Food & Livestock
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လိုင်ချီးသီးများ ရောင်းအားကောင်းနေ
မိုးစပါးစိုက်ရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် နမ့်ယောင်းချောင်းအနီး ဒေသမှ လိုင်ချီးသီးများ ရောင်းအားကောင်းလျက် ရှိကြောင်း ဗလမင်းထင်လမ်းဆုံအနီးမှ လိုင်ချီးသီး ရောင်းချသူတစ်ဦးက ပြောကြားသည်။
“ကဆုန်-နယုန်လဆိုရင် လိုင်ချီးသီးတွေပေါ် ပြီ၊ နမ့်ယောင်းချောင်းအနီးကျေးရွာတွေကနေ မှာယူပြီး တစ်စည်းကို ကျပ် ၅၀ဝ ကတစ်မျိုး၊ ကျပ် ၁၀၀၀ ကတစ်မျိုး ရောင်းချပါတယ်၊ နမ့်ယောင်း ချောင်းအနီးဒေသကထွက်တဲ့ လိုင်ချီးသီးက အခြားလိုင်ချီးသီးထက် စားလို့ပိုကောင်းတော့ ဈေးပိုရပါတယ်။
ဝယ်ယူသူကလည်း နမ့်ယောင်းချောင်းအနီးနယ်မြေမှာပေါက်တဲ့ လိုင်ချီးသီးကို ပိုပြီးကြိုက်ကြတော့ ရောင်းအားကောင်းပါတယ်။
လက်လီတင်မကဘဲ နယ်ဝေးက လက်ကားမှာယူ သူတွေလည်း အမှာများတော့ ရောင်းအားကောင်း ပါတယ်” ဟု လိုင်ချီးသီးရောင်းချသူတစ်ဦးက ပြောကြားသည်။
နမ့်ယောင်းချောင်းအနီးဒေသမှထွက်သည့် လိုင်ချီးသီးသည် မိုင်းယောင်းတွင် ကလေးလူကြီး မရွေး ကြိုက်နှစ်သက်ကြသည်။ လယ်ယာလုပ်ငန်း ခွင်အလုပ်များမှအပြန် မောမောနှင့်စားလျှင် ပို၍ အရသာရှိကြောင်း သိရသည်။
The Mirror Daily



