Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ်ဘီလီယံ ၈၀၀ ကျော် ထုတ်ချေးထားဟုဆို

မိုးရာသီစိုက်စရိတ်ချေးငွေ ကျပ်ဘီလီယံ ၈၀၀ ကျော် ထုတ်ချေးထားဟုဆို google.com

မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေအတွက် တောင်သူများအား မြန်မာကျပ်ငွေ ၁,၉၇၉ ဘီလီယံထုတ်ချေးရန်

လျာထားပြီး ဇူလိုင်လကုန်အထိ ကျပ် ၈၂၄ ဘီလီယံကျော် ထုတ်ချေးထားကြောင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးစိန်လှထွန်းက ပြောသည်။

 

အခုထိ ချေးငွေတင်ထားတဲ့ တောင်သူတွေကို ချေးငွေထုတ်ပေးနေဆဲပါ။ တောင်သူတွေကို ချေးပေးဖို့အတွက် ချေးငွေကို စီးပွားရေးဘဏ်က ယူရတာဖြစ်ပြီးတော့ တောင်သူတွေက ကျွန်တော်တို့ဘဏ်ကို အချိန်မီ အကြွေးမဆပ်ရင်တောင် ကျွန်တော်တို့က စီးပွားရေးဘဏ်ကို နှစ်စဉ်အချိန်မီ အကြွေးပြန်ဆပ်ရပါတယ်’’ ဟု ၎င်းက ဆိုသည်။

 

မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေကို မေလက စတင်ထုတ်ပေး ကာ စက်တင်ဘာ လကုန်တွင် ချေးငွေ အပြီးသတ် ထုတ်ချေးခြင်း ဖြစ်ပြီး နောက်နှစ်သြဂုတ်လကုန်တွင် ပြန်ဆပ်ရမည်ဖြစ်သည်။  ကျပ်တစ်ရာကို အတိုးသတ်မှတ်ချက် တစ်နှစ်လျှင်ရှစ်ကျပ်နှုန်းဖြင့် တစ်လလျှင် ၆၇ ပြားခန့် ကျသင့်မည်ဖြစ်သည်။

 

မိုးရာသီ သီးနှံချေးငွေကို စပါး၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ချည်မျှင်ချည်ဝါ၊ ဂုန်လျှော်စိုက်ပျိုးသည့် တောင်သူများအား ချေးပေး မည်ဖြစ်ပြီး ချေးငွေနှုန်းထားသည် ကျပ်တစ်သိန်းခွဲ၊ ချက်ကြံ တစ် ဧကလျှင် ကျပ်တစ်သိန်းနှင့် ကျန်သီးနှံများအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်း ချေးပေးနေ ခြင်းဖြစ်သည်။

 

တောင်သူကို မိုးကြီးက ‘‘သုံးဦးတစ်စု သတ်မှတ်ပြီး ချေးငွေထုတ်ပေးတာပါ။  ကိုယ့်အုပ်စုထဲက လူက ငွေပြန်မဆပ်ရင် ကိုယ်က အကြွေးပြန်ဆပ်ပေးပြီး ဖြစ်ပေမယ့် ချေးငွေ ထပ်ထုတ် လို့မရဘူး။ အဲဒီလိုမျိုးတွေကြောင့် နစ်နာရတဲ့ တောင်သူတွေ ရှိပါ တယ်’’ဟု ပြောသည်။

 

ယင်းကိစ္စနှင့် ပတ်သက်၍ တောင်သူလယ်သမား အခွင့်အ ရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ နည်းဥပဒေ ၂၃ တွင် ဆန္ဒအရ ပါဝင်သည့် တောင်သူလယ်သမားသုံးဦး ပါဝင်သည့် အဖွဲ့ကို ချေးငွေ ထုတ်ချေးပေး ခြင်းဖြစ်ပြီး သုံးဦးစလုံး အကြွေး အကျေပြန်ဆပ်ပြီးမှသာ ချေးငွေ အသစ်ထုတ်ချေးနိုင်သည်ဟု ဦးစိန်လှထွန်းက ဆိုသည်။

 

၂၀၁၇ အတွင်း ဆောင်းရာ သီ သီးနှံချေးငွေအတွက် ကျပ် ၃၆၀ဘီလီယံ လျာထားပြီး လာမည့် မိုးကြိုရာသီသီးနှံချေးငွေအတွက် ကျပ်ဘီလီယံ ၄၀ လျာထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(1 Vote)