Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြင်းခြံမြို့နယ်မှာ ပဲတီစိမ်းဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ ပဲတီစိမ်းစိုက်ပျိုး သူများ

ပဲတီစိမ်းဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း လေးအိမ်တန်း ကျေးရွာနေ တောင်သူ ဦးဖိုးကျော် ထံမှ သိရှိရသည်။

ယခု ပဲတီစိမ်း တစ်ပိဿာကို ကျပ် ၁၅၀၀ ကနေ ကျပ် ၁၈၀၀ ထိ ဈေးကောင်းရ တယ် မေလတုန်းကဆို ကျပ် ၂၂၀၀ ထိ ရရှိကြောင်း သိရသည်။ ပဲတီစိမ်းကို တပေါင်းလဆန်း တွင် စိုက်ပျိုးကြပြီး ကဆုန်လဆုတ် အချိန်တွင် ပဲတီစိမ်း စတင်ဆွတ်ခူးနိုင်ပြီး မဆွတ်ခူးခင် ရေသွင်းရကြောင်း သိရသည်။ ပဲတီစိမ်းကို တပေါင်းလဆန်းမှ စတင်စိုက်ပျိုးပါက ပထမ အကြိမ် ကဆုန်လဆုတ်တွင် ဆွတ်ခူးနိုင်ပြီး ၊ ရက် ၂၀ နေရင် ဒုတိယအကြိမ်၊ နောက်ထပ် ၁၃ ရက် နေပါ က တတိယ အကြိမ် ဆွတ်ခူးနိုင်ကာ ပဲတီစိမ်းမဆွတ်ခူးမီ ရေသွင်းရပြီး အသီး သီးခါနီးတွင် လည်း ရေတစ်ကြိမ် သွင်းရကြောင်း ပဲတီစိမ်းစိုက်ပျိုး သူ ဦးဝဏ္ဏအောင် ကပြောသည်။

ပဲတီစိမ်း စိုက်ခင်း တစ်ဧကလျှင် ပထမအကြိမ် ဆွတ်ခူးပါက တင်း ၂၅ တင်းရရှိပြီး၊ ဒုတိအကြိမ် တင်း ၂၀ ၊ တတိယအကြိမ် ၁၅ တင်း ရရှိပြီး ပဲတီစိမ်း တစ်ခါ စိုက်လျှင် သုံးခါ ဆွတ်ခူးရနိုင် တစ်တင်းလျှင် ၂၀ ပိဿာရှိကြောင်း သိရသည်။

အရင်နှစ်များတွင် ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၁၄၀၀ မှ ကျပ် ၁၅၀၀ ထိ ရရှိသည့်အတွက် တောင်သူများ အနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့ ခဲ့ရ သည်။
ပဲတီစိမ်းများ ဆွတ်ခူးပြီးပါက နေလှမ်းထားရှိကာ အသီးနှင့် အခွံများကို ခွဲထုတ် ရသည်။

ပဲတီစိမ်းအခွံနှင့် အပင်များကိုလည်း လွှင့်မပစ်ရဘဲ နွားစာအဖြစ် ကျွေးလျက်ရှိကြောင်း ဦးဖိုးကျော်ထံမှသိရသည်။တောင်သူများအတွက်ပဲတီစိမ်းစိုက်ပျိုးသည့်အတွက် ဝင်ငွေလည်းရရှိ ပြီးအခွံကို နွားကျွေးခြင်း၊ ပင်စည်များကို မြေဩဇာအဖြစ်အသုံးပြုနိုင်၍ အဆင်ပြေလျက်ရှိ ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)

