Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြိတ်မြို့၌ ကွမ်းဖတ်ဖြင့် တစ်ခါသုံးခွက်နှင့် ပန်းကန်များ ထုတ်လုပ်လာ

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့၌  ကွမ်းသီးပင်မှ ရရှိသောအဖတ် (ဒေသအခေါ် ဘုတ်ဖတ်)များကို အသုံးပြု၍ တစ်ခါသုံးဟင်းခွက်နှင့်

ထမင်းပန်းကန်များကို တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချလျက် ရှိကြောင်း သိရသည်။

 

တစ်ခါသုံးဟင်းခွက်နှင့် ထမင်းပန်းကန်များကို မြိတ်မြို့ ကန်ဖျားနယ်မြေ ဘုရားငါးဆူ အရှေ့ရပ် မိဘမဲ့ဂေဟာလမ်းနေ ဦးသန်းဇော်ဦး၏ နေအိမ်၌ လုပ်ကိုင်လျက်ရှိသည်။

 

အဆိုပါတစ်ခါသုံး ဟင်းခွက်နှင့် ပန်းကန်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် ကွမ်းသီးပင်ဖတ် တစ်ရွက်လျှင် ၂၅ ကျပ်မှ ၃၅ ကျပ်အထိ ဈေးရှိကြောင်း၊ ဟင်းခွက်နှင့် ပန်းကန်ပြားများကို ပြုလုပ်ရာတွင် သန့်စင်အောင် ရေဆေးကြောရကြောင်း၊ ထို့ပြင် နေပူလှန်းပြီး ဘလောက်တုံးစက်ကြီးဖြင့်ဖိကာ အပူပေး၍ အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရသည်။

 

တစ်ခါသုံးဟင်းခွက်ကို  တစ်ရက်လျှင် ဟင်းခွက်၂၅ဝ နှင့် ၃ဝဝ ခန့် ထုတ်လုပ်နိုင်ပြီး တစ်ခွက်လျှင် ငွေကျပ် ၆ဝ ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊တောင်ကြီး၊ အင်းလေးအထိ ဖြန့်ချိပေးလျက် ရှိကြောင်း၊ ပန်းကန်ကို တစ်ရက် လျှင် ပန်းကန်ပြား ၂ဝဝ ချပ်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

 

Source: Myawady

Read times Last modified on Wednesday, 02 January 2019 18:00
Rate this item
(1 Vote)