Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ အသားတင်ပို့မှုကြောင့် ဆိပ်ကမ်းတွင် ဗိုင်းရပ်စ် စစ်ဆေးမှု နှောင့်နှေးမည်ကို စိုးရိမ်းနေရ

တရုတ်နိုင်ငံရဲ့ အသားတင်သွင်းသူများတို့ ညစ်ညမ်းမှုတွေကို ကာကွယ်နိုင်ဖို့အတွက် အသားနှင့် ပင်လယ်စာကွန်တိန်နာ အားလုံးကို ကိုဗစ် စစ်ဆေးမှုများကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဆိပ်ကမ်းများအနေနဲ့ အသားနှင့် ပင်လယ်စာ ကွန်တိန်နာ အားလုံးကို စစ်ဆေးဖို့အတွက် နှောင့်နှေးမယ်ဆိုရင် ဝယ်လိုအားကို ထိခိုက်နိုင်မှာကို စိုးရိမ်းနေရပါတယ်။

 

ဘေဂျင်းရဲ့ အဓိက ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ မြောက်ဘက်ကမ်းရိုတန်းရှိ တီကင်းကို တနင်္လာနေ့က ကွန်တိန်နာတိုင်း အသုတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ တင်ပို့သူနှစ်ဦးနှင့် ဆိပ်ကမ်းအရာရှိ တစ်ဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။ Tianjin ဆိပ်ကမ်း ၊ အကောက်ခွန်အရာရှိတွေကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သို့ ဆက်သွယ်၍ မရရှိခဲ့ပါဘူး။

 

ဗုဒ္ဓဟူးနေ့ , ရှန်ဟိုင်းအစိုးရက အသားတင်ပို့မှုအတွက် အဓိကဆိပ်ကမ်းတွေမှာ အသားများ နှင့် ပင်လယ်စာများ ၊ လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ကို စစ်ဆေးမှုများ ပြုလုပ်တာက အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုပြောဆိုမှုတွင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ပြောကြားခြင်း မရှိခဲ့ပါဘူး။

 

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အသားတင်သွင်းမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တခြားအသားတင်သွင်းသော အမေရိကန် နှင့် ဘရာဇီး တို့လို့ နိုင်ငံတွေမှာ အသားတင်သွင်းသော လုပ်သားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ရှိနေတာကို တွေ့ရပါတယ်။ အခုဆိုရင် Tianjin ဆိပ်ကမ်းမှာ အသားကွန်တိန်နာတွေကို ကိုရိုနာဗိုင်းစ် စစ်ဆေးမှုများ ပြုလုပ်ဖို့ ကွန်တိန်နာတွေကို ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

 

2.jpg

 

ဘေဂျင်း မှ ၁၁၀ ကီလိုမီတာ (မိုင် ၇၀) ဝေးကွာတဲ့ Tianjin ကို ကွန်တိန်နာတွေကို ပြောင်းရွေ့လာတာက လက်ကာအစားအစာစျေးကွက်နှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ဆက်စပ်နေမလားဆိုတာက စောင့်ကြည့်နေရအုန်းမှာပါ။ Haiyunda Trading မှမန်နေဂျာက Fu ကို အသားတစ်မျိုးချင်စီအလိုက် ဒါမှဟုတ် တစ်ရက်အတွင်း ထုတ်လုပ်တဲ့ အသားတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

 

US အနေနဲ့လည်း တရုတ်မှ အသားကွန်တိန်နာတွေကိုလဲ သတိထားလာတာကိုလည်း တွေ့ရပါတယ်။ အမေရိကန် FDAမှလဲ အသားတင်ပို့မှု ရှိလာပါ စတင် စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အမေရိကန် အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဒဏ်ကို ခံခဲ့ရတယ်ဆိုပေမယ့် အမေရိကန် FDA အနေနဲ့ အသားကွန်တိန်နာတွေကို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးပိုင်ခွင့် ရှိတယ်ဆိုတာနဲ့ ခိုင်လုံသက်သေ အထောက်တော့ မရှိသေးပါဘူး။

 

Fu က အဆိုပါ အသားကွန်တိန်နာတွေကို ‌ကိုရိုနာဗိုင်းရပ်စ် ပြင်းပြင်းထန်းထန်း ဖြစ်ပွားမှုမရှိတဲ့ နိုင်ငံတွေကို တင်ပို့သွားမယ်လို့ သိရပါတယ်။ ဥပမာ - Europe မြောက်ပိုင် နဲ့ Kazakhstan တို့လို့ နိုင်ငံတွေကိုပါ။

 

ဆတ်လတ်ပြီး Fu က သူတို့တင်ပို့လိုက်တဲ့ အသားကွန်တိန်နာတွေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိမှု ရှိခဲ့ပါ အသားများ တင်ပို့မှုကို ဆိုင်ငံ့ထားနိင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Myanmar Food Industry Directory

Ref: Reuters

Read times
Rate this item
(1 Vote)