Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဖရိကဝက် အပြင်းဖျားရောဂါကြောင့် အာရှတွင် ဝက်ကောင်ရေ သန်းချီ သုတ်သင်နေရ

အာဖရိကဝက် အပြင်းဖျားရောဂါဖြစ်စေသည့် အာဖရိကအဖျားပိုး ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တရုတ်၊ ဗီယက်နမ်အပါအဝင် အာရှနိုင်ငံ အများအပြားတွင် ဝက်ကောင်ရေ သန်းချီကာ သုတ်သင်ရှင်းလင်းရလျက်ရှိကြောင်း သိရသည်။


 လာအိုသို့လည်း အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က ထုတ်ပြန်ကြေညာထားပြီး ယခုနှစ် အာဖရိကဝက် အပြင်းဖျားရောဂါသည် သမိုင်းတစ်လျှောက် အကျယ်ပြန့်ဆုံးဖြစ်ပွားမှုဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

 

ပြီးခဲ့သည့်နှစ် သြဂုတ်က တရုတ်တွင် ဝက်အာဖရိကဝက် အပြင်းဖျားရောဂါ စတင်ဖြစ်ပွားချိန်က စတင်ပြီး လက်ရှိအချိန်ထိ ဝက်ကောင်ရေ ၃ ဒသမ ၇ သန်းကို သုတ်သင်ပြီးဖြစ်ကြောင်း အက်ဖ်အေအိုက ပြောသည်။

 

ဗီယက်နမ်သည် အထိအနာဆုံးဖြစ်ပြီး ဝက်ကောင်ရေ ၂ ဒသမ ၆ သန်းကို သုတ်သင်ခဲ့ရသည်။

 

Read More >>>>>    ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

 

တရုတ်တွင်လည်း ဝက်ကောင်ရေ ၁ ဒသမ ၁ သန်းကို သုတ်သင်ပြီးဖြစ်သည်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယားတို့လည်း ဝက်အာဖရိကဝက် အပြင်းဖျားရောဂါ အသေးစား ပျံ့ပွားမှုများ ရှိခဲ့ကြောင်း အက်ဖ်အေအိုက ပြောသည်။

 

အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားစေသည့် အာဖရိကအဖျားပိုးသည် ဝက်များတွင် ကူးစက်အလွန်မြန်သလို၊ သေဆုံးမှုလည်း အလွန်မြင့်သည့်တိုင် လူသားများအတွက် အန္တရာယ်ရှိသော ရောဂါပိုးမဟုတ်ကြောင်း သိရသည်။

 

ကမ္ဘာ့အဓိက ဝက်သားတင်ပို့သူ ဈေးကွက်နိုင်ငံ ဗီယက်နမ်နှင့် တရုတ်တို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါကြောင့် ပို့ကုန်များ ထိန်းချုပ်လိုက်ရသလို၊ ဝက်သန်းချီ သုတ်သင်လိုက်ရမှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဝက်သားပြတ်လပ်ကာ ဈေးနှုန်း ၄၀ ရာခိုင်နှုန်းထိ မြင့်တက်လျက်ရှိသည်။

 

တရုတ်တွင် ပြည်နယ် ၃၄ ခုနှစ်အနက် ၂ ခုမှလွဲပြီး ကျန်ပြည်နယ်များတွင် အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားမှု ၁၃၉ ခု ရှိခဲ့သည်။

 

ယခုနှစ် တရုတ် ဝက်သားထုတ်လုပ်မှုသည်လည်း ၃၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု သိရသည်။

 

ဝက်သားကို အဓိကထား စားသုံးသော တောင်ကိုရီးယားတွင်လည်း ဝက်ကောင်ရေ ၁၁ သန်းကျော် ရှိနေသော အသားထုတ်လုပ်ရေး လုပ်ငန်းတွင် အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားလာပါက စီးပွားသိသိသာသာ ထိခိုက်လာမည်ကို စိုးရိမ်လျက်ရှိနေသည်။

 

Source: Myanmar Time

Read times Last modified on Tuesday, 25 June 2019 09:19
Rate this item
(1 Vote)