Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုန်ဟင်းခါးကို မြန်မာမူပိုင်ဖြစ်စေရန် ဆောင်ရွက်မည်

မုန့်ဟင်းခါးကို မြန်မာ့အစားအစာအဖြစ် မူပိုင်ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း Myanmar Restaurant Association မှ သိရပါတယ်။

 

တုန်ယမ်းဆိုသည်နှင့် ထိုင်းအစားအစာဟု နိုင်ငံကိုပါ ပူးတွဲသိလာသကဲ့သို့ မုန့်ဟင်းခါးဆိုလျှင် မြန်မာနိုင်ငံမှ အစားအစာဖြစ်သည်ဟု မုန့်ဟင်းခါးနှင့်နိုင်ငံကို ပူးတွဲသိစေရန် နိုင်ငံတကာ ခရီးသွားပြပွဲများ တွင် ပြသမိတ်ဆက်နေကြောင်း Myanmar Restaurant Association မှ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌဒေါ်တင်မာမြင့်က ပြောကြားခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံရဲ့  မူပိုင်းအစားအစာအတွက် ခြေလှမ်းကစကာစပဲရှိသေးတယ်။ မုန့်ဟင်းခါးဆိုရင် မြန်မာပြည်မှာရှိတဲ့ဒေသမျိုးစုံမှာ ရှိတယ်။ မော်လမြိုင်မုန့်ဟင်းခါး၊ ထားဝယ်မုန့်ဟင်းခါး၊ ဧရာဝတီတိုင်းက မုန့်ဟင်းခါးလည်းရှိတယ်။ ဒီတော့ မုန့်ဟင်းခါးက မြန်မာလူမျိုးရဲ့  အဓိကနေရာဒေသသာ ကွဲသွားတယ်။ လူတိုင်းရဲ့  ကြိုက်နှစ်သက်တာမျိုးဖြစ်လို့ မုန့်ဟင်းခါးကို အဓိကထားပြီး မူပိုင်ခွင့်ရအောင် လုပ်နေပါတယ်ဟု ပြောကြားခဲ့ပါတယ်။

 

 

မုန့်ဟင်းခါးကို မူပိုင်အစားအစာအဖြစ် အဓိကထားဆောင်ရွက်မည့်အပြင် လက်ဖက်သုပ်၊ ရွှေတောင်၊ နန်းကြီးသုပ် စသည့်တို့သည်လည်း မြန်မာနိုင်ငံ၏ မူပိုင်အစားအစာများဖြစ်သည့်အတွက် Tourism Promotion များတွင် သွားရောက်ပြသနေပြီး သနပ်ခါးကိုလည်း ထည့်သွင်းပြသနေကြောင်း သိရပါတယ်။

 

 

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြန်မာ့အစားအစာကို ထည့်သွင်းမိတ်ဆက်ပြသသည့်အချိန်မှာ တိုတောင်းနေသေးသလို နိုင်ငံတော်၏ ပံ့ပိုးမှုများစွာ လိုအပ်နေသေးသဖြင့် မူပိုင်များဖြစ်လာရန် အချိန်တစ်ခုလိုသေးကြောင်း Myanmar Restaurant Association မှ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါတယ်။

 

 

လက်ရှိတွင် ဂျပန်နိုင်ငံသား အများစုသည် မြန်မာ့ရွှေတောင်ခေါက်ဆွဲကို ကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။

 

Source: Democracy

Read times
Rate this item
(0 votes)