Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရမ်းရောင်းကောင်းလို့ အရောင်းရပ်ရတဲ့ Milo

ယခုဆိုရင်တော့ Nestle ဂျပန်မှ Milo ကို ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုကာအင်မတန်မှရောင်းရလွန်းလို့ ပစ္စည်း ထုတ်လုပ်မှု မလုံလောက်တာကြောင့် ရပ်တန့်ထားလိုက်ပြီလို့သိရပါတယ်။အဆိုပါ ချောကလက် အရသာ ဖျော်ရည်ကို အရှေ့တောင်အာရှမှာ အလုအယက်ကြိုက်ကျ သောက်ကျသည့် အပြင် ဂျပန်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ နာမည်ကောင်း ပျံနှံသွားတာမို့ Twitter မှ နွေရာသီ အကောင်းဆုံး‌အအေးတစ်ခုအဖြစ်လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။

 

Twitter အသုံးပြုသူ အမျိုးသမီးတစ်ယောက်ပြောဆိုချက်အရတော့ အဆိုပါ မိုင်လိုကို သောက်သုံးခြင်းဖြင့် သူမ အနေနဲ့ ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေပါတယ်တဲ့ သည့်အပြင် သူမ အိပ်ယာနိုးထတဲ့ အခါမှာ လန်းဆန်းနေပါတယ်တဲ့။သူမရဲ့ခန္ဓာကိုယ်ဟာ ၂၄ နာရီ မောပန်းနွမ်းနယ်နေခဲ့တာဖြစ်ပြီး ထိုအတွက်ကြောင့်ဘာမှ ကို လုပ်ချင်ကိုင်ချင်စိတ်မရှိခဲ့ဘူး အခုတော့ အတော်လေး လန်းဆန်းနေတယ်ဆိုကာ @ren_3 မှ ရေးသားခဲ့ပါတယ်။

 

သူမ ထက်လောင်းပြောကြားသည်က သူမဟာ်သာမန်ထက် သွေးနီဥနည်းပါးတဲ့ရောဂါရှိသူတစ်ဦးဖြစ်ပြီး မိုင်လိုမှာပါတဲ့ အိုင်းယွန်းဓာတ်ဟာ သူမ ရဲ့ရောဂါနဲ့ခန္ဓာကိုယ်အနေအထားကို ကောင်းမွန်လာစေပါတယ်။သူမရဲ့ ဩဂုတ်လ ၂၄ ရက်နေ့က တင်ခဲ့သောမိုင်လို review ကို ပြန်လည် ကူးယူဖော်ပြတဲ့သူ ၃၂၄၀၀ ကြိမ်ရှိပြီး ကြိုက်နှစ်သက်သူ ၉၂၆၀၀ ခန့်ရှိပါတယ်။ဇူလိုင်လက ရေးသားထားတဲ့ koroku6 ရဲ့ review မှာဆိုရင် မိုင်လိုသောက်ခြင်းဖြင့် ဝမ်းကောင်းတယ် , နေ့ခင်းဘက်မှာ အိပ်ငိုက်ခြင်းမရှိဘူး , အသားအရည်လှပတယ် , စိတ်ပိုင်းဆိုင်ရာ မှတ်ဉာဏ်တိုးစေတယ် နှင့် အစာပါခံနိုင်တယ်ဆိုကာရေးသားခဲ့ပါတယ်။

 

၎င်းမိုင်လို review ကို ပြန်လည် ကူးယူဖော်ပြတဲ့သူ ၁၁၈၀၀ ကြိမ်ရှိပြီး ကြိုက်နှစ်သက်သူ ၃၁၃၀၀ ခန့်ရှိပါတယ်။အဆိုပါ review များအရ မိုင်လိုကို ဂျပန်နိုင်ငံရဲ့ စူပါမားကတ်တွေမှာ မတွေ့ရတော့ပဲ ပစ္စည်းမရှိတာပဲဖြစ်ပါတယ် မိုင်လိုရဲ့ရောင်းအားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကိုကြည့်မယ်ဆို အရမ်းကို ကွာပြားခြားနားသွားပါပြီ။ဂျပန်က စင်ကာပူကနေလည်း မိုင်လိုအမှုန့်တွေကို ဝယ်ပါသေးတယ် သို့ပေမယ့် ရောင်းလိုအားထက် ဝယ်လိုအားက ပိုများနေတော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။အခုဆိုရင်တော့ မိုင်လို လုပ်ငန်းစုဟာ ပိုများပြားတဲ့ ပမာဏထုတ် ဖို့ကြိုးစားနေတာဖြစ်ပြီးလာမည့် မတ်လ အစမှာ မိုင်လိုအရောင်းကို ပြန်စတင်ဖို့စိတ်ကူးထားတယ်သိရပါတယ်။

 

Myanmar Food Guide 

Read times
Rate this item
(0 votes)