Food & Livestock
အာရှရှိ အသားစက်ရုံများ Covid-19 ဖြစ်ပွားမှု ကင်းစင်
မြောက်အမေရိကနှင့်ဥရောပရှိ အချို့ဒေသများတွင် အသားထုတ်လုပ်သည့် ကဏ္ဍတွင်
လုပ်ကိုင်နေကြသူများအကြား ကိုဗစ်ကူးစက်မှုများ ကြီးကြီးမားမား ဖြစ်ပွားခဲ့သော်လည်း ယင်းနှင့်မတူသည့်အချက်မှာ အာရှ၏ အသားနှင့် ပင်လယ်စာ လုပ်ငန်းများတွင် coronavirus အကြီးအကျယ် ကူးစက် ဖြစ်ပွားမှု မရှိသေးခြင်း ဖြစ်သည်။
အချို့သောကုမ္ပဏီများက အစောပိုင်းကြိုတင်ကာကွယ်ရေးအစီအမံများ ပြုခဲ့ကြခြင်းသည်အရေးပါသည်ဟု ယုံကြည်ကြသည်။
ဇန်နဝါရီလတွင် စင်ကာပူတွင် လူချင်း ခပ်ခွာခွာနေခြင်း social distancing မစတင်ခင်မှာကတည်းက ကြက်မွေးမြူရေးကုမ္ပဏီ Kee Song သည် Covid-19 အတွက် တပ်လှန့်ပြီး စီးပွားရေး စဉ်ဆက်မပြတ်ရေးအစီအစဉ်များ အပြည့်အစုံ ဆောင်ရွက်နေကြပြီ ဖြစ်သည်။
စင်ကာပူရှိ ၎င်း၏ သားသတ်ရုံနှင့် ကြက်မွေးမြူရေး စက်ရုံတွင် အလုပ်သမား ၂၅၀ ကို အဖွဲ့ ၃ ဖွဲ့ ခွဲ၍ စတင်ခဲ့ပြီး လူချင်း ခပ်ခွာခွာနေခြင်း အစီအမံများကို စတင်ကျင့်သုံးခဲ့သည်။
အဆောက်အ ဦး ၏ ပထမနှင့် ဒုတိယ အထပ်ရှိ ဝန်ထမ်းများ တစ် ဦးနှင့်တစ်ဦး အထိအတွေ့ မရှိစေခြင်းနှင့် အိမ်မှအလုပ်လုပ်နိုင်သူများကို စတင်လုပ်ကိုင်စေခဲ့သည်။
သားသတ်ရုံနှင့် အသားပြုပြင်ထုတ်လုပ်သည့် စက်ရုံတွင် အကာအကွယ်ဝတ်ရုံများနှင့် မတ်စ်များ ၀တ်ဆင်ထားခြင်း၊ လက်နှင့် ဖိနပ်များကို ပိုးသတ်ခြင်းများကို ပုံမှန်လုပ်ထုံးလုပ်နည်းများအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်ဟု Kee Song Food Corporation (Singapore) ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကြီးအကဲ ဂျိမ်းစ်က ပြောကြားသည်။
စင်ကာပူစျေးကွက်သို့ နေ့စဉ်ကြက် ၄၀,၀၀၀ တင်ပို့နေသည့်ကုမ္ပဏီသည် Covid-19 ကာကွယ်ရေးကို တိုးမြှင့်လိုက်သည်။ သားသတ်ရုံ နှင့်အသားပြုပြင်ထုတ်လုပ်ရေး လုပ်သားများသည် သူတို့၏ မတ်စ်များကို မကြာခဏပြောင်းလဲကြရပြီး လူချင်းလည်း ပို၍ ခပ်ခွာခွာ နေကြရသည်။ အရောင်းနှင့် logistics ထောက်ပံ့ပို့ဆောင်ရေး ၀ န်ထမ်းများသည် မတ်စ်များကိုစတင်ဝတ်ဆင်ခဲ့ကြသည်။ အလားတူ အစီအမံများသည် မလေးရှားရှိ Kee Song ၏ သားဖောက်ခြင်း၊ မွေးမြူရေးနှင့် မျိုးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် ၎င်း၏အသားစက်ရုံတွင်လည်း ကျင့်သုံးစေခဲ့သည်။
စင်ကာပူရှိ စက်ရုံများမှ အလုပ်သမားများသည် ထိုင်း၊ မြန်မာ၊ မလေးရှားနှင့် စင်ကာပူစသည့် နိုင်ငံများမှ လာကြသူများ ဖြစ်ပေရာ ကုမ္ပဏီအနေဖြင့် ကြိုကြိုတင်တင် မည်သို့ကာကွယ်ရမည်နှင့် ပတ်သက်၍ အမျိုးမျိုးသော မိခင်ဘာသာစကားများဖြင့် စောစောစီးစီး ကတည်းက အကြံဉာဏ်များ ပေးခဲ့သည်။ ယခုအချိန်ထိ မည်သည့်အလုပ်သမားမှ Covid-19 ကို မတွေ့ရှိရသေးပါ။
