Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုမ္ပဏီက ဆန်တန်ချိန်တစ်သန်း ဝယ်ယူရန် ကမ်းလှမ်းမှု သေချာစဉ်းစားသင့်ဟု ဆန်စပါးအသင်းချုပ် အကြံပြု

တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ် သန်းဝယ်ယူရန် ကမ်းလှမ်းမှုကို စီးပွားရေးနှင့်

ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် သေချာ စွာ စဉ်းစားပြီးမှ နားလည်မှုစာချွန် လွှာ (MoU) လက်မှတ်ရေးထိုးပြီး ရောင်းချရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြုသည်။

 

ဆန်တန်ချိန် တစ်သန်းဝယ် ယူမည့် ရွှေချိုက်ကုမ္ပဏီသည် မှတ်ပုံတင်ထားသည့်နိုင်ငံ၊ မ,တည်ရင်းနှီးငွေပမာဏ၊ ကုမ္ပဏီတွင်ပါဝင်သည့် ဒါရိုက်တာအဖွဲ့ဝင်များကို အတိအကျ မသိရှိရခြင်းနှင့် ဆန်ရောင်းချရာ၌ ငွေကြေးပြန်လည်ရရှိမည့်အစား တရုတ်နိုင်ငံထုတ် ပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းရန် သဘောတူရ မည့်အခြေအနေများကြောင့် နားလည်မှုစာချွန်လွှာကို အလောတကြီး လက်မှတ်မထိုးရန် အသင်းချုပ်က အကြံပြုထားသည်။ ‘‘တရားဝင်လုပ်ဖို့ကိစ္စမှာ အခွန်ကိစ္စညှိနှိုင်းရမှာအပါအဝင် တခြားကိစ္စတွေ အများကြီးကျန် သေးတယ်’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

 

မြန်မာဆန်ဝယ်ယူမည့် ရွှေ ချိုက်ကုမ္ပဏီသည် တရုတ်နိုင်ငံ သားပိုင်ကုမ္ပဏီ မဟုတ်နိုင်ခြင်းကလည်း သတိထားဆုံးဖြတ်ရမည့်အချက်ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ တရားဝင်ဆန်တန်ချိန် တစ် သိန်းရောင်းချရာတွင် ညှိနှိုင်းဆွေး နွေးမှုများစွာကို ၂၀၁၅ ကစတင် ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်က ဦးဆောင်ဆောင်ရွက်ခဲ့ သည်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ် သော COFCO ကုမ္ပဏီကို မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်က ဆန်တန်ချိန် နှစ်သိန်း တရားဝင် ရောင်းချရန် တောင်းဆိုထားသော် လည်း ယနေ့အချိန်အထိ အ ကြောင်းပြန်ကြားခြင်း မရှိသေး ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:31
Rate this item
(0 votes)