Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီးနောက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်အဝင် မရှိတော့ဟုဆို

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သွင်းကုန်များ ဝင်ရောက်မှုမရှိတော့ကြောင်း

မောင်တော နယ်စပ် ကုန်သည်များအသင်း ဥက္ကဋ္ဌဦးအောင်မြင့်သိန်းက ပြော သည်။

 

ယခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ဒန်အိုး၊ ဒန်ခွက်နှင့် တီရှပ်အင်္ကျီများ တင်သွင်းသော်လည်း တင်သွင်းမှု ပမာဏသည် ပို့ကုန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ဦးအောင်မြင့်သိန်းက ပြောသည်။

 

‘‘ယုံကြည်မှု သိပ်မရှိတော့ တာကြောင့်လို့ထင်တယ်။ အရင် က တစ်ဖက်နဲ့တစ်ဖက် ကုန်သည် အချင်းချင်း အကြွေးပေးပြီး အ ရောင်းအဝယ် လုပ်ကြတာရှိ တယ်။ အခုက စိတ်အားဖြင့် အ ချင်းချင်းယုံကြည်မှုအားနည်းလာ ကြတယ်။

 

အခုသွင်းကုန်မရှိတော့ ဘူး။ ပို့ကုန်ပဲရှိတယ်။ အသွားအ လာလည်း မရှိတော့ဘူး။ ဟိုဘက် ကလည်း လူအဝင် မခံတော့ဘူး’’ ဟု ဦးအောင်မြင့်သိန်းက ပြော သည်။

 

၂၀၁၇ သြဂုတ်က ရခိုင်ပြည် နယ်တွင် အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီးနောက် မောင် တောနယ်စပ် ကုန်သွယ်မှု အလို အလျောက် ရပ်ဆိုင်းခဲ့သည်။

 

ယင်းနောက် တစ်လခန့်အ ကြာတွင် မောင်တော နယ်စပ်စခန်း၌ နှစ်နိုင်ငံ ကုန်သည်များက ကုန်သွယ်မှုများ ပြန်လည်ပြု လုပ်ခဲ့သော်လည်း ပို့ကုန်သာရှိပြီး သွင်းကုန်မရှိတော့ကြောင်း ၎င်း ကဆိုသည်။

 

လက်ရှိတွင် ကုန်သည်အ ချင်းချင်း ကူးလူးဆက်ဆံမှုသာ ရှိပြီး တစ်နိုင်တစ်ပိုင် နေ့ချင်းပြန် ကုန်ပို့၊ ကုန်ယူလုပ်ကိုင်နေသူများမရှိတော့ကြောင်း ၎င်းကဆိုသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ထုတ်ပြန်ချက်တွင် ၂၀၁၆ ဧပြီမှ ၂၀၁၇ ဖေဖော်ဝါရီအထိ မောင်တောကုန်သွယ်ရေးစခန်းမှ ဝင်ရောက်လာသော သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်း ရှိသော်လည်း ၂၀၁၇ သြဂုတ် နောက်ပိုင်းသွင်းကုန်မရှိကြောင်း ဖော်ပြထားသည်။

 

မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းကို မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်ရန် ၁၉၉၅ စက်တင်ဘာ ၅ ရက်က ဖွင့်လှစ်ခဲ့သည်။

 

မြန်မာနိုင်ငံ မောင်တောနယ် စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေ ထွက်ပစ္စည်း အဓိကတင်ပို့နေပြီး အများစု တင်ပို့သည့် ရေထွက် ပစ္စည်းသည် ရေငန်ပုစွန်ဖြစ်ကာ ဆန်၊ ချင်းစိမ်း၊ ရေချိုငါး၊ ငါး ခြောက်တို့လည်း တင်ပို့ကြောင်း မောင်တောဒေသရှိ ကုန်သည် များက ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)