ဦးမင်းကိုဦးက ရှင်းပြသည်။

 

အိန္ဒိယနိုင်ငံတွင် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ကုန်ပစ္စည်းများ ဖြတ်ကျော်သယ်ဆောင်ရာ၌ ပေးဆောင်ရသည့် အခွန် ၂ ရာခိုင်နှုန်းကို ဇူလိုင်က စတင်၍ အိန္ဒိယအစိုးရက ကောက်ခံမည်မဟုတ်သဖြင့်  ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာနိုင်ခြင်း၊ အိန္ဒိယကုန်သည်များကို ပဲမျိုးစုံ သိုလှောင်ခွင့် ပေးထားခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲအဝယ်တိုးလာနိုင်ကြောင်း ပြည်တွင်းရှိ ပဲကုန်သည်များက မျှော်လင့်ကြသည်။

 

သို့သော်လက်ရှိတွင် ဝယ်လိုအားနည်းမှုကြောင့် ပြည်တွင်းဈေးနှုန်း ကျဆင်းနေသဖြင့် ကုန်သည်များ ငွေကြေးအခက်အခဲ ဖြစ်လာရကြောင်း ပခုက္ကူမြို့နယ်မှ ပဲကုန်သည် တစ်ဦးကပြောကြားသည်။

 

ပြည်ပဈေးကွက် တင်ပို့နေသည့် ရန်ကုန်တွင် ဈေးနှုန်းကျ ဆင်းနေမှုကြောင့် နယ်ကုန်သည် များအနေဖြင့် ကြိုတင်သိုလှောင် ထားသော ပဲများ ဈေးနှုန်းဆုံးရှုံးမှုကြုံတွေ့နေရသည်ဟု ၎င်းကပြောသည်။

 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယ ဈေးကွက်သို့သာ အဓိက တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(2 votes)