Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးမြို့ ပုရစ်ဈေးကွက်မှ ပုရစ်များကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချနေ

မိုးရာသီအကြိုကာလတွင် မန္တလေးအမှတ်တံဆိပ်အဖြစ် ထွက်ရှိလာတဲ့ ရာသီပေါ်မိုးပုရစ်များ ဈေးကွက်သို့

စတင်ရောက်ရှိလာကာ ၀ယ်ယူစားသုံးမှုများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပုရစ်ဈေးကွက်မှ သိရပါတယ်။

 

ယင်းမိုးပုရစ်များမှာ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ တကောင်းနှင့် ရွှေကူမြို့နယ်တို့မှ စတင်ထွက်ရှိလာပြီး မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ဈေးကွက်သို့ တင်ပို့၍ ဒေသခံများသာမက မြန်မာပြည်အနှံ့အပြားသို့ လက်လီလက်ကား တစ်ဆင့်ရောင်းချပေးနေရကြောင်း ပုရစ်ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပုရစ်ကို မန္တလေးနဲ့ရန်ကုန်က အများဆုံးကြိုက်ကြပြီး သီတင်းကျွတ်လမှာထွက်ရှိတဲ့ ဆောင်းပုရစ်က ဥပါတဲ့အတွက် ဈေးကောင်းရပြီး ဒီရာသီမှာထွက်တဲ့ မိုးပုရစ်ကတော့ ဥမပါတော့ ဈေးတော့လျော့တာပေါ့။ ပုရစ်က ခြောက်လတစ်ကြိမ်နဲ့ တစ်နှစ်မှာ နှစ်ကြိမ်ထွက်ပေါ်ပြီး တစ်ကြိမ်ကို တစ်လခွဲလောက်တော့ ရောင်းရတာပေါ့။ ပုရစ်ဈေးက အထွက်နည်းလာလေ ဈေးကောင်းရလေပါပဲ။ မတ္တရာ နယ်ဘက်ကပုရစ်ကတော့ အထွက်နောက်ကျကြောင်း ပုရစ်ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိတွင် မန္တလေးမြို့ရှိ ပုရစ်ဈေးကွက်တွင် ပုရစ်အထီး၊ အမရောထားတဲ့ အကောင်တစ်ရာလျှင် အရွယ်အကြီးအသေးအပေါ်မူတည်၍ ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ အသင့်စားသုံးနိုင်ရန် ကြော်လှော်ထားသည့် ပုရစ်အကောင်တစ်ရာလျှင် ငွေကျပ် ၆၀၀၀ နှုန်းခန့်ဖြင့်လည်းကောင်း၊ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

ပုရစ်ဖမ်းသူများအနေဖြင့် မိုးကိုမျှော်လင့်နေရပြီး မိုးဆက်တိုက်ရွာသွန်းပါက ပုရစ်များသို့ ရေ၀င်ရောက်မှုကြောင့် အပြင်ပျံသန်းထွက်လာသည့်အချိန်ကို စောင့်ဆိုင်းကာ ညပိုင်းအချိန်တွင် မာကျူရီမီးများထွန်းညှိ၍ မီးထောင်ချောက်ဆင်ဖမ်းယူရကြောင်း တကောင်းနယ်မှ ပုရစ်ဖမ်းသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 13:37
Rate this item
(2 votes)