Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ - မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မကြာမီထုတ်ချေးပေးတော့မည်

၂၀၂၂ - မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မကြာမီထုတ်ချေးပေးတော့မည်

၂၀၂၂ - မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မကြာမီထုတ်ချေးပေးတော့မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 


“၂၀၂၂ - မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ မကြာမီထုတ်ချေးပေးတော့မည်” မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားကြီးများသို့ အသိပေးကြေညာချက်

 

၁။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လုပ်ကွက်ငယ် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုး စရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့် တောင်သူများအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ အချိန်စေ့ချေးငွေများဖြစ်သော ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁ မိုးချေးငွေ အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ မိုးချေးငွေများအား ၂၀၂၂ ခုနှစ်၊ မေလ တတိယပတ် (၁၆-၅-၂၀၂၂) ရက်မှစ၍ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် ဘဏ်ခွဲ များတွင် စတင်ထုတ်ချေးပေးမည်ဖြစ်ပါသည်။ ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ် လာသူ တောင်သူများကိုလည်း ၂၀၂၂ မိုးရာသီချေးငွေသစ်များကို ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ပါသည်။

 

၃။ သို့ဖြစ်ပါ၍ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသော တောင်သူလယ်သမား များအနေဖြင့် ၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရန် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

Read times Last modified on Wednesday, 18 May 2022 12:20
Rate this item
(0 votes)