Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားကော်ပိုရေးရှင်းတစ်ခုက ဆန်ကြိတ်ခွဲစက်ရုံကို တွံတေးတွင် ဖွင့်လှစ်

Unicode

ကိုရီးယားကော်ပိုရေးရှင်းတစ်ခုက ဆန်ကြိတ်ခွဲစက်ရုံကို တွံတေးတွင် ဖွင့်လှစ်


ကိုရီးယား Posco ကော်ပိုရေးရှင်းက တွံတေးမှာ တစ်နှစ်လျှင် ဆန်တန်ချိန် ရှစ်သောင်းခွဲကျော် ကြိတ်ခွဲနိုင်မယ့် စက်ရုံကို စက်တင်ဘာလဆန်းက တည်ဆောက်ပြီးစီးပြီး ဆန်ချောကို တရုတ်၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပသို့ တင်ပို့သွားမှာဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါစက်ရုံဟာ ကိုရီးယားကော်ပိုရေးရှင်းရဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် ဆန်ကြိတ်ခွဲစက်ရုံဖြစ်ပြီး ယခင်က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ တစ်နှစ်လျှင် တန်ချိန် (၁၅,၀၀၀) ကြိတ်ခွဲနိုင်မယ့် ဆန်စက်ကို တည်ထောင်ထားပါတယ်။

 

Rice Warehouses ဆန်သိုလှောင်ရုံပေါင်း ၅၈၆ ခုကိုရှာရန်နှိပ်ပါ။


အဆိုပါ ကော်ပိုရေးရှင်းက မြန်မာ့ဆန်ကို စပါးခွံချွတ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်းနဲ့ ရောင်းချခြင်း စတဲ့လုပ်ငန်းများ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

 

ဒါ့ပြင် ကိုရီးယားကော်ပိုရေးရှင်းက ဆန်ကြမ်းကို အရည်အသွေးကောင်းအောင် ပြုလုပ်ပြီး တရုတ်၊ အာရှအလယ်ပိုင်းနဲ့ ဥရောပကို တင်ပို့နိုင်ရန်ဖြစ်ပြီး နိုင်ငံအတွက် ဈေးကွက်ဝေစုရှာဖွေပေးရန် ဖြစ်ပါတယ်။


ယခုစက်ရုံဟာ တွံတေးမြို့နယ်မှာ အခြေစိုက်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းရှိ ပို့ဆောင်ရေး ဆိပ်ကမ်းနေရာတို့ကို ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

 

Read More >>>>>   ငှက်ပျောသီး ဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

Source: 7Day Daily

 

 

 


 


 


 

Rice Warehouses ဆန်သိုလှောင်ရုံပေါင်း ၅၈၆ ခုကိုရှာရန်နှိပ်ပါ။

 



 

 


 



 

Read More >>>>>   ငှက်ပျောသီး ဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

 

Source: 7Day Daily

Read times Last modified on Monday, 17 February 2020 17:32
Rate this item
(1 Vote)