Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗြိတိန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံသွားမည်

ဗြိတိန်နိုင်ငံအခြေစိုက် ရင်းနှီးမြုတ်နှံမှု ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင်အမျိုးအစားကောင်းမွန်သော နွားမွေးမြူခြင်းနှင့်

ထိုမှ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြာင်း၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ (MRCCI) အသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်ထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို ဗြိတိန်နိုင်ငံအခြေစိုက် ယူနိုက်တက်ဂရင်းInvestmant ကုမ္ပဏီမှ CDC,DFC,OFC,ADB တို့ရဲ့အကူအညီများဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်း ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နေသော ဥရောပ၊ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် နှစ်(၆၀)ကျော်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းအတွေ့အကြုံရှိသော ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းအတွက် British Chamber of Commerce (UK) မှ CEO Mr. Peter Crowhurst နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အဆိုပြုလုပ်ဆောင်မှုအတွက် (MRCCI) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ စီမံကိန်းအတွက် နိုင်ငံတော်အစိုးရအပါအဝင် မန္တလေးတိုင်းအတွင်းရှိ တပိုင်တစ်နိုင်မွေးမြူရေးသမားများပါ ပါဝင်လာစေရေးကို ဦးစားပေးတွေ့ဆုံဆွေးနွေးမှုများ ခဲ့ကြသည်။

ထို့အတူ ရည်မှန်းထားသောမွေးမြူရေးဧကများပြားလွန်းသဖြင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် နီးစပ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် ရှမ်းမန္တလေးနယ်စပ်များပါ ထည့်သွင်း ရေးကိုပါ ဆွေးနွေးခဲ့ပါကြောင်း ယင်းစီမံကိန်းမှ အသား၊ နို့နှင့်နို့ထွက်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းဈေးနူန်ုးချိုသာစွာနှင့် ရရှိစေပြီး ပြည်ပနိုင်ငံများသို့ အဓိကထားတင်ပို့ ဖြန့်ဖြူးရောင်းချ

သွားမည်ဖြစ်ကာ နောက်တဆင့်အနေဖြင့် အသား ထုတ်လုပ်မှုကို အိမ်နီးချင်းတရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချသွားမည့် အစီအစဉ်များလည်းပါဝင်ကြောင်း၊ ထိုသို့ထွက်ရှိလာသောထုတ်ကုန်များမှာ မြန်မာ့ထုတ်ကုန်များအဖြစ်ဖြင့် သာရောင်းချ တင်ပို့မှာ ဖြစ်လို့ အားပေးပါကြောင်း၊စီမံကိန်းပထမ အဆင့် တွင် နို့စားနွားကောင်ရေ နှစ်သောင်း စတင်မွေးမြူသွားမည်ဖြစ်ပြီး လိုအပ်မည့် အစာများအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းများ၊ အစာသယ်ယူပို့ဆောင်ရေးဆောင်ရွက်မည့် အခန်း ကဏ္ဏ အစီအစဉ်များလည်း ပါဝင်ကြောင်း၊

အလုပ်အကိုင်အခွင့်အလမ်းများစွာပေါ်ထွက်လာနိုင်ပါကြောင်း ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးကို တောင်အာဖရိကတွင်လည်းပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အလားတူ လုပ်ဆောင်မည့် စီမံကိန်းဖြစ်ကြောင်း၊ထို့ပြင် ပြည်တွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများ မထိခိုက်စေရေး နှင့် ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းစဉ်များ လည်းပါဝင်ကြောင်း၊ယင်းစီမံကိန်းအတွက် လက်ရှိတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံမှုများ

အဆက်မပြတ်ပြုလုပ်နေပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံတော်မှခွင့်ပြုချက်အသီးသီးရရှိပါက တိုင်းအတွင်းရှိမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ဖိတ်ခေါ်ချိတ်ဆက် ကူညီပေးမည်ဖြစ်ကြောင်း၊(MRCCI) အသင်း ဒုတိယဥက္ကဋ္ဌဦးမိုးကျော်ကျော်ကပြောကြားသည်။

ဒီစီမံကိန်းအတွက် မြေအမျိုးအစားမရွေး မြေဧကသောင်းဂဏန်းလောက်လိုအပ်တယ်လို့ သိရပါတယ်၊ တဆက်တစပ်တည်းမဟုတ်ပါဘူး၊ ဟိုနေရာမှာ ဧက(500)၊ဒီနေရာမှာဧက(500) စသည်ဖြင့် လုပ်ငန်း တစ်ခုလုံး အတွက်ပေါင်းလိုက်ရင် လိုအပ်တဲ့ဧက ရနိုင်ပါကြောင်းနှင့် နိုင်ငံတော်ကပေးနိုင်တဲ့ မြေနေရာ အနေအထားမှာလဲ ဧကသောင်းချီမရှိတဲ့အတွက်

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်း ပါဝင်လာမှ အဆင်ပြေမှာပါဟုအကြံပြုပြောကြား ထားကြောင်းနှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ရန်နှင့် နွားမွေးမြူရေးလုပ်ငန်းများအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ သန်း(၂၀၀) ခန့် ခန့်မှန်းထားပြီး ခေတ်သစ်ထုတ်လုပ်မှုလုပ်ငန်း အပြည့်အဝလည်ပတ်ချိန် တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၇၅၀ ကျော်ခန့် အလုပ်အကိုင်ရရှိနိုင်မည်ဖြစ်ကြောင်း (MRCCI) အသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော် ထံမှသိရသည်။

MOI

Read times
Rate this item
(0 votes)