Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီတင်သွင်းခွင့်တောင်းဆိုလာရင် ခွင့်ပြုဖို့စီစဉ်

လက်ရှိပြည်တွင်းကြက်သွန်နီဈေးတွေ မြင့်တက်နေချိန်မှာ ပြည်ပကြက်သွန်နီတွေ

တင်သွင်းခွင့်ပြုဖို့ တောင်းဆိုလာရင်ခွင့်ပြုဖို့ စီစဉ်မယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က အခုချိန်အထိတော့အသင်း ဘက်က ဘာမှပြောတာမရှိသေးဘူး၊ သူတို့ဘက်ကတောင်းဆိုလာရင်တော့ ခွင့်ပြုပေးဖို့ စီစဉ်ရမှာပေါ့၊

လက်ရှိအချိန်အထိတော့ ဘာမှတောင်းဆိုတာမရှိသေးဘူးလို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က အခုလိုပြည်တွင်းကြက်သွန်နီဈေးတွေမြင့်တက်နေချိန်မှာ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သုံး သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ တောင်းဆိုချက်အရ ပြည်ပကနေ ကြက်သွန်နီတင်သွင်းခွင့်ကိုခွင့်ပြုပေးခဲ့ပါတယ်။

 

လက်ရှိမှာတော့ ပြည်တွင်းမှာကြက်သွန်နီဈေးတွေ မြင့်တက်နေပေမဲ့ ပြည်ပကနေ တရားဝင်တင်သွင်းခွင့်ကိုခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။

 

ဒီနှစ် ပြည်တွင်းကြက်သွန်နီဈေးတွေဟာ ပြီးခဲ့တဲ့လပိုင်းလောက်က ပြည်တွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီးမကြာခင်မှာထွက်ရှိမယ့် မိုကြက်သွန်နီစိုက်ခင်းအချို့ ရေနစ်မြုပ်ခဲ့တာကြောင့် သည်လထဲမှာဈေးတွေပိုမိုမြင့် တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ပျော်ဘွယ်မြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးအေးဆွေက ဒီထက်တက်မယ်လို့တော့မထင်တော့ဘူး၊ ဘာလို့လဲဆိုတော့ အခု အပြင် လက်လီဈေးက ၃၀ဝ၀ နီးပါးဖြစ်နေပြီ၊ ဒီထက်တော့မတက်နိုင်တော့ဘူးထင်တာပဲ၊ ဒါပေမဲ့ လှောင်ကြက်သွန် တွေကတော့မရှိသလောက်ဖြစ်နေပြီ၊ အခုလဲ တရုတ်ကြက်သွန်နီတွေကတော့ တရားဝင်မဟုတ်ပေမဲ့ အနည်းနဲ့ အများတော့ ဈေးကွက်ထဲရောက်နေတာပဲလို့ ပြောပါတယ်။

 


လက်ရှိ ကြက်သွန်နီဈေးဟာ လက်ကားဈေး ရှယ်တစ်ပိဿာကို ကျပ် ၂၇၀ဝ ခန့်ရှိပြီး တရုတ်ကြက်သွန်နီ ဈေးတွေကတော့ တစ်
ပိဿာ ကို ကျပ် ၁၆၀ဝ ဝန်းကျင်မှာရှိနေပြီဖြစ်ပါတယ်။

 

အခုလိုဈေးတွေမြင့်တက်နေပေမဲ့လည်း ဝယ်လက်အနေနဲ့ကတော့ ယခုရက်ပိုင်းမှာ အေးနေဆဲဖြစ်တယ်လို့လည်း ဘုရင့်နောင် ဈေးကွက်မှသိရပါတယ်။

 

ပြည်တွင်း ကြက်သွန်နီတွေ အခုရက်ပိုင်းဘုရင့်နောင်ဈေးကွက်မှာ ၁၂ ဘီးကားအစီးရေ ၂၀ ကျော် ပုံမှန်ဝင်ရောက်နေပါတယ်။

 

Source: Kumudra

Read 908 times Last modified on Tuesday, 18 September 2018 15:39
Rate this item
(0 votes)