Food & Livestock
အားကောင်းသော မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၅၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၃၈)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့(Khepupara)၏ အနောက်တောင်ဘက် ရေမိုင်(၆၉၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၄၅၈) မိုင်ခန့်နှင့် ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၆၀၃)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။
အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အနောက်မြောက်သို့ ဦးတည်ရွေ့လျားရင်း အားပိုကောင်းလာမည်။
ဆိုင်ကလုန်အဖြစ်သို့ ရောက်ရှိသောအခါ AMPHAN ဟု အမည်မှည့်ခေါ်မည် ဖြစ်သည်။
ZAWGYI

အားေကာင္းေသာ မုန္တိုင္းငယ္အေျခအေန
-------------------------------------------------
ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၇:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)သည္ ဆက္လက္တည္ရွိေနပါသည္။ အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression)သည္ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (Paradip) (ဩရိႆ-Odisha)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၅၅)မိုင္ခန႔္၊ ဒီဂါၿမိဳ႕(Digha)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၆၃၈)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ကမ္ပူပါရာၿမိဳ႕(Khepupara)၏ အေနာက္ေတာင္ဘက္ ေရမိုင္(၆၉၅)မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island)၏ အေနာက္ေတာင္ဘက္ ေရမိုင္(၄၅၈) မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕(Pathein)၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၆၀၃)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါ သည္။
အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
အေနာက္ေျမာက္သို႔ ဦးတည္ေ႐ြ႕လ်ားရင္း အားပိုေကာင္းလာမည္။
ဆိုင္ကလုန္အျဖစ္သို႔ ေရာက္ရွိေသာအခါ AMPHAN ဟု အမည္မွည့္ေခၚမည္ ျဖစ္သည္။