ျမင္းၿခံၿမိဳ႕နယ္မွာ ပဲတီစိမ္းေဈးေကာင္းရ၍ ေတာင္သူမ်ားအဆင္ေျပ

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္ ေလးအိမ္တန္းေက်း႐ြာ ပဲတီစိမ္းစိုက္ပ်ိဳး သူမ်ား ပဲတီစိမ္းေဈးေကာင္းရ၍ ေတာင္သူမ်ား အဆင္ေျပလ်က္ရွိေၾကာင္း ေလးအိမ္တန္း ေက်း႐ြာေန ေတာင္သူ ဦးဖိုးေက်ာ္ ထံမွ သိရွိရသည္။
ယခု ပဲတီစိမ္း တစ္ပိႆာကို က်ပ္ ၁၅၀၀ ကေန က်ပ္ ၁၈၀၀ ထိ ေဈးေကာင္းရ တယ္ ေမလတုန္းကဆို က်ပ္ ၂၂၀၀ ထိ ရရွိေၾကာင္း သိရသည္။ ပဲတီစိမ္းကို တေပါင္းလဆန္း တြင္ စိုက္ပ်ိဳးၾကၿပီး ကဆုန္လဆုတ္ အခ်ိန္တြင္ ပဲတီစိမ္း စတင္ဆြတ္ခူးႏိုင္ၿပီး မဆြတ္ခူးခင္ ေရသြင္းရေၾကာင္း သိရသည္။ ပဲတီစိမ္းကို တေပါင္းလဆန္းမွ စတင္စိုက္ပ်ိဳးပါက ပထမ အႀကိမ္ ကဆုန္လဆုတ္တြင္ ဆြတ္ခူးႏိုင္ၿပီး ၊ ရက္ ၂၀ ေနရင္ ဒုတိယအႀကိမ္၊ ေနာက္ထပ္ ၁၃ ရက္ ေနပါ က တတိယ အႀကိမ္ ဆြတ္ခူးႏိုင္ကာ ပဲတီစိမ္းမဆြတ္ခူးမီ ေရသြင္းရၿပီး အသီး သီးခါနီးတြင္ လည္း ေရတစ္ႀကိမ္ သြင္းရေၾကာင္း ပဲတီစိမ္းစိုက္ပ်ိဳး သူ ဦးဝဏၰေအာင္ ကေျပာသည္။ ပဲတီစိမ္း စိုက္ခင္း တစ္ဧကလွ်င္ ပထမအႀကိမ္ ဆြတ္ခူးပါက တင္း ၂၅ တင္းရရွိၿပီး၊ ဒုတိအႀကိမ္ တင္း ၂၀ ၊ တတိယအႀကိမ္ ၁၅ တင္း ရရွိၿပီး ပဲတီစိမ္း တစ္ခါ စိုက္လွ်င္ သုံးခါ ဆြတ္ခူးရႏိုင္ တစ္တင္းလွ်င္ ၂၀ ပိႆာရွိေၾကာင္း သိရသည္။ အရင္ႏွစ္မ်ားတြင္ ပဲတီစိမ္း တစ္ပိႆာလွ်င္ က်ပ္ ၁၄၀၀ မွ က်ပ္ ၁၅၀၀ ထိ ရရွိသည့္အတြက္ ေတာင္သူမ်ား အေနျဖင့္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ ခဲ့ရ သည္။
ပဲတီစိမ္းမ်ား ဆြတ္ခူးၿပီးပါက ေနလွမ္းထားရွိကာ အသီးႏွင့္ အခြံမ်ားကို ခြဲထုတ္ ရသည္။ ပဲတီစိမ္းအခြံႏွင့္ အပင္မ်ားကိုလည္း လႊင့္မပစ္ရဘဲ ႏြားစာအျဖစ္ ေကြၽးလ်က္ရွိေၾကာင္း ဦးဖိုးေက်ာ္ထံမွသိရသည္။ေတာင္သူမ်ားအတြက္ပဲတီစိမ္းစိုက္ပ်ိဳးသည့္အတြက္ ဝင္ေငြလည္းရရွိ ၿပီးအခြံကို ႏြားေကြၽးျခင္း၊ ပင္စည္မ်ားကို ေျမဩဇာအျဖစ္အသုံးျပဳႏိုင္၍ အဆင္ေျပလ်က္ရွိ ေၾကာင္း သိရွိရသည္။ ေက်ာ္စြာ(ျမင္းၿခံ)

Read times
Rate this item
(0 votes)