Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံထုတ်လုပ်မှုကို ခုနစ်နှစ်တာအတွင်း အနည်းဆုံးသို့ ရောက်ရှိ

သကြားအကြမ်း ဝယ်လိုအား ကျဆင်းသဖြင့် ကြံထုတ်လုပ်မှုကို ခုနစ်နှစ်တာအတွင်း အနည်းဆုံးသို့ ရောက်ရှိစေခဲ့သည်။


သကြား ဝယ်လိုအား ကျဆင်းနေသဖြင့် လက်ထဲ ရှိနေသည့် သကြာလက်ကျန်ကို ကုန်သည်တို့က အမြန်ဆုံးရောင်းထုတ်ပစ်နေကြရသည်။
ကြံစိုက်ဧက လျော့နည်းခြင်းကြောင့် သကြားစက်ရုံများလည်း တဖြည်းဖြည်းချင်း ပိတ်သိမ်းကြရလိမ့်မည်။ ပြည်တွင်း သကြား ထုတ်လုပ်မှု လျော့ကျသွားမည်။ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော သကြားကို ပြည်ပမှ တင်သွင်းပြီး ဖြည့်ဆည်းရလိမ့်မည် ဖြစ်သည်။
ကြံစိုက်တောင်သူတို့အနေဖြင့် အကျိုးအမြတ် မရရှိပါက ကြံစိုက်ကြမည် မဟုတ်ချေ။

ကြံမှ ရရှိသော သကြားအကြမ်းကို တရုတ်နိုင်ငံသို့ နယ်ခြားကုန်သွယ်ရေးဖြင့် ပေးပို့သည်။ တရုတ်အပြင် မြန်မာမှ သကြားအကြမ်း တင်သွင်းသော နိုင်ငံအနည်းငယ်သာ ရှိပြီး ထုတ်လုပ်သည့် သကြားအများစုကို ယခုအခါ ပြည်တွင်း၌သာ သုံးစွဲသည်။

ပြည်တွင်းသကြား ကုန်ထုတ်လုပ်ငန်းကဏ္ဍကို ပြန်လည်လန်းဆန်းစေရန်အတွက်မှာ သကြား စက်ရုံများကို အဆင့်မြှင့်တင်ပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုရမည်ဖြစ်သည့်အပြင် ကြံစိုက်တောင်သူများအတွက် အရည်အသွေး ပိုမြင့်မားသည့် ကြံမျိုးကောင်းများ လိုအပ်သည်။

သန့်စင်ပြီး သကြား လိုအပ်ချက်ကို ဖြည့်တင်းရန် ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများအား ပြည်ပမှ တင်သွင်းရန် ခွင့်ပြုထားသည်။ ထိုင်းနိုင်ငံထံမှ သန့်စင်ပြီး သကြား တန်ချိန် တစ်သောင်း ဝန်းကျင် တင်သွင်းသည်။
တရုတ်နှင့် ကုန်သွယ်ရေးတွင် မြန်မာသကြားအပေါ် သွင်းကုန်ခွန် ၈၅ ရာခိုင်နှုန်း သို့ တိုးမြှင့် သတ်မှတ်ထားပြီး တရားမဝင်တင်သွင်းမှုများကို အရေးယူမှာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်သည်။ ထိုနှစ်ချက်ကြောင့် တရုတ်သို့ သကြားစီးဆင်းမှုများ လျော့ကျသွားပြီး ယခုအခါ သကြားအကြမ်းများ ပိုလျှံနေသည်။
တရုတ်သို့ သကြားတင်ပို့မည်ဆိုပါက ပမာဏအတိအကျကို တင်သွင်းခွင့် ရယူရန်လိုအပ်ပြီး တရုတ်နိုင်ငံမှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများကို လိုက်နာဖို့လည်း လိုအပ်သည်။ ထို့ကြောင်း ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း သကြားအကြမ်း တင်ပို့မှုများ သိသိသာသာ လျော့ကျသွားခဲ့ပြီး လတ်တလောတွင် တင်ပို့မှုများ ရပ်ဆိုင်းနေပြီ ဖြစ်သည်။

သကြားအကြမ်း ဈေးကွက်ပျောက်နေသဖြင့် ကြံစိုက်တောင်သူတို့ ကြံစိုက်ပျိုးမှု လျော့ကျမည် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သိသိသာသာ လျော့နည်းမည် ဖြစ်သည်။

ပြည်တွင်းမှာ သကြားစက်ရုံ ၂၉ ခု ရှိနေပြီး နှစ်ခုမှာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ပိုင်ဆိုင်လုပ်ကိုင်နေပြီး တစ်ခုမှာ ထိုင်းကုမ္ပဏီတစ်ခုမှ လုပ်ကိုင်လျက် ရှိရာ ထိုစက်ရုံများသာလျှင် သန့်စင်ပြီးသကြားကို ထုတ်လုပ်ကြသည်။

New Strait Times

 

