Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်တွင် ဘီယာရာသီ မဟုတ်သော်လည်း ကုန်ဈေးနှုန်းတက်သဖြင့် ဘီယာရောင်းအား မြင့်တက်

ဂျပန်တွင် ဘီယာရာသီ မဟုတ်သော်လည်း ကုန်ဈေးနှုန်းတက်သဖြင့် ဘီယာရောင်းအား မြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

ဂျပန်နိုင်ငံတွင် အစားအသောက်နှင့် အဖျော်ယမကာမျိုးစုံ၏ ဈေးနှုန်းများသည် အောက်တိုဘာလ ၁ ရက်မှ စတင်၍ မြင့်တက်တော့မည် ဖြစ်သဖြင့်  ဘီယာ ရောင်းအားကျသည့် ရာသီဖြစ်ပါလျက် ဘီယာဝယ်လိုအား မြင့်တက်နေသည်။ စျေးတက်ခါနီးတွင်  နှစ်သက်ရာ ဘီယာကို ဝယ်ယူ စုဆောင်းနေကြသည်။ 

 

ရှည်လျားပူပြင်းသောနွေရာသီကုန်ဆုံးပြီးနောက် ဘီယာရောင်းချမှုသည် ပုံမှန်အားဖြင့် ကျဆင်းသွားသော်လည်း ယခုစက်တင်ဘာလတွင် ဆက်လက်မြင့်တက်လျက်ရှိသည်။

စူပါမားကက်များတွင် ဘီယာအတွက် အထူးသီးသန့် ကောင်တာဖွင့်ပြီး ရောင်းချပေးကြရသည်။ 

လျှော့စျေးစတိုးဆိုင်များသည်  “ဘီယာ ပို့ခစျေးနှုန်းများ အောက်တိုဘာလတွင် တက်‌တော့မည်” ဟူသော စာဖြင့် ပိုစတာများပြသကာ ဘီယာဝယ်ဖို့ လှုံ့ဆော်ကြသည်။ တက်ဈေးနှုန်းအသစ်များကို ဖော်ပြကြသည်။

ဘီယာဝယ်သူတို့သည် တစ်ဖာလျှင် ၂၄ ဘူးပါသော ဘီယာဖာ သုံးလေးငါးဖာ ဝယ်ယူကြသည်။

"ဩဂုတ်လနှောင်းပိုင်းမှစလို့ ဘီယာရောင်းအား တဖြည်းဖြည်း မြင့်တက်လာပါတယ်။ တချို့ဆိုရင် မရမှာစိုးလို့ ကြိုမှာထားပြီး လာဝယ်ကြတယ်။  စနေတနင်္ဂနွေမှာ ဘီယာ လက်ကျန်မရှိတဲ့အထိ ရောင်းအားကောင်းတယ်" ဟု စတိုးဆိုင် လက်ထောက်မန်နေဂျာ Hiromi Ito က ပြောသည်။

Teikoku Databank Ltd. ၏ အဆိုအရ ဂျပန်နိုင်ငံရှိ အဓိက ယမကာထုတ်လုပ်ရေးလုပ်ငန်း  ၁၀၅ ခု သည် ၎င်းတို့၏ ထုတ်ကုန် ၆,၅၃၂ မျိုးတို့၏ ဈေးနှုန်းများကို အောက်တိုဘာလတွင် မြှင့်တင်ရန် စီစဉ်ထားသည်။ ဘီယာလုပ်ငန်းကြီး လေးခုသည်လည်း ဈေးတက်မည်ဖြစ်သည်။ လက်လီစျေးနှုန်းများသည် ၄% မှ ၁၃% အထိ တိုးလာဖွယ်ရှိသည်။

 

Asahi Breweries Ltd. ၏ Super Dry ဘီယာ ၃၅၀ မီလီလီတာ တစ်ဘူး လက်လီစျေးနှုန်းသည် အခွန်အပါအဝင် လက်ရှိစျေးနှုန်းမှာ ယန်း ၂၀၀ ဖြစ်ပြီး ဈေးတက်ပြီးသည့်အခါ ယန်း ၂၁၀ ၂၂၀ ကြား ဖြစ်မည်ဟု ခန့်မှန်းသည်။

 

ယခုအခါ ရောင်းအားတက်နေသည်။ သို့သော် “ဈေးတက်ပြီးနောက်ပိုင်း ရောင်းအားကျသွားတာက ရှောင်လွှဲလို့ မရပါဘူး” ဟု ဘီယာကုမ္ပဏီတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

Source ANN

#FoodIndustryGuide 

To join Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)