Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပနိုင်ငံများမှ ကုလားပဲနဲ့ စားတော်ပဲကို တင်သွင်းဖို့စီစဉ်နေ

ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်မှုနည်းပါးလျက်ရှိတဲ့ ကုလားပဲနဲ့ စားတော်ပဲကို ပြည်ပနိုင်ငံများမှ တင်သွင်းဖို့ စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ဇွန်လ (၂၉) ရက်က ကုန်သည်/စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယသမ္မတ (၁) နဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

“ပြည်တွင်းရဲ့ လိုအပ်ချက်ကိုမီအောင် မစိုက်နိုင်တဲ့အတွက်ကြောင့် ဒီပဲအမျိုးအစားတွေကို တောင်သူတွေ မထိခိုက်နိုင်အောင် ယာယီ တင်သွင်းဖို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေပြီး ပဲတီစိမ်းကို တရုတ်နဲ့ ဥရောပနိုင်ငံအချို့က ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။

 

အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံ၊ ပဲတီးစိမ်းနဲ့ မတ်ပဲတို့ ပါဝင်တဲ့ ပဲမျိုးစုံတန်ချိန် (၅) သိန်း တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ၎င်းအထဲမှ မြန်မာနိုင်ငံက မတ်ပဲတန်ချိန် (၁) သိန်းခွဲ တင်သွင်းခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံတန်ချိန် (၂) သိန်းကို တင်သွင်းခွင့်ပြုမယ့်အပြင် ထပ်မံပြီး တန်ချိန် (၂) သိန်း တင်သွင်းခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့ကြောင့် ပြည်ပဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စတဲ့ ပဲအမျိုးအစားများကိုသာ တောင်သူများက ဦးစားပေး ရွေးချယ်စိုက်ပျိုးလာကြတဲ့အတွက် ပြည်တွင်းမှာ စားသုံးမှုများတဲ့ ကုလားပဲနဲ့ စားတော်ပဲ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခုလို တင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုပါတယ်။


Read More >>>>>    ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ


လက်ရှိဈေးကွက်မှာ ကုလားပဲခြမ်း တစ်ပိဿာကို ကျပ် (၁၉၀၀) မှ (၁၉၂၅) ကျပ်နဲ့ စားတော်ပဲတစ်ပိဿာကို ကျပ် (၁၂၀၀) မှ (၁၂၅၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇွန်လ (၂၈) ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားတဲ့ ဈေးကွက်အချက်အလက်များအရ သိရပါတယ်။

 

Source: BE NEWS

Read times Last modified on Tuesday, 02 July 2019 17:22
Rate this item
(1 Vote)