Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာအင်ဂျင်နီယာများ စိုက်ပျိုးရေးဂြိုဟ်တု တည်ဆောက်မှု ဂျပန် ကူညီမည်

(Unicode+ Zawgyi) စိုက်ပျိုးရေးနှင့် သဘာ၀ဘေးအန္တရာယ် ကျရောက်ခြင်းတို့ကို အာကာသမှ

စောင့်ကြည့်ရာတွင် သုံးစွဲမည့် ဂြိုဟ်တုကို ပထမဆုံး မြန်မာဂြိုဟ်တုအဖြစ် လွှတ်တင်ရန် ဂျပန်နည်းပညာကို သုံးစွဲသည်။ အရွယ်အစား အသေးစား ဂြိုဟ်တု microsatellite ကို အင်ဂျင်နီယာများနှင့် သုတေသီများက ထုတ်လုပ်ပြီး ကမ္ဘာ့ပတ်လမ်းသို့ လွှတ်တင်ရန် အစီအစဉ်တွင် ဂျပန်နိုင်ငံမှ Hokkaido University နှင့် Tohoku University တို့က ပူးပေါင်းကူညီပေးမည် ဖြစ်သည်။
မြန်မာလေကြောင်း အင်ဂျင်နီယာ တက္ကသိုလ်မှ ဘွဲ့ရများ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး အသေးစားဂြိုဟ်တုကို တည်ဆောက်ကြမည် ဖြစ်သည်။ အလေးချိန်မှာ ကီလို ၅၀ ဝန်းကျင် ရှိသည်။ အရွယ်အစားမှာ ၅၀ စင်တီမီတာ ပတ်လည်ဝန်းကျင် ရှိသည်။

အစီအစဉ်အရ မြန်မာအင်ဂျင်နီယာများသည် ဂြိုဟ်တု နှစ်လုံးကို တည်ဆောက်မည်။ အချိန် ၅ နှစ်ကြာမည်။ လွှတ်တင်သည့်အဆင့်အထိ အဆင့်ဆင့် လုပ်ကိုင်သွားမည်။ ဂြိုဟ်တုဒီဇိုင်းပိုင်းကို ကျွမ်းကျင်တတ်မြောက်ကြမည် ဖြစ်သည်။ ထို့ပြင် ဂြိုဟ်တုအချက်အလက်များ ဆန်းစစ်ခြင်းကိုလည်း တတ်ကျွမ်းမည် ဖြစ်သည်။
ကုန်ကျစရိတ် စုစုပေါင်းမှာ ၁ . ၇ ဘီလျံယန်း (အမေရိကန်ဒေါ်လာ ၁၆ သန်း ) ဖြစ်သည်။ ဂြိုဟ်တု ထုတ်လုပ်သည်မှ လွှတ်တင်သည်အထိ ကုန်ကျစရိတိများ ဖြစ်ပြီး မြန်မာအစိုးရမှ ကျခံမည်။

ပထမအသုတ် ပညာတော်သင် ခုနစ်ဦးသည် ဂျပန်နိုင်ငံသို့ မတ်လတွင် ရောက်ဖို့ ဖြစ်သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ရွှေ့ဆိုင်းလိုက်ရသည်။

ဤအစီအစဉ်သည် မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ဂြိုဟ်တု စနစ် တည်ဆောက်ဖို့ ရည်ရွယ်သည်။

၂၀၁၉ ဩဂုတ်လတွင် French Guiana မှ မြန်မာပိုင် ဆက်သွယ်ရေး ဂြိုဟ်တု Intelsat 39 ကို လွှတ်တင်ခဲ့သည်။ ၂၀၂၂ တွင် လူဉီးရေ၏ ၉၅ % အင်တာနက် အချိတ်အဆက် ရရှိကြရန် ရည်ရွယ်သော ဂြိုဟ်တု ဖြစ်သည်။

အရွယ်အစား ကြီးမားသော ဂြိုဟ်တု သည် ထုတ်လုပ်ရန် ကုန်ကျစရိတ် ကြီးမားသည်။ အမေရိကန်ဒေါ်လာ သန်း ရာချီ ကုန်ကျသည်။ microsatellite သည် ကုန်ကျစရိတ် အဆတစ်ရာ သက်သာသည်။ အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းမှ ၅ သန်း ကုန်ကျသည်။

