Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးစျေးကွက်အတွင်း သကြားအရောင်းအဝယ်ကောင်းလာ

မန္တလေး စျေးကွက်အတွင်း သကြားအရောင်းအဝယ် ကောင်းလာ၍ သကြားတစ်ပိဿာလျှင်ငွေကျပ် ၂၄၀၀ဖြင့်

စျေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်းများအသင်း (မန္တလေး) ဒုတိယ ဥက္ကဌကပြောပြ၍ သိရသည်။

 

ပြည်တွင်းမှ ထွက်ရှိသည့် သကြားများကို မန္တလေး၊ ရန်ကုန်၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ ကုန်သည်များက ဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ထိုသို့ အရောင်းအဝယ် ကောင်းလာခြင်းကြောင့် သကြားစျေးမှာလည်း စျေးကောင်း ရရှိလာကြောင်းသိရသည်။

 

Myanmar-Hong-Bao.jpg

 

"သကြားစျေးတွေက အခုနှစ်ထဲမှာ တဖြည်းဖြည်းတက်လာတယ်။ အခုလက်ရှိက သကြားအရောင်းအဝယ်ကလဲ ကောင်းတာကြောင့် ကုန်စည်လက်ကျန်ကလဲ စျေးကွက်ထဲ တဖြည်းဖြည်းနည်းပါးလာပြီးတော့ စျေးကောင်းပြန်ရနေပါတယ်။" ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်းများအသင်း (မန္တလေး) ဒုတိယ ဥက္ကဌကပြောပြသည်။

 

မန္တလေးစျေးကွက်အတွင်း အောက်တိုဘာလ ပထမပတ်က သကြားတစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀ ခန့်သာ ပေါက်စျေးရှိခဲ့သော်လည်း ယနေ့ပေါက်စျေးအရ သကြားတစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀ ပေါက်စျေးရှိနေကြောင်းသိရသည်။

 

"မန္တလေး စျေးကွက်ထဲမှာ သကြားအရောင်းအဝယ် ကောင်းနေပေမဲ့ စျေးနှုန်းကတော့ တစ်အားထိုးတက်သွားတာမရှိဘူး၊ အခုသကြားလက်ကျန် ရှားပါးတာကြောင့် မန္တလေး စျေးကွက်ထဲမှာသကြား အရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေ စျေးကောင်းရနေပါတယ်" မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်းများအသင်း (မန္တလေး) ဒုတိယ ဥက္ကဌကပြောပြ၍သိရသည်။

 

Source: myawady

Myanmar food industry guide

Read times Last modified on Thursday, 20 October 2022 14:37
Rate this item
(0 votes)