Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ကျွဲ၊ နွားအကောင်ရေ ငါးသိန်း ဝယ်ယူမည်

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ကျွဲ၊ နွားအကောင်ရေ ငါးသိန်းတင်ပို့ဖို့ လာရောက်ကမ်းလှမ်းထားတဲ့အတွက် MOU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ကျွဲ၊ နွားတင်ပို့သူများအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကျွဲ၊ နွားတင်ပို့မှုအတွက် MOU လက်မှတ်ရေးထိုးရန် ကျွဲ၊ နွားကုန်သွယ်မှုဖွံ့ဖြိုးရေးကြီးကြပ်ကော်မတီကို လာမယ့်နှစ်ပတ်အတွင်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

MOU အတွက် သူတို့ဘက်က အဆင့်သင့်ဖြစ်နေပြီ။ ဒါကြောင့် ဒီဘက်မှာ (၁၅) ယောက်နဲ့ အဖွဲ့အစည်းတွေ ဖွဲ့ဖို့လုပ်နေပါတယ်။ ပြီးရင် လိုအပ်မယ့်အချက်အလက်တွေ ထည့်သွင်းရေးဆွဲသွားမှာပါ။

 

လက်မှတ်ရေးထိုးပြီးရင် အသေးစိတ်အချက်အလက်ရရှိမှာပါလို့ ဦးစိုးနိုင်က ပြောပါတယ်။

 


Read More >>>>>  ဂျာမနီကို မြန်မာ့စိန်တလုံးသရက် ကီလို (၆၀) ထပ်မံတင်ပို့မည်

 


ကျွဲ၊ နွားကုန်သွယ်မှုဖွံ့ဖြိုးရေးကြီးကြပ်ကော်မတီကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ (၅)ဦး၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ (၅) ဦးကို ရွေးချယ်ပြီးဖြစ်ပေမယ့်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ရှိ ကျွဲ၊ နွားတင်ပို့သူများအသင်းထဲမှ (၅)ဦး ရွေးချယ်ရန် ကျန်ရှိနေကြောင်း သိရပါတယ်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လ (၇) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကျွဲ၊ နွားအရှင်များကို ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကျော် ရရှိထားကြောင်း သိရပါတယ်။

 

Source: Pyi Myanmar

Read times Last modified on Tuesday, 25 June 2019 13:47
Rate this item
(1 Vote)