zawgyi

ျမန္မာအင္ဂ်င္နီယာမ်ား ၿဂိဳဟ္တု တည္ေဆာက္မႈ ဂ်ပန္ ကူညီမည္


စိုက္ပ်ိဳးေရးႏွင့္ သဘာ၀ေဘးအႏၲရာယ္ က်ေရာက္ျခင္းတို႔ကို အာကာသမွ ေစာင့္ၾကည့္ရာတြင္ သုံးစြဲမည့္ ၿဂိဳဟ္တုကို ပထမဆုံး ျမန္မာၿဂိဳဟ္တုအျဖစ္ လႊတ္တင္ရန္ ဂ်ပန္နည္းပညာကို သုံးစြဲသည္။ အ႐ြယ္အစား အေသးစား ၿဂိဳဟ္တု microsatellite ကို အင္ဂ်င္နီယာမ်ားႏွင့္ သုေတသီမ်ားက ထုတ္လုပ္ၿပီး ကမာၻ႔ပတ္လမ္းသို႔ လႊတ္တင္ရန္ အစီအစဥ္တြင္ ဂ်ပန္ႏိုင္ငံမွ Hokkaido University ႏွင့္ Tohoku University တို႔က ပူးေပါင္းကူညီေပးမည္ ျဖစ္သည္။
ျမန္မာေလေၾကာင္း အင္ဂ်င္နီယာ တကၠသိုလ္မွ ဘြဲ႕ရမ်ား ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ၿပီး အေသးစားၿဂိဳဟ္တုကို တည္ေဆာက္ၾကမည္ ျဖစ္သည္။ အေလးခ်ိန္မွာ ကီလို ၅၀ ဝန္းက်င္ ရွိသည္။ အ႐ြယ္အစားမွာ ၅၀ စင္တီမီတာ ပတ္လည္ဝန္းက်င္ ရွိသည္။

အစီအစဥ္အရ ျမန္မာအင္ဂ်င္နီယာမ်ားသည္ ၿဂိဳဟ္တု ႏွစ္လုံးကို တည္ေဆာက္မည္။ အခ်ိန္ ၅ ႏွစ္ၾကာမည္။ လႊတ္တင္သည့္အဆင့္အထိ အဆင့္ဆင့္ လုပ္ကိုင္သြားမည္။ ၿဂိဳဟ္တုဒီဇိုင္းပိုင္းကို ကြၽမ္းက်င္တတ္ေျမာက္ၾကမည္ ျဖစ္သည္။ ထို႔ျပင္ ၿဂိဳဟ္တုအခ်က္အလက္မ်ား ဆန္းစစ္ျခင္းကိုလည္း တတ္ကြၽမ္းမည္ ျဖစ္သည္။
ကုန္က်စရိတ္ စုစုေပါင္းမွာ ၁ . ၇ ဘီလ်ံယန္း (အေမရိကန္ေဒၚလာ ၁၆ သန္း ) ျဖစ္သည္။ ၿဂိဳဟ္တု ထုတ္လုပ္သည္မွ လႊတ္တင္သည္အထိ ကုန္က်စရိတိမ်ား ျဖစ္ၿပီး ျမန္မာအစိုးရမွ က်ခံမည္။

ပထမအသုတ္ ပညာေတာ္သင္ ခုနစ္ဦးသည္ ဂ်ပန္ႏိုင္ငံသို႔ မတ္လတြင္ ေရာက္ဖို႔ ျဖစ္ေသာ္လည္း ကိုဗစ္ကပ္ေဘးေၾကာင့္ ေ႐ႊ႕ဆိုင္းလိုက္ရသည္။

ဤအစီအစဥ္သည္ ျမန္မာႏိုင္ငံတြင္ ကိုယ္ပိုင္ ၿဂိဳဟ္တု စနစ္ တည္ေဆာက္ဖို႔ ရည္႐ြယ္သည္။

၂၀၁၉ ဩဂုတ္လတြင္ French Guiana မွ ျမန္မာပိုင္ ဆက္သြယ္ေရး ၿဂိဳဟ္တု Intelsat 39 ကို လႊတ္တင္ခဲ့သည္။ ၂၀၂၂ တြင္ လူဉီးေရ၏ ၉၅ % အင္တာနက္ အခ်ိတ္အဆက္ ရရွိၾကရန္ ရည္႐ြယ္ေသာ ၿဂိဳဟ္တု ျဖစ္သည္။

အ႐ြယ္အစား ႀကီးမားေသာ ၿဂိဳဟ္တု သည္ ထုတ္လုပ္ရန္ ကုန္က်စရိတ္ ႀကီးမားသည္။ အေမရိကန္ေဒၚလာ သန္း ရာခ်ီ ကုန္က်သည္။ microsatellite သည္ ကုန္က်စရိတ္ အဆတစ္ရာ သက္သာသည္။ အၾကမ္းအားျဖင့္ အေမရိကန္ေဒၚလာ ၃ သန္းမွ ၅ သန္း ကုန္က်သည္။

Read times
Rate this item
(0 votes)