Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာပြည်မှပုဇွန်များကိုမျိုးတုန်းနိုင်တဲ့ ပါးဟက် အတွင်းရှိ အန္တရာယ်ရှိ ကပ်ပါးကောင်

ပုဇွန်တွေတိုင်းမှာတော့ မဟုတ်ပါဘူး ရွံစေးထူထပ်တဲ့ နေရာမှာ ရှင်လည်ကျက်စားတဲ့ ပုဇွန်တွေဆိုရင်တော့ အဆိုပါ ကပ်ပါးကောင်တွေရဲ့ ဒုက္ခကို အင်မတန်မှခံရပါလိမ့်မယ်။

 

၎င်း ကပ်ပါးကောင်တွေဟာ ပုဇွန်တွေရဲ့ ပါးဟက် တစ်ဖက်ထဲမှာကပ်တွယ်တာလဲရှိသလို ပါးဟက် နှစ်ဖက်လုံးမှာကပ်တွယ်တာလည်းရှိပါတယ်။ပုဇွန်တွေ ကပ်ပါးကောင်အတွယ်ခံရဆုံး ဒေသကတော့ အာရှတိုက်အရှေ့ပိုင်းရှိပုဇွန်များ ၊ မြောက်အမေရိကမှ အနောက်ဘက်ကမ်းရိုးတန်းဒေသမှ ပုဇွန်များမှာ ကပ်ပါးကောင် တွယ်ခံရမှု့ အများဆုံးလို့သိရပါတယ်။

 

ကပ်ပါးကောင်တွယ်ကပ်နေတဲ့ ပုဇွန်ကို ဘယ်လိုခွဲခြားရမလဲဆိုရင် ပါးဟက်နေရာက သိသိသာသာလေးဖောင်းနေမယ် ဒါဆိုသေချာပါပြီ ပုဇွန်ဟာ လုံး၀ မကျန်းမာတဲ့ ပုဇွန်ပါ။အဆိုပါကပ်ပါးကောင်တွေဟာ အထီး နဲ့ အမ နှစ်မျိုးနှစ်စားရှိပြီး အမ ကပ်ပါးကောင် ရှိနေပြီးလျင်သေချာပါပြီ အထီးကပ်ပါးကောင်ပုဇွန်ကို ကပ်တွယ်ဖို့ ၈၀ ရာခိုင်နှုန်းရှိပါတယ်။ကပ်ပါးကောင်အမဟာ ဘဲဥပုံစံ ရှိပြီး ကပ်ပါးကောင်အထီးက ရှည်လျားတဲ့ ပုံစံပါ။ပိုးတီကောင်နဲ့ ပုံစံဆင်တူပါတယ်။

 

ကပ်ပါးကောင်ရဲ့ အောက်ခြေမှာ သေးငယ်တဲ့ ထွားသွားခြေချောင်းတွေ အများကြီးပါဝင်ပြီး အမကပ်ပါးကောင်ကကြီးပါတယ် အထီးကပ်ပါးကောင်က သေးပါတယ်။အမ ကပ်ပါးကောင်ဟာ အောက်ခြေမှာ အထစ်တွေ အများကြီးနဲ့ လိမ္မော်ရောင်ကိုယ်ထည်ရှိပါတယ်။သိပ္ပံ နာမည်ကတော့ အော်သီရုန်း ဂရီဖနစ် ( Orthione griffenis ) ဖြစ်ပြီး အဆိုပါ ကပ်ပါးကောင်တွေဟာ ပုဇွန်သွေးကို စုတ်ကာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အာဟာရတွေကို စုတ်ယူတယ်သိရပါတယ်။

 

တကယ်တန်း အဆိုပါကပ်ပါးကောင်တွေရဲ့ မူလဒေသမှာ အာရှတိုက် ရွံထူထပ်ရာနေရာ အနှံအပြား ၊ ရရှား ၊ ဂျပန် ၊ ကိုရီးယား နဲ့ တရုပ်ပြည်ဘက်ကလာတယ်သိရပါတယ်။ထိုကပ်ပါးကောင်များမှာ အထီးမှ အမပေါ်တွင် ကပ်လျက်ရှိနေပြီး အထီးကပ်ပါးကောင်မှ မျိုးပွားတယ်သိရပါတယ်။

 

ထိုကပ်ပါးကောင်အတွယ်ခံထားရတဲ့ ပုဇွန်တွေဟာ အားအင်ချိနဲ့ ပြီး မျိုးပွားမှု့နှုန်းကို ကြီးမားစွာ ထိခိုက်တယ်သိရပါတယ်။မျိုးပွားမှု့နှုန်းထိခိုက်လျှင် မြန်မာ့ ရေထွက် ပုဇွန်များ ဈေးကွက်မှာ ပစ္စည်းပျက်သွားနိုင်သလို ရေသားကောင်များဖြစ်တဲ့ ပုဇွန်များမျိုးတုန်းပျောက်ကွယ်သွားနိုင်ပါတယ်။နောင်ဆိုရင် ပုဇွန်ဟင်းတစ်ခွက်ဟာ ရွှေထက်ရှားသွားပါလိမ့်မယ်။

 

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------------------------------

 


 


 


 


 

 

Ref : Archive 

Read times
Rate this item
(0 votes)