Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေသြဇာ အဆမတန်ဈေးတက်လာသဖြင့် အခက်အခဲဖြစ်နေသော တောင်သူများ

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဈေး ၂ ဆ တက်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့က စပါးစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်မြင့်တက်လာပြီး အရှုံးပေါ်မယ့် အခြေအနေနဲ့ ကြုံတွေ့နေပါတယ်။

စပါးစိုက်တောင်သူတစ်ဦးက "အရင်းနှီးအများကြီး ရင်းနေရတာ ခုက၊ မြေသြဇာဈေး အရမ်းများနေပြီ ၂ ဆကျော် တက်တာ။ ပိုးသတ်ဆေးတွေ ဘာတွေကအစ အကုန်တက်နေတယ်။ ဝယ်သုံးရတာ သိပ်အဆင်မပြေကြဘူး" လို့ ပြောတယ်။

 

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ ဈေးတက်နေတာ ၁ လကျော် ၂ လနီးပါးရှိပြီဖြစ်ပြီး အရင်နှစ်တွေက ပုံမှန် ကောမက်တစ်အိတ်ကို ၂၇၀၀၀ ကျပ်ကနေ ၃၀၀၀၀ ဝန်းကျင်သာရှိပြီး အခုချိန်မှာ ကောမစ်တအိတ်ကို ၆၅၀၀၀ ကျပ်ထိရောက်ရှိနေပြီလို့ သိရပါတယ်။

 

တောင်သူတစ်ဦးက "စပါးဈေးလည်း နည်းနည်းပဲရတယ်။ အရင်က စပါးတင်း ၁၀၀ ကို ကျပ် ၇ သိန်းရတယ်။ အခုက ကျပ် ၈ သိန်းဝန်းကျင်ရတယ်။ လာမယ့်သီတင်းကျွတ်ဆိုရင် စပါးသစ်ပေါ်တော့မယ်။ စပါးသစ်က စပါးဟောင်းလောက်ဈေးမရဘူး" လို့ ပြောပါတယ်။

 

မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဈေး ထပ်တက်နေမယ်ဆိုပါက တောင်သူတွေအနေနဲ့ လာမယ့် သီတင်းကျွတ်စပါးသစ်ပေါ်ချိန်မှာ အရှုံးပေါ်နိုင်တယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံတွင် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး ဒေါ်လာဈေးတက်လာတာနဲ့အတူ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေအပါအဝင် ပြည်ပကနေ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်နေတာဖြစ်ပါတယ်။

 

Source: burmese.dvb

Read times Last modified on Monday, 04 October 2021 11:17
Rate this item
(0 votes)