Food & Livestock
အိန္ဒိယသို့ အစိုးရချင်းသဘောတူညီမှုဖြင့် ပဲရောင်းချနိုင်ရန်နှင့် ခွဲတမ်းပိုရအောင် စီးကူးကို အသင်းကတိုက်တွန်းမည်
အိန္ဒိယသို့ ပဲတင်ပို့ ရောင်းချရာတွင် အစိုးရချင်းသ ဘောတူညီမှုဖြင့် (G to G)ပဲ ရောင်းချရေးနှင့် သီးသန့်ခွဲတမ်းပို မိုရရှိရေး စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရနှင့် ညှိနှိုင်းပေးရန် အသင်းက တိုက်တွန်းမည်ဟု မြန် မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းအတွင်းရေးမှူးဦးမင်းကို ဦးက ပြောကြားသည်။
အိန္ဒိယပြည်နယ်အစိုးရများ က ပြည်ပမှ ပဲတင်သွင်းခွင့်ကို ဇန် န၀ါရီ ၃၁ ရက်တွင် စတင်တားဆီး ပြီးနောက် ပြည်တွင်းဈေးကွက် အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ကျဆင်းနေသည်။
မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်သည် ပဲစင်းငုံအသစ်ပေါ်နေပြီး မကြာမီ မတ်ပဲအသစ်လည်း ပေါ် မည်ဖြစ်၍ ဈေးနှုန်းကျဆင်းခြင်း က တောင်သူလယ်သမားများ အခက်အခဲဖြစ်စေသည်။
ထို့ကြောင့် မြန်မာနိုင်ငံပဲ၊ နှမ်းအသင်းအနေဖြင့် လက်ရှိကြုံ တွေ့နေသည့် အခြေအနေကို ၀န်ကြီးဌာနက အမြန်ဆုံးကူညီဖြေ ရှင်းပေးရေး တိုက်တွန်းခြင်းဖြစ် ကြောင်း ဦးမင်းကိုဦးက ပြော သည်။
‘‘ကျွန်တော်တို့အသင်းအဖွဲ့ အနေနဲ့က ဟိုဘက်ကအိန္ဒိယအစိုး ရကို ပြောနိုင်တဲ့အင်အားမရှိဘူး လေ’’ ဟု ၎င်းကပြောသည်။
အစိုးရချင်းသဘောတူညီမှု ဖြင့် အိန္ဒိယနိုင်ငံသို့ ပဲရောင်းချနိုင် ရန် စီးပွားကူးသန်းဝန်ကြီးဌာနက စာချုပ်များပေးပို့ထားသည်။ သို့ သော် တစ်လကျော်သည်အထိ အိန္ဒိယအစိုးရဘက်ကအကြောင်း မပြန်သေးကြောင်း ဇန်န၀ါရီ နောက်ဆုံးပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဇန်န၀ါရီလယ်ပိုင်းအထိ သုံးလခွဲ အတွင်း အိန္ဒိယနိုင်ငံသို့မတ်ပဲတန် ချိန် သုံးသိန်းနှစ်သောင်းတင်ပို့ခဲ့ သည်။ ယင်းပမာဏက ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် တန် ချိန်နှစ်သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း ဦးခင်မောင်လွင်က ပြောသည်။
အစိုးရချင်းသဘောတူညီမှု ဖြင့် အိန္ဒိယသို့ ပဲတင်ပို့ရန် အချိန် လိုအပ်မည်ဆိုပါက ယခုနှစ်ဧပြီ တွင် အိန္ဒိယအစိုးရက ပြည်ပမှ တင်သွင်းခွင့်ပြုမည့် ပဲများ၌ မြန်မာနိုင်ငံက ခွဲတမ်းပိုမိုရရှိရေး စီးပွားကူးသန်း ၀န်ကြီးဌာနအနေ ဖြင့် ညှိနှိုင်းပေးရန် ပဲ၊နှမ်းအသင်း ကတိုက်တွန်းရန်ပြင်ဆင်နေသည်။
အိန္ဒိယက အ၀ယ်ရပ်ပြီး နောက်ပြည်တွင်းဈေးကွက်တွင် ဖေဖော်ဝါရီ ၃ ရက်၌ မတ်ပဲတစ် တန်လျှင်ကျပ် ၅၇၀,၀၀၀ နှင့် ပဲ စင်းငုံတစ်တန်လျှင် ကျပ် ၆၈၀,၀၀၀ ဈေးရှိနေသည်။ မတ် ပဲတစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၈၀,၀၀၀ ခန့်ကျဆင်းခြင်း ဖြစ်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးသည့်မတ်ပဲကို ယခုနောက်ပိုင်း ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၀ယ် ယူလိုသည်။ သို့သော် မတ်ပဲတစ် တန်၏ဈေးနှုန်းကို ဒေါ်လာ ၃၆၀ (ကျပ် ၅၄၇,၀၀၀)ခန့်သာ ဈေး ပေးခြင်းကြောင့် ပြည်တွင်း ပေါက်ဈေးထက်နိမ့်ကျသဖြင့် ရောင်းချနိုင်ခြင်းမရှိပေ။
မြန်မာနိုင်ငံ၌ မတ်ပဲ၊ပဲစင်းငုံ အသစ်ပေါ်ထွက်ချိန်တွင် ဈေး နှုန်းကျဆင်းနေခြင်းကြောင့် ရိတ် သိမ်းပြီးပဲများကို ဈေးနှုန်းစောင့်၍ ထိန်းရောင်းရန် ပဲကုန်သည်အချို့ က အကြံပြုသည်။
Source: 7 day news