Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထောပတ်သီး အမေရိကန်မှဝယ်ယူရန် ကမ်းလှမ်းသော်လည်း လက်ခံနိုင်ခြင်းမရှိသေးဟုဆို

 မြန်မာနိုင်ငံမှ ထောပတ်သီးများအနက် ချင်းHass အမျိုးအစား ထောပတ်သီးကို အမေရိကန်မှ ဟတ်တာ ၂၀ဝ (၄၉၄ ဧက) အကျယ်အဝန်းတွင် စိုက်ပျိုးသည့် ပမာဏခန့် ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း

တင်ပို့ ရောင်းချရန် လက်ခံနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

 ဈေးကွက်တုံ့ပြန်မှုကောင်း

"အမေရိကန်ကို တင်ပို့ဖို့က G to G အရင် မညှိရသေးဘဲ မလုပ်ရဲသေးတာရယ်၊ နောက် တောင်သူတွေ အဆင်သင့်မဖြစ်သေးလို့ လက်မခံသေးပါဘူး။ အခြားကမ္ဘောဒီးယားကို လည်းပို့သလို ဟောင်ကောင်ကို ၆၀ဝ ဂရမ် အရွယ်အစား အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဈေးနဲ့ပို့ပါတယ်။ ဈေးကွက်တုံ့ပြန်မှု အရမ်း ကောင်းပေမယ့် သူတို့လိုချင်တဲ့မျိုး ကျွန်မတို့ ဆီမှာ ကွန်တိန်နာတစ်လုံးအပြင် မရှိသေးဘူး" ဟု အဆိုပါအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာ မျိုးက ပြောဆိုသည်။

 

ထောပတ်သီးများအား ပြည်ပမှ အဝယ် လိုက်နေသော်လည်း မျိုးခွဲပြဿနာများရှိနေ သည့်အတွက် ဈေးကွက်ဝင်အဆင့်ကို မရောက် နိုင်ဘဲဖြစ်နေကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်တွင်း၌ တစ်နှစ်လျှင် ထောပတ်သီးတန်ချိန် တစ်သိန်းခန့်ထွက်သော် လည်း တန် ၈၀ဝ ခန့်သာ ပြည်ပသို့တင်ပို့နိုင် သေးကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ( ရှမ်းပြည်နယ် တောင်ပိုင်း) မှ အဖွဲ့ဝင်ဦးခွန်ထွန်းထွန်းဦးက ပြောဆိုသည်။

 

"ထောပတ်သီးဈေးကွက်ကို အိမ်နီးချင်း နိုင်ငံတွေက စိတ်ဝင်စားတယ်။ ဈေးကွက်မှာ လည်း ဈေးကောင်းရတယ်။ ဒါပေမဲ့ ပြည်တွင်း မှာ ထောပတ်သီးမျိုး အများကြီးထွက်နေပေမယ့် မျိုးမခွဲရသေးတော့ အခက်အခဲရှိတယ်။ မျိုးခွဲ ပြီးရင်တော့ အခုထက်ပိုပြီး တင်ပို့နိုင်မှာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

စာအုပ်ထုတ်ပေးမည်

အသင်းအနေဖြင့် ဈေးကွက်ဝင်ထောပတ် သီးမျိုးများအား ၂၀၁၅ ခုနှစ်ကတည်းက သုတေသနပြုလုပ်ထားရာ လာမည့်ရာသီ (ထောပတ်သီးပန်းပွင့်ချိန်) ကို စောင့်ကြည့်၍ လာမည့်နှစ် ဧပြီလခန့်တွင် စာအုပ်ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။

 

ထောပတ်သီးကို ပြည်ပတင်ပို့ရာတွင် ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၉၀ ကျော် တင်ပို့ရောင်း ချနေရခြင်းဖြစ်ပြီး တရုတ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနိုင်ငံများသို့လည်း တင်ပို့မှု ရှိကြောင်းနှင့် ထောပတ်သီးတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၂၀ဝ မှ ၁၅၀ဝ အကြား ဈေးရရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ဧက ၃၀ဝ၀ ဝန်းကျင်ရှိပြီး အဓိကအားဖြင့် ရှမ်း ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ စိုက်ပျိုးထုတ် လုပ်သလို Hass၊ Reed၊Zutano၊ Fuerte၊ Bacon၊ Lamb-hass တို့ စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သိရသည်။

 

Source: MM Time

Read times
Rate this item
(1 Vote)