Sim က“ သူတို့အိမ်က အိမ်ဖော်တွေ၊ တိုက်ခန်းမှ အတူနေကြသူတွေမှာလည်း ကိုဗစ် ကင်းကြပါတယ်" ဟု ပြောသည်။
ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို အစောပိုင်းထုတ်ပြန်လိုက်ခြင်းသည် Kee Song သည် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ကင်းကင်းဖြင့် လုပ်ကိုင်နိုင်စေခဲ့သည်ဟု သူက ယုံကြည်သည်။
Coronavirus ဖြစ်ပွားမှုသည် မြောက်အမေရိကနှင့်အချို့သောဥရောပနိုင်ငံများရှိ နွားသတ်ရုံများနှင့်အသားစက်ရုံများကို ရိုက်ခတ်ခဲ့ပြီး၊ စက်မှုလုပ်ငန်းရှိ အလုပ်သမားများအကြား ကူးစက်ပျံ့နှံ့မှုကြောင့် စက်ရုံများ ပိတ်ထားခဲ့ကြရသည်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများအရ ပြည်နယ် ၁၉ ခုရှိ အသားနှင့် ကြက်မွေးမြူရေးလုပ်ငန်းဌာန ၁၁၅ ခုတွင် coronavirus ရောဂါ ဖြစ်ပွားမှုကို ဖော်ပြခဲ့သည်။ ထိုအဆောက်အ ဦ များမှ အလုပ်သမား ၁၃၀,၀၀၀ ခန့်အနက် ဧပြီလကုန်အထိ လူနာ ၄၉၁၃ ဦးနှင့်သေဆုံးမှု ၂၀ ဦး ရှိခဲ့သည်။
အာရှနိုင်ငံများစွာ၏ အခြေအနေသည် အနောက်တိုင်းနှင့် မတူဘဲ ကွဲပြားခြားနားသည်။ အသားနှင့် ပင်လယ်အစားအစာလုပ်ငန်းများတွင် အဓိကဖြစ်ပွားမှုများ မတွေ့ရပါ။
ယခုအချိန်အထိ ၎င်းတို့၏ အာရှအသားငါးနှင့် ပင်လယ်စာ စက်ရုံများတွင် Covid-19 ဖြစ်ပွားမှုမရှိကြောင်း ကုမ္ပဏီများက အတည်ပြုခဲ့သည်။
တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်တို့တွင် ကြက်မွေးမြူရေးလုပ်ငန်း ၁၂ ခု ပါ၀င်သည့် Cargill က Eco-Business သို့ ပြောကြားရာတွင် Covid-19 ဖြစ်ပွားမှုသည် အာရှရှိ အသားစက်ရုံများတွင် မရှိကြောင်း ပြောကြားခဲ့သည်။
အာရှရှိ ၎င်း၏ အသားစက်ရုံများ အားလုံးသည် လက်ရှိတွင် လည်ပတ်နေပြီး ယေဘုယျအားဖြင့်ကိုဗစ်ကြောင့် ထိခိုက်မှု အနည်းဆုံး ဖြစ်နေစေသည်။ “စိန်ခေါ်မှုတွေက အဓိကအားဖြင့်ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ လူတွေကို အလုပ်လာအောင် လုပ်တာ၊ အလုပ်မှာရော နေ့စဉ်ဘ၀မှာပါ လူတွေကို ဘေးကင်းလုံခြုံအောင် ထားဖို့ပဲ။ ယခုအချိန်အထိ ကျွန်တော်တို့ရဲ့ စက်ရုံများနဲ့တကွ အာရှရှိ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှုများနဲ့ ပတ်သက်လို့ အဓိကပြတ်တောက်မှု မရှိသေးပါဘူး" ဟု ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။
