Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပပို့ကုန်အလားအလာရှိသော သီးနှံအမျိုးအစားပေါင်း ၂၂ မျိုးကို စံချိန်စံညွှန်းရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးဆိုင်ရာ အခြေခံထုတ်ကုန်နည်းပညာဆပ်ကော်မတီမှ မြန်မာ့စံချိန်စံညွှန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ပပို့ကုန်အလားအလာရှိသော သီးနှံများကို ဦးစားပေးရေးဆွဲမည်ဖြစ်ပြီး

လက်ရှိတွင် သီးနှံအမျိုးအစားပေါင်း ၂၂ မျိုးခန့် စံချိန်စံညွှန်းရေးဆွဲရန် ပြင်ဆင်ထားကြောင်း စံချိန်စံညွှန်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိတွင် ဝဥ၊ ချင်းနှင့် သီဟိုဠ်စေ့များ၏ စံချိန်စံညွှန်းမူကြမ်းများ အပြီးသတ်နိုင်ရန် နည်းပညာဆပ်ကော်မတီသို့ တင်ပြလာသည့်အတွက် အဆိုပါစံချိန်စံညွှန်းမူကြမ်းများကို သက်ဆိုင်ရာဌာနများ၊  အသင်းအဖွဲ့များမှ ကော်မတီဝင်များပူးပေါင်း၍ စံချန်စံညွှန်းလုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးထားကြောင်း သိရပါတယ်။

 

"အခု ISO ၁၇၂ နဲ့အညီ သီးနှံ ၁၅ မျိုးကို မြန်မာ့စံချိန်စံညွှန်းအတိုင်း ရေးဆွဲထားပြီးဖြစ်လို့ အများပြည်သူသဘောထားတောင်းခံနိုင်ဖို့ စံချိန်စံညွှန်းလုပ်ငန်းကော်မတီကို တင်ပြထားပါတယ်" ဟုင ဦးအောင်မောင်းက ပြောကြားခဲ့ပါတယ်။

Read More >>>>>  METRO ၏ လက်ကားရောင်းဝယ်ရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် တရားဝင်စတင် ဝန်ဆောင်မှုပေးမည်

 

့မြန်မာနိုင်ငံမှ ထုတ်လုပ်သော သီးနှံများ စံချိန်စံညွှန်းနှင့်ညီညွတ်မှသာ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပြီး ထိုသို့ဖြစ်လာစေရန် နည်းပညာများ ပံ့ပိုးပေးခြင်း၊ သီးနှံများဆိုင်ရာ စံချိန်စံညွှန်းများကို သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များသို့ သဘောထားမှတ်ချက်တောင်းခံရယူခြင်းနှင့် သဘောတူညီချက်ရယူခြင်းမှ တစ်ဆင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိတွင် နည်းပညာဆပ်ကော်မတီမှ ရေးဆွဲခဲ့သည့် မြန်မာ့ဆန်၊ ပဲအမျိုးအစား (တချို့ )၊ မြေပဲ၊ ဖရဲ၊ ထောပတ်သီး၊ ကျွဲကော၊ ငှက်ပျောသီး၊ ကော်ဖီ၊ သခွားမွှေး၊ ဒူးရင်းသီး၊ မင်းကွတ်သီး စသည့် မူကြမ်းများကို အများပြည်သူသဘောထား မှတ်ချက်တောင်းခံခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် သီးနှံများ ဘေးကင်းလုံခြုံစိတ်ချရခြင်းနှင့် ယှဉ်ပြိုင်မှုဈေးကွက်အတွက် အထောက်အပံ့ဖြစ်လာမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 11 March 2019 12:53
Rate this item
(1 Vote)