Food & Livestock
အိန္ဒိယဆန်ကွဲ ပြည်ပတင်ပို့မှု ကန့်သတ်ဖွယ်ရှိ
ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန် ထွက်ရှိမှု လျော့နည်းဖွယ် ဖြစ်နေသဖြင့် ဆန်တင်ပို့မှုကို
ပြည်တွင်း ဖူလုံရေးအတွက် ကန့်သတ်ဖွယ်ရှိသည်။ အစိုးရက ဆန်ကွဲတင်ပို့မှုကို ကန့်သတ်ရန် ဆွေးနွေးနေသည်။ အိန္ဒိယနိုင်ငံ ဆန်တင်ပို့မှုတွင် ၂၀% သည် ရာနှုန်းပြည့်ဆန်ကွဲ တင်ပို့ခြင်း ဖြစ်သည်။ ပြည်တွင်း ဆန်ကွဲဈေးနှုန်းများ မြင့်တက်လာနေသဖြင့် ပြည်ပတင်ပို့မှု ကန့်သတ်ရန် စဉ်းစားသုံးသပ်နေသည်။
အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၀% ကို တင်ပို့သည်။
ရုရှားက ယူကရိန်းကို ကျုးကျော်စစ်ကြောင့် ဂျုံနှင့် ပြောင်းဈေးတို့ မြင့်တက်သော်လည်း ကမ္ဘာ့ဆန်ဈေးမှာ လက်ကျန် အများအပြား ရှိနေဆဲ ဖြစ်သဖြင့် သိသိသာသာ ဈေးမြင့်တက်ခဲ့ခြင်း မရှိချေ။ ၂၀၀၈ တွင် အိန္ဒိယနှင့် ဗီယက်နမ်တို့ ဆန်တင်ပို့မှု ပိတ်ပင်ထားလိုက်ရာ ဆန် တစ်တန် $1,000 အထက်သို့ရောက်သည်အထိ တက်ခဲ့ဖူးသည်။
ဆန်ကွဲသည် တိရစ္ဆာန် အစားအစာအဖြစ် အဓိကအားဖြင့် အသုံးပြုကြသည်။ အိန္ဒိယတွင် အီသနော ထုတ်လုပ်ရန်အတွက်လည်း အသုံးပြုသည်။ ပြည်ပမှ အဝယ်လိုက်သဖြင့် အိန္ဒိယတွင် ဆန်ကွဲဈေး ယခုနှစ်မှာ ခုန်တက်သည်။ အများဆုံး ဝယ်ယူသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး တိရစ္ဆာန်အစားအစာအတွက် ဝယ်ယူသည်။ အာဖရိက နိုင်ငံအချို့က ဆန့်မှုန်ထုတ်လုပ်ရန် ဝယ်ယူကြသည်။
အိန္ဒိယနိုင်ငံသည် ဂျုံနှင့် သကြားတင်ပို့မှုများကို ပိတ်ပင်ထားသည်။ ယခု ဆန်ကွဲတင်ပို့မှုကို ကန့်သတ်ရန် သို့မဟုတ် ပိတ်ပင်ရန် စဉ်းစားသုံးသပ်နေခြင်း ဖြစ်သည်။ ယခုနှစ်တွင် စပါးစိုက်သည့် ဧရိယာ စုစုပေါင်းသည် ယခင်နှစ်ထက် ၈% လျော့နည်းနေသည်။ မုတ်သုန်မိုး ပုံမှန်ထက် ၄၀% ဝန်းကျင် လျော့နည်းခဲ့သဖြင့် အချို့ဒေသများတွင် စပါး မစိုက်နိုင်ကြတော့ချေ။ သို့ဖြစ်ရာ ရိတ်သိမ်းရာသီတွင် စပါးအထွက်နည်းမည်ဟု ခန့်မှန်းထားကြပါသည်။
Source: bloomberg
#MyanmarFoodIndustryGuide