Food & Livestock
စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် နောက်ဆုံးရ အခြေအနေနှင့် ခန့်မှန်းလမ်းကြောင်း(၁၈ မေ ညနေ)
၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၃၇၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ အနောက်တောင်ဘက် ရေမိုင် (၅၂၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ (Coco Island)၏ အနောက်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၅၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။
(ခ) စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
၂။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြန်မာ စံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၂၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၄၀)နှုန်း ဖြစ်ပါသည်။
နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
၃။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်- အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
၄။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန် ကြောင့် (၁၈.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။
အသိပေးနှိုးဆော်ချက်
၆။ အဆိုပါ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြ သော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေ များကို လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော် အပ်ပါသည်။
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ZAWGYI


စူပါဆိုင္ကလုန္းမုန္တိုင္းအမ္ဖန္ ေနာက္ဆုံးရ အေျခအေနႏွင့္ ခန္ံမွန္းလမ္းေၾကာင္း
===================================
၁။ (က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၈:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ စူပါဆိုင္ကလုန္းမုန္တိုင္း( Super Cyclonic Storm) အမ္ဖန္ (AMPHAN)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းသို႔ ေရာက္ရွိခဲ့ပါသည္။ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း(Super Cyclonic Storm) အမ္ဖန္ (AMPHAN)သည္ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (Paradip) (ဩရိႆ-Odisha)၏ ေတာင္ဘက္ ေရမိုင္ (၃၇၀)မိုင္ခန႔္၊ ဒီဂါၿမိဳ႕(Digha)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၄၅၀)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ကမ္ပူပါရာၿမိဳ႕ (Khepupara)၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၅၂၀)မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္း ၿမိဳ႕ (Coco Island)၏ အေနာက္ဘက္ ေရမိုင္ (၄၀၅)မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕ (Pathein)၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၁၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳ ေနပါသည္။
(ခ) စူပါဆိုင္ကလုန္းမုန္တိုင္း(Super Cyclonic Storm) အမ္ဖန္ (AMPHAN)၏ လက္ရွိအေျခ အေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါ ေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN) ၏ တည္ေနရာ၊ ဗဟိုခ်က္ ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
၂။ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN)သည္ ျမန္မာ စံေတာ္ခ်ိန္ (၁၈:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၄.၁)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၆.၄)ဒီဂရီ တြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၂၀)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၁၄၀)ႏႈန္း ျဖစ္ပါသည္။
ေနာက္(၇၂)နာရီအတြင္းခန္႔မွန္းခ်က္
၃။ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN)သည္ ေျမာက္- အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ၊ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္းေျခ ေဒသမ်ားကို ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။
မိုး႐ြာသြန္းမႈအေျခအေနခန႔္မွန္းခ်က္
၄။ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN) ၏ အရွိန္ ေၾကာင့္ (၁၈.၅.၂၀၂၀)မွ (၂၁.၅.၂၀၂၀)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ပါသည္။
ျမန္မာ့ပင္လယ္ျပင္အေျခအေနခန႔္မွန္းခ်က္
၅။ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ရွိႏိုင္ပါသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔ရွိနိင္ပါသည္။
အသိေပးႏႈိးေဆာ္ခ်က္
၆။ အဆိုပါ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN) ၏ အရွိန္ ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လႈိင္းႀကီးမည့္ အေျခအေနမ်ားကို ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး သြားလာေနၾက ေသာ ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္းေကာင္း၊ ဆိုး႐ြားသည့္ မိုးေလဝသအေျခအေန မ်ားကို ေလေၾကာင္းပ်ံသန္းေရးအေနျဖင့္လည္းေကာင္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပး ႏႈိးေဆာ္ အပ္ပါသည္။
(၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၁၈ ရက္) (ျမန္မာစံေတာ္ခ်ိန္(၁၉:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)