သၾကားအၾကမ္း ဝယ္လိုအား က်ဆင္းသျဖင့္ ႀကံထုတ္လုပ္မႈကို ခုနစ္ႏွစ္တာအတြင္း အနည္းဆုံးသို႔ ေရာက္ရွိေစခဲ့သည္။
သၾကား ဝယ္လိုအား က်ဆင္းေနသျဖင့္ လက္ထဲ ရွိေနသည့္ သၾကာလက္က်န္ကို ကုန္သည္တို႔က အျမန္ဆုံးေရာင္းထုတ္ပစ္ေနၾကရသည္။
ႀကံစိုက္ဧက ေလ်ာ့နည္းျခင္းေၾကာင့္ သၾကားစက္႐ုံမ်ားလည္း တျဖည္းျဖည္းခ်င္း ပိတ္သိမ္းၾကရလိမ့္မည္။ ျပည္တြင္း သၾကား ထုတ္လုပ္မႈ ေလ်ာ့က်သြားမည္။ ျပည္တြင္းစားသုံးမႈအတြက္ လိုအပ္ေသာ သၾကားကို ျပည္ပမွ တင္သြင္းၿပီး ျဖည့္ဆည္းရလိမ့္မည္ ျဖစ္သည္။
ႀကံစိုက္ေတာင္သူတို႔အေနျဖင့္ အက်ိဳးအျမတ္ မရရွိပါက ႀကံစိုက္ၾကမည္ မဟုတ္ေခ်။

ႀကံမွ ရရွိေသာ သၾကားအၾကမ္းကို တ႐ုတ္ႏိုင္ငံသို႔ နယ္ျခားကုန္သြယ္ေရးျဖင့္ ေပးပို႔သည္။ တ႐ုတ္အျပင္ ျမန္မာမွ သၾကားအၾကမ္း တင္သြင္းေသာ ႏိုင္ငံအနည္းငယ္သာ ရွိၿပီး ထုတ္လုပ္သည့္ သၾကားအမ်ားစုကို ယခုအခါ ျပည္တြင္း၌သာ သုံးစြဲသည္။

ျပည္တြင္းသၾကား ကုန္ထုတ္လုပ္ငန္းက႑ကို ျပန္လည္လန္းဆန္းေစရန္အတြက္မွာ သၾကား စက္႐ုံမ်ားကို အဆင့္ျမႇင့္တင္ေပးရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳရမည္ျဖစ္သည့္အျပင္ ႀကံစိုက္ေတာင္သူမ်ားအတြက္ အရည္အေသြး ပိုျမင့္မားသည့္ ႀကံမ်ိဳးေကာင္းမ်ား လိုအပ္သည္။

သန႔္စင္ၿပီး သၾကား လိုအပ္ခ်က္ကို ျဖည့္တင္းရန္ ျပည္တြင္း စားေသာက္ကုန္လုပ္ငန္းမ်ားအား ျပည္ပမွ တင္သြင္းရန္ ခြင့္ျပဳထားသည္။ ထိုင္းႏိုင္ငံထံမွ သန႔္စင္ၿပီး သၾကား တန္ခ်ိန္ တစ္ေသာင္း ဝန္းက်င္ တင္သြင္းသည္။
တ႐ုတ္ႏွင့္ ကုန္သြယ္ေရးတြင္ ျမန္မာသၾကားအေပၚ သြင္းကုန္ခြန္ ၈၅ ရာခိုင္ႏႈန္း သို႔ တိုးျမႇင့္ သတ္မွတ္ထားၿပီး တရားမဝင္တင္သြင္းမႈမ်ားကို အေရးယူမွာ ၂၀၁၇ ခုႏွစ္ကတည္းက ျဖစ္သည္။ ထိုႏွစ္ခ်က္ေၾကာင့္ တ႐ုတ္သို႔ သၾကားစီးဆင္းမႈမ်ား ေလ်ာ့က်သြားၿပီး ယခုအခါ သၾကားအၾကမ္းမ်ား ပိုလွ်ံေနသည္။
တ႐ုတ္သို႔ သၾကားတင္ပို႔မည္ဆိုပါက ပမာဏအတိအက်ကို တင္သြင္းခြင့္ ရယူရန္လိုအပ္ၿပီး တ႐ုတ္ႏိုင္ငံမွ ခ်မွတ္ထားေသာ လုပ္ထုံးလုပ္နည္းမ်ားကို လိုက္နာဖို႔လည္း လိုအပ္သည္။ ထို႔ေၾကာင္း ၿပီးခဲ့သည့္ ႏွစ္ႏွစ္တာအတြင္း သၾကားအၾကမ္း တင္ပို႔မႈမ်ား သိသိသာသာ ေလ်ာ့က်သြားခဲ့ၿပီး လတ္တေလာတြင္ တင္ပို႔မႈမ်ား ရပ္ဆိုင္းေနၿပီ ျဖစ္သည္။

သၾကားအၾကမ္း ေဈးကြက္ေပ်ာက္ေနသျဖင့္ ႀကံစိုက္ေတာင္သူတို႔ ႀကံစိုက္ပ်ိဳးမႈ ေလ်ာ့က်မည္ ျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ သိသိသာသာ ေလ်ာ့နည္းမည္ ျဖစ္သည္။

ျပည္တြင္းမွာ သၾကားစက္႐ုံ ၂၉ ခု ရွိေနၿပီး ႏွစ္ခုမွာ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းမွ ပိုင္ဆိုင္လုပ္ကိုင္ေနၿပီး တစ္ခုမွာ ထိုင္းကုမၸဏီတစ္ခုမွ လုပ္ကိုင္လ်က္ ရွိရာ ထိုစက္႐ုံမ်ားသာလွ်င္ သန႔္စင္ၿပီးသၾကားကို ထုတ္လုပ္ၾကသည္။

New Strait Times

 

Read times Last modified on Tuesday, 09 June 2020 13:37
Rate this item
(0 votes)