Cargill သည် ကနေဒါနိုင်ငံရှိ ၎င်း၏ အသားထုပ်ပိုးစက်ရုံတစ်ခုတွင်အလုပ်သမားနှစ် ဦး ၏ အသက်ကို ဆုံးရှုံးစေခဲ့ သည့် ဗိုင်းရပ်စ် ကူးစက်မှုကို ကြုံခဲ့ရသည်။
Cargill ၌ ကြက်မွေးမြူရေးစက်ရုံများအပြင် အာရှတိုက်ရှိ အစာစက်ရုံ ၃ ခု၊ သားဖေါက်ခြင်းနှင့်မျိုးပွားခြင်း၊ အသားစားကြက်မွေးမြူရေးခြံများရှိပြီး လူပေါင်း ၂၀၀၀၀ ဦး နီးပါးကို အလုပ်ခန့်ထားရာ၌ စက်ရုံများတွင် လုပ်ကိုင်နေသည်မှာ ၁၆ ၀၀၀ ဦး ရှိသည်။
Cargill ၏ အာရှတိုက်တွင် ရှိသော လုပ်ငန်းများတွင် တင်းကျပ်သော အပူချိန်စစ်ဆေးခြင်း၊ ၀န်ထမ်းများအား အချိန်မီ သင်တန်းပေးခြင်း၊ ဘေးကင်းလုံခြုံရေး ကြိုတင်ကာကွယ်မှုများ၊ အခြားအစီအမံများမှာ ( စားသောက်ခန်းမများနှင့် အ၀တ်လဲခန်းများ အပါအ၀င် ) လူချင်းခပ်ခွာခွာ နေကြခြင်း၊ စက်ရုံထဲ ပုံမှန် ပိုးသတ်ခြင်းများ ဆောင်ရွက်သည်။
ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အဓိက ပင်လယ်စာပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၇ ခုရှိသည့် ထိုင်းပင်လယ်စာကုမ္ပဏီ Thai Union သည် Covid-19 ဖြစ်ပွားမှုကို အာရှရှိ ၎င်း၏ စက်ရုံများတွင် မတွေ့ရသေးပါ။ ၎င်း၏ တိုးမြှင့်ထားသော Covid-19 အစီအမံများတွင် အပူချိန်စစ်ဆေးခြင်း၊ လက်သန့်ရှင်းရေးအတွက် အရက်ပျံများပေးခြင်း၊ လူမှုရေး ဝေးကွာခြင်း၊ သန့်ရှင်းမှုနှင့် သန့်ရှင်းရေးလုပ်ထုံးလုပ်နည်းများ ပါဝင်သည်။
"ကျွန်တော်တို့ရဲ့ ၀ န်ထမ်းတွေဟာသူတို့ရဲ့အလုပ်ခွင်မှာ လုံခြုံမှုရှိပြီး ဘေးကင်းတယ်လို့ ခံစားရဖို့အရေးကြီးတယ်" ဟုပြောရေးဆိုခွင့်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ Thai Union တွင်အာရှ၌ ပင်လယ်စာပြုပြင်ထုတ်လုပ်သည့်စက်ရုံလုပ်သား ၃၅၀၀၀ ခန့်ရှိပြီး ဒေသတွင်းရှိ Covid-19 ကြောင့် ထောက်ပံ့ရေးကွင်းဆက် အခက်အခဲများ မကြုံတွေ့ရသေးပါ။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) မှ စားနပ်ရိက္ခာဖူလုံမှုနှင့်အာဟာရဆိုင်ရာအကြီးတန်းအရာရှိ Sridhar Dharmapuri က လုပ်ဖော်ကိုင်ဖက်များအကြား အစားအစာလုပ်ငန်းများသည် လူချင်း ခပ်ခွာခွာနေကြခြင်း အနည်းဆုံးတစ်မီတာကို ထိန်းသိမ်းရန်အကြံပြုခဲ့သည်။
၀န်ထမ်းများကို အဖွဲ့များ ခွဲပြီး အဆိုင်းများ သတ်မှတ်ကာ လုပ်ကိုင်စေခြင်း၊ အလုပ်တက်ဆင်း တစ်ချိန်တည်း အတူတူ မဖြစ်စေဘဲ ဆင်းချိန်တက်ချိန်များ ခွဲခြား သတ်မှတ်ပေးထားခြင်း၊ လိုင်းတွင် တန်းစီ လုပ်ကိုင်ကြရာ၌ လူချင်း ချဲထားပေးပြီး လုပ်ငန်းလိုင်းများတွင် ဓားလွယ်ခုတ် အနေအထားဖြင့် တစ်ဖက်တစ်ချက်စီတွင် နေရာယူစေခြင်းတို့ကို ပြုလုပ်နိုင်သည်။
