Food & Livestock
လန်ပိကျွန်းဧရိယာ ငါးဖမ်းကွက်များ၌ ဝင်ရောက်ငါးဖမ်းဆီးသော ရေယာဉ်များအား အရေးယူမည်
လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက်များ၌ ဝင်ရောက်ငါးဖမ်းဆီးသော
ရေယာဉ်များအား ဇွန်(၁)ရက်မှ စတင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းနီးငါးလုပ်ငန်းရေပြင် Marine Protected Area အဖြစ် သတ်မှတ်ထားသော လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက် ( F13, F14, F20, F21)များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား ယခုနှစ် ဇွန်(၁)ရက်နေ့မှ စတင်ပြီး တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
" စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေရဲ့ ပိုင်ရှင်တွေ ရေယာဉ်မှူးတွေ ရေယာဉ်ကိုယ်စားလှယ်တွေကို ဖုန်းနဲ့ အကြိမ်ကြိမ် သတိပေးတယ်၊ စာပို့ သတိပေးတယ်၊ အလားတူစည်းကမ်းဖောက်ဖျက်မှုမျိုး ထပ်မံမလုပ်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းတယ်၊ ဒါပေမယ့် လိုက်နာမှုမရှိလို့ တင်းတင်းကြပ်ကြပ်အရေးယူဖို့ စလုပ်ပါမယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ပင်လယ်ပြင်အတွင်း တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၊ စက်ပိတ်ခြင်းနှင့် စက်ဖြုတ်ထားခြင်းများကိုလည်း အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၏ ပိုင်ရှင်များ၊ တရားဝင်ကိုယ်စားလှယ်များအား ရေယာဉ်၏ တည်နေရာ သတင်းအချက်အလက် ပေးပို့မှုပြတ်တောက်စေမည့် စက်ဖြုတ် ခြင်း၊ စက်ပိတ်ခြင်းတို့ကို လုံးဝမပြုလုပ်စေရန်၊ ရေယာဉ်၏ တည်နေရာပြန်လည် ပေးပို့စေရန်နှင့် အလားတူကိစ္စရပ်မျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန်အတွက် ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုး စေခြင်းအပြင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကိုလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းချိုးဖောက်တဲ့ ငါးဖမ်းရေယာဉ်များ အားလုံးကို ငါးလုပ်ငန်းဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၅/၂၀၁၈)နှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(Xinhua)
လန္ပိကြၽန္းဧရိယာ ငါးဖမ္းကြက္မ်ား၌ ဝင္ေရာက္ငါးဖမ္းဆီးေသာ ေရယာဥ္မ်ားအား အေရးယူမည္
လန္ပိကြၽန္းဧရိယာႏွင့္ တားျမစ္ထားသည့္ ငါးဖမ္းကြက္မ်ား၌ ဝင္ေရာက္ငါးဖမ္းဆီးေသာ ေရယာဥ္မ်ားအား ဇြန္(၁)ရက္မွ စတင္ တည္ဆဲဥပေဒမ်ားျဖင့္ အေရးယူမည္။
ျမန္မာ့ပင္လယ္ငါးလုပ္ငန္းေရျပင္အတြင္း ကမ္းနီးငါးလုပ္ငန္းေရျပင္ Marine Protected Area အျဖစ္ သတ္မွတ္ထားေသာ လန္ပိကြၽန္းဧရိယာႏွင့္ တားျမစ္ထားသည့္ ငါးဖမ္းကြက္ ( F13, F14, F20, F21)မ်ားအတြင္းသို႔ ဝင္ေရာက္ငါးဖမ္းဆီးေသာ စည္းကမ္းေဖာက္ဖ်က္သည့္ ေရယာဥ္မ်ားအား ယခုႏွစ္ ဇြန္(၁)ရက္ေန႔မွ စတင္ၿပီး တည္ဆဲဥပေဒမ်ားျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ငါးလုပ္ငန္းဦးစီးဌာနမွ စုံစမ္းသိရွိရသည္။
" စည္းကမ္းေဖာက္ဖ်က္တဲ့ ငါးဖမ္းစက္ေလွေတြရဲ႕ ပိုင္ရွင္ေတြ ေရယာဥ္မႉးေတြ ေရယာဥ္ကိုယ္စားလွယ္ေတြကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ သတိေပးတယ္၊ စာပို႔ သတိေပးတယ္၊ အလားတူစည္းကမ္းေဖာက္ဖ်က္မႈမ်ိဳး ထပ္မံမလုပ္ဖို႔ ခံဝန္ကတိလက္မွတ္ေရးထိုးခိုင္းတယ္၊ ဒါေပမယ့္ လိုက္နာမႈမရွိလို႔ တင္းတင္းၾကပ္ၾကပ္အေရးယူဖို႔ စလုပ္ပါမယ္" ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အလားတူ ပင္လယ္ျပင္အတြင္း တည္ေနရာသတင္းအခ်က္အလက္ ေပးပို႔မႈမရွိသည့္ ေရယာဥ္မ်ား(Silent Vessels)၊ စက္ပိတ္ျခင္းႏွင့္ စက္ျဖဳတ္ထားျခင္းမ်ားကိုလည္း အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။
