Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်တင်ပို့မှု အထူးအခွင့်အရေး ရပ်၊ မရပ် ယခုလအတွင်း အီးယူ အကြောင်းပြန်မည်

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) သုံးနှစ်ခန့်

ယာယီရပ်၊ မရပ်ကို အီးယူအဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်ပြီးပါက ဒီဇင်ဘာလအတွင်း အကြောင်းပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

 

အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စပိန်နှင့် အီတလီနိုင်ငံတို့က ၎င်းတို့နိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရန်အတွက် GSP ကင်းလွတ်ခွင့်ပေးထားသည့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ကို သုံးနှစ်ခန့် ယာယီရပ်
ဆိုင်းရန် တင်ပြခြင်းဖြစ်သည်။

 

GSP ယာယီရပ်ဆိုင်းမည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့်အကျိုးဆက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၁၉ ရက်နေ့က အီးယူကော်မရှင်
ထံ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

“သူတို့ဘက်မှာထွက်တဲ့ စပါးအမျိုးအစားကိုပဲ အခွန်ကောက်ချင်တာ။ မြန်မာ နိုင်ငံအနေနဲ့ တင်ပြစရာရှိတာ အကုန်ဆောင်ရွက်ပြီးပြီ” ဟု ဦးအောင်သန်းဦးက ပြောဆိုသည်။

 

အီးယူဘက်က မြန်မာ့ဆန်တင်ပို့မှု ကို GSP သုံးနှစ်ခန့် ယာယီရပ်ဆိုင်းပါက ပထမနှစ်တွင် ဆန်မက်ထရစ် တစ်တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ၁၂၅ ယူရို ကောက်ခံမည်ဖြစ်ပြီး ကောက်ခံမည့် ဆန်
အမျိုး အစားများနှင့်ပတ်သက်၍လည်း ဆက်လက်ဆွေးနွေးရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

“အီးယူကို ဆန်တင်ပို့နေတာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေများတယ်။ ဒီလုပ်ငန်းတွေက တခြားဆန်တင်ပို့တဲ့နိုင်ငံတွေနဲ့ ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ ခက်ပါတယ်။ အချိန်ကာလတစ်ခုတော့ ထပ်ပေးဖို့ လိုသေးတယ်” ဟု ယင်းအ
သင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

 

မြန်မာနိုင်ငံက အီးယူဈေးကွက်သို့ ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသိန်းခန့် နှစ်စဉ် တင်ပို့မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

Source: The Voice

Read times
Rate this item
(1 Vote)