၎င်းတို့သည်တစ်ခါသုံး လက်အိတ်များ၊ ဆံပင်အဖုံးများ၊ မတ်စ်များ ရရှိနေရမည်။ ၎င်းတို့ကို သန့်ရှင်းသော ဝတ်ရုံများ၊ ဖိနပ်များကဲ့သို့သော တစ်ကိုယ်ရေ အကာအကွယ်ပေးသည့်ပစ္စည်းများကိုလည်း ပေးအပ်ရမည်။ တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ထားပါက အလုပ်သမားများအကြား အကွာအဝေးကို လျှော့ချရန်ဖြစ်နိုင်ကြောင်း Sridhar က ပြောကြားခဲ့သည်။
ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အသားအလုပ်သမားများ၏ လုံခြုံမှုကို သေချာစေရန်ကုမ္ပဏီများသည် ၀ န်ထမ်းများအကြားတွင် မကြာခဏ Covid-19 စစ်ဆေးမှုများ ပြုလုပ်နိုင်သည်ဟု ၎င်းက ပြောကြားသည်။
အမှန်စင်စစ် အာရှသားအသားကုမ္ပဏီများအပေါ် ပိုမိုကြီးမားသော Covid-19 ၏ အကျိုးသက်ရောက်မှုမှာ အလုပ်အကိုင်နှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများဆုံးရှုံးခြင်းတို့ကြောင့်သုံးစွဲငွေအင်အားနည်းပါးသွားသော ဖောက်သည်များဖြစ်သည်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာနှင့်အိန္ဒိယတို့တွင် လုပ်ကိုင်နေသော အမျိုးမျိုးသော တိရိစ္ဆာန်ပရိုတိန်းကုမ္ပဏီဖြစ်သည့် စင်ကာပူနိုင်ငံမှ Japfa ကုမ္ပဏီအတွက်လည်းအလားတူ ဖြစ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးကြက်မွေးမြူထုတ်လုပ်သူများအနက် Japfa က ၎င်း၏ ၂၀၂၀ ပထမသုံးလပတ် ဘဏ္ဍာရေးအခြေအနေတွင် ပြောကြားခဲ့သည်မှာ “ ဤမကြုံစဖူးဖြစ်ပွားမှုက ၀ ယ်ယူနိုင်စွမ်းကို လျော့နည်းစေပြီး အကျိုးဆက်အားဖြင့် စားသုံးသူများ ၀ ယ်နိုင်စွမ်း ကျဆင်းသွားသည်။ အဓိကအားဖြင့် စျေးနှုန်းချိုသာသောပရိုတင်းဓာတ် အစားအစာဖြစ်သော ကြက်သားကို အဓိကထား စားသုံးကြသောကြောင့် ကိုဗစ်အကျိုးသက်ရောက်မှုသည် ၀ယ်လိုအားကို ယုတ်လျော့စေမည်မဟုတ်ဟု မျှော်လင့်ရပေသည်"
FAO မှ Sridhar က အချို့သောနိုင်ငံများ၊ အထူးသဖြင့် အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့တွင် ကြက်နှင့်ဝက်သားစားသုံးမှု သိသိသာသာကျဆင်းသွားပြီး အသားလုပ်ငန်းသည် ပြင်းထန်သောထိခိုက်မှုကိုကြုံရသည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် ၀ င်ငွေလျော့နည်းလာခြင်းကြောင့် ဝယ်လိုအား ကျဆင်းခြင်းသည် အကြောင်းတစ်ရပ် ဖြစ်သော်လည်း အသားမှတစ်ဆင့် ပျံ့နှံ့နေသည့်ဗိုင်းရပ်စ်နှင့် ပတ်သက်သည့်သတင်းမှားများလည်း ရှိနေသဖြင့် အသားရှောင်ခြင်းကြောင့် ဝယ်လိုအားကျသည်။
သူက လာမည့်လအနည်းငယ်အတွင်း ၀ယ်လိုအားပုံမှန်ဖြစ်လာမည်ဟု မျှော်လင့်သော်လည်းမွေးမြူရေးကဏ္ဍမှ အသေးစားလုပ်ငန်းရှင်များအပေါ် သက်ရောက်မှုကိုမူ အခြေအနေ အကဲ မဖြတ်ရသေးဟု ဆိုသည်။
zawgyi