Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်နိုင်ငံမှ ပညာရှင်များ ပြည်တွင်း ကော်ဖီခြံများကို လာရောက်လေ့လာမည်

ပြည်တွင်း၌ စိုက်ပျိုးထားသည့်ကော်ဖီ ခြံများ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ဂျပန်နိုင်ငံရှိ ကော်ဖီလှော် သူများ အသင်းမှ

ပညာရှင်များနှင့် ထုတ်လုပ်သူ များက ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း လာရောက် လေ့လာမည်ဖြစ်ကြောင်း မြန် မာ နိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။

 

 

ဂျပန် အထူးတန်းဝင် ကော်ဖီအသင်း (SCAJ) မှ ကျင်းပသည့် ကမ္ဘာ့ အထူးတန်းဝင် ကော်ဖီ ကွန်ဖရင့်နှင့်ပြပွဲသို့ မြန်မာ့ အထူး တန်းဝင်ကော်ဖီများ သွားရောက်ပြသရာ ကြိုက်နှစ်သက်မှုများ ရှိခဲ့ပြီး မြန်မာ့ကော်ဖီ အရသာကို ဥရောပရှိ ကော်ဖီ လုပ်ငန်းရှင် များကပါ သိရှိနေသည့် အတွက် ယခုကဲ့သို့ လာရောက်လေ့လာခြင်းဖြစ်သည်။

 

 

မြန်မာနိုင်ငံမှထွက်ရှိသည့် အထူးတန်းဝင် ကော်ဖီသည် ဈေးကွက်အနေအထားအရ ကမ္ဘာ့ပေါက်ဈေးနှုန်းထားအတိုင်း ရရှိနေကြောင်း သိရသည်။

 

 

အာရှနှင့်ဥရောပဈေးကွက်တို့၌လည်း မြန်မာ့ကော်ဖီမှာ နာမည်ကောင်းရရှိနေသည့်အတွက် ပြည်ပဈေးကွက်ပိုမို ထိုးဖောက် နိုင်ရေး စိုက်ဧကများတိုးချဲ့နိုင်ရန်စီစဉ်နေကြောင်း သိရသည်။

 

Read more >>>> ကုလားပဲတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့ထားသော်လည်း ဈေးနှုန်းရရှိမှု လျော့နည်း

 

မြန်မာနိုင်ငံ၌ ကော်ဖီအများဆုံးထွက်ရှိသည့်ဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

 

 

Source: Myawady

Read times Last modified on Monday, 15 October 2018 09:57
Rate this item
(1 Vote)