Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ မှာယူထားသည့် စားအုန်းဆီများ မကြာမီရက်ပိုင်းအတွင်း အဆက်မပြတ် ဝင်ရောက်လာမည်

Unicode >>>>>

ပြည်ပမှ မှာယူထားသည့် စားအုန်းဆီများ မကြာမီရက်ပိုင်းအတွင်း အဆက်မပြတ် ဝင်ရောက်လာမည်


မြန်မာနိုင်ငံတွင် စားသုံးရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ မှာယူထားသည့် စားအုန်းဆီသဘောၤများ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာတော့မည်ဟု ကြားသိရသဖြင့် ပြည်တွင်းတွင် စားအုန်းဆီ ပြတ်လပ်မှုမရှိနိုင်ဟု ယူဆကြောင်း မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ပြောကြားသည်။


"လက်ရှိအချိန်မှာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက မှာယူထားတဲ့ စားအုန်းဆီတွေ ရန်ကုန်ဆိပ်ကမ်းကို ဝင်ရောက်ဖို့ အများကြီးရှိနေတယ်။ ဒါကြောင့် ပြည်တွင်းမှာ အခြေခံလူတန်းစား အများဆုံးစားသုံးနေတဲ့ စားအုန်းဆီတွေ ပြတ်လပ်သွားနိုင်စရာ မရှိဘူးလို့ ယူဆတဲ့အတွက် စိုးရိမ်မှုတွေ လွန်ကဲပြီး ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုလိုကာလမှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆီစက်ပိုင်ရှင်အချို့ကလည်း ဒီနေ့မှာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဆီဈေးတွေ တက်ပြီးမရောင်းပါဘူးလို့ ကြေညာနေတာတွေလည်း တွေ့နေရပါတယ်" ဟု ၎င်းက ပြောသည်။


Coffee Manufacturers & Dealers ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်များ (၁၀၂) ကိုရှာရန်နှိပ်ပါ။


လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်းသို့ စားအုန်းဆီတင်သွင်းနေသည့် မလေးရှားနိုင်ငံမှ ၎င်းတို့ နိုင်ငံအတွင်းသို့ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုများ ရပ်တန့်ခဲ့သည်ဟု ကြားသိရသဖြင့် ၎င်းအခြေအနေတွင် ပြည်တွင်း၌ အသုံးပြုနေသည့် စားအုန်းဆီအတွက် အခက်အခဲမရှိစေရန် အင်ဒိုနီးရှားနိုင်ငံမှလည်း ဝယ်ယူနိုင်ကြောင်း မန္တလေးခရိုင် ဆီစက်လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးသန်းလွင်က ပြောသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း ယနေ့အချိန်အထိ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီတင်သဘောၤများ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလျက်ရှိပြီး စဉ်ဆက်မပြတ် ဆက်လက်ဝင်ရောက်လာစေရေးအတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုအချိန်အခါမျိုးတွင် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေမည့် သတင်းအမှားများ၊ စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသည့် သတင်းအမှားများ ဖော်ပြခြင်းကို အထူးသတိထား ရှောင်ကြဉ်ကြရန်၊ စားသုံးသူပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်သည့် စိတ်ဖြင့် စားသုံးဆီများ အလွန်အကျွံဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန်၊ စားသုံးဆီ ရောင်းဝယ်ဖောက်ကားသူများအနေဖြင့်လည်း သင့်တင့်မျှတသည့် စားသုံးဆီဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ အသိပေးကြေညာထားကြောင်း သိရသည်။


Read More >>>>>  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရန် foodpanda မှ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ထုံးများကို ဦးစားပေးလုပ်ဆောင်သွားမည်


Source: The Mirror

 

Home Page Food

 

Zawgyi >>>>>

 


 

မြန်မာနိုင်ငံတွင် စားသုံးရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ မှာယူထားသည့် စားအုန်းဆီသဘောင်္များ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာတော့မည်ဟု ကြားသိရသဖြင့် ပြည်တွင်းတွင် စားအုန်းဆီ ပြတ်လပ်မှုမရှိနိုင်ဟု ယူဆကြောင်း မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ပြောကြားသည်။

 


 


 


 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း ယနေ့အချိန်အထိ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီတင်သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလျက်ရှိပြီး စဉ်ဆက်မပြတ် ဆက်လက်ဝင်ရောက်လာစေရေးအတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုအချိန်အခါမျိုးတွင် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေမည့် သတင်းအမှားများ၊ စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသည့် သတင်းအမှားများ ဖော်ပြခြင်းကို အထူးသတိထား ရှောင်ကြဉ်ကြရန်၊ စားသုံးသူပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်သည့် စိတ်ဖြင့် စားသုံးဆီများ အလွန်အကျွံဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန်၊ စားသုံးဆီ ရောင်းဝယ်ဖောက်ကားသူများအနေဖြင့်လည်း သင့်တင့်မျှတသည့် စားသုံးဆီဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ အသိပေးကြေညာထားကြောင်း သိရသည်။

 


 

Source: The Mirror

 

Read times Last modified on Thursday, 26 March 2020 08:27
Rate this item
(0 votes)