တည္ေနရာသတင္းအခ်က္အလက္ ေပးပို႔မႈမရွိသည့္ ေရယာဥ္မ်ား(Silent Vessels)၏ ပိုင္ရွင္မ်ား၊ တရားဝင္ကိုယ္စားလွယ္မ်ားအား ေရယာဥ္၏ တည္ေနရာ သတင္းအခ်က္အလက္ ေပးပို႔မႈျပတ္ေတာက္ေစမည့္ စက္ျဖဳတ္ ျခင္း၊ စက္ပိတ္ျခင္းတို႔ကို လုံးဝမျပဳလုပ္ေစရန္၊ ေရယာဥ္၏ တည္ေနရာျပန္လည္ ေပးပို႔ေစရန္ႏွင့္ အလားတူကိစၥရပ္မ်ိဳး ထပ္မံျပဳလုပ္ျခင္းမရွိေစရန္အတြက္ ဖုန္းျဖင့္သတိေပးျခင္း၊ စာျဖင့္သတိေပးျခင္း၊ ခံဝန္ကတိလက္မွတ္ေရးထိုး ေစျခင္းအျပင္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ငါးလုပ္ငန္းဆိုင္ရာ အသင္းအဖြဲ႕မ်ားသို႔ ျဖန႔္ေဝအသိေပးျခင္းတို႔ကိုလည္း အႀကိမ္ႀကိမ္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စည္းကမ္းခ်ိဳးေဖာက္တဲ့ ငါးဖမ္းေရယာဥ္မ်ား အားလုံးကို ငါးလုပ္ငန္းဦးစီးဌာန၏ တည္ဆဲဥပေဒမ်ားႏွင့္ ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္အမွတ္(၅/၂၀၁၈)ႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
(Xinhua)
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းနီးငါးလုပ်ငန်းရေပြင် Marine Protected Area အဖြစ် သတ်မှတ်ထားသော လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့် ငါးဖမ်းကွက် ( F13, F14, F20, F21)များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား ယခုနှစ် ဇွန်(၁)ရက်နေ့မှ စတင်ပြီး တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
" စည်းကမ်းဖောက်ဖျက်တဲ့ ငါးဖမ်းစက်လှေတွေရဲ့ ပိုင်ရှင်တွေ ရေယာဉ်မှူးတွေ ရေယာဉ်ကိုယ်စားလှယ်တွေကို ဖုန်းနဲ့ အကြိမ်ကြိမ် သတိပေးတယ်၊ စာပို့ သတိပေးတယ်၊ အလားတူစည်းကမ်းဖောက်ဖျက်မှုမျိုး ထပ်မံမလုပ်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းတယ်၊ ဒါပေမယ့် လိုက်နာမှုမရှိလို့ တင်းတင်းကြပ်ကြပ်အရေးယူဖို့ စလုပ်ပါမယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ပင်လယ်ပြင်အတွင်း တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၊ စက်ပိတ်ခြင်းနှင့် စက်ဖြုတ်ထားခြင်းများကိုလည်း အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တည်နေရာသတင်းအချက်အလက် ပေးပို့မှုမရှိသည့် ရေယာဉ်များ(Silent Vessels)၏ ပိုင်ရှင်များ၊ တရားဝင်ကိုယ်စားလှယ်များအား ရေယာဉ်၏ တည်နေရာ သတင်းအချက်အလက် ပေးပို့မှုပြတ်တောက်စေမည့် စက်ဖြုတ် ခြင်း၊ စက်ပိတ်ခြင်းတို့ကို လုံးဝမပြုလုပ်စေရန်၊ ရေယာဉ်၏ တည်နေရာပြန်လည် ပေးပို့စေရန်နှင့် အလားတူကိစ္စရပ်မျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန်အတွက် ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုး စေခြင်းအပြင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကိုလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းချိုးဖောက်တဲ့ ငါးဖမ်းရေယာဉ်များ အားလုံးကို ငါးလုပ်ငန်းဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၅/၂၀၁၈)နှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)



