Food & Livestock



ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင် မြင့်တက်ခဲ့

ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင် မြင့်တက်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဆန်တန်ချိန် ၈.၃ သန်း တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံ ရရှိခဲ့သည်။ တန်ချိန်နှင့် တန်ဖိုး ၂ မျိုးစလုံး စံချိန်သစ် တင်သည်။ 

 

 ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ဆန်ထွက်ရှိမှုသည် တန်ချိန် ၄၃ ဒသမ ၅ သန်းအထိ ၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်ဆန် တင်ပို့မှုတို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့‌ေကြာင်း၊ ပြည်ပပို့ကုန်ဆန်များ ဝယ်လိုအား များပြားသဖြင့် ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ပျမ်းမျှအားဖြင့် တတန်လျှင် US$663 ရရှိခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ပြောကြားသည်။

 

ကမ္ဘာ့ဆန်ဈေးကွက်ထဲ ဆန် ရရှိနိုင်မှု နည်းနေသေးခြင်းကြောင့် ၂၀၂၄ ခုနှစ်မှာ  ဗီယက်နမ်ဆန် ပြည်ပမှ ဝယ်လိုအား ဆက်လက်မြင့်မားနေဦးမည်ဖြစ်ပြီး အထူးသဖြင့် ဖိလစ်ပိုင်နှင့် တရုတ်တို့ အဓိအားဖြင့် ဝယ်ယူကြမည်ဟု ဗီယက်နမ်မှ ဆန်တင်ပို့သူများက ပြောကြားပါသည်။

Source Bernama, VNA


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 09 January 2024 13:15
Rate this item
(0 votes)