Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား စားအုန်းဆီပို့ကုန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်းများ ထူထောင်ရန် MPOC ပြောကြား

မလေးရှား စားအုန်းဆီ တင်ပို့သူများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းဖြင့်

သူတို့ရဲ့ ဈေးကွက်ဝေစုကို တိုးများစေသင့်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ကြီးထွားလာနေပြီး တစ်ဦးချင်းဝင်ငွေလည်း များလာနေတယ်လို့ Malaysian Palm Oil Council (MPOC) က‌ ပြောကြားလိုက်သည်။

"မြန်မာမှာ ဖက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မလေးရှား ကုမ္ပဏီတွေ စဉ်းစားသင့်တယ်။ အထူးသဖြင့် စားသုံးသူ ကဏ္ဌနဲ့ horeca [hotel, restaurant and catering] ကဏ္ဌတို့ အတွက် ဆီရောင်းချမှုအပိုင်းမှာ လုပ်ကိုင်သင့်တယ်" ဟု MPOC ၏ အမှုဆောင်အရာရှိချုပ် Datuk Dr Kalyana Sundram က ပြောကြားသည်။ စားအုန်းဆီကို မြန်မာနိုင်ငံတွင် ဝင်ငွေနိမ့်ကျသူတို့သည် အဓိက သုံးစွဲသူများ ဖြစ်သည်။ အသင့်ထုပ်ပိုးပြီး ပုံစံဖြင့် ရောင်းချခြင်းထက် မထုပ်ပိုးဘဲ ချိန်တွယ် ရောင်းချကြသည်။

Ministry of Plantation Industries and Commodities, the Malaysian External Trade Corporation (Matrade) နှင့် မြန်မာနိုင်ငံရှိ မလေးရှား သံရုံးတို့ စီစဉ်သော"Recapturing palm oil market share in the Golden Land post-Covid-19" ခေါင်းစဉ်ဖြင့် ကျင်းပသည့် webinar တွင် မိန့်ခွန်းပြောကြားရာ၌ ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Kalyana  က ပြောကြားသည်မှာ မြန်မာနိုင်ငံသို့ တင်သွင်းသည့် စားသုံးဆီနှင့် အဆီများတွင် ၈၉ % သည် စာအုန်းဆီ ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း စာအုန်းဆီ တင်သွင်းမှုပမာဏသည် ကြီးထွားနှုန်း ၅ . ၈  %  ရှိခဲ့သည်။ ထိုသို့ တင်သွင်းသည့် ပမာဏတွင် မလေးရှားစားအုန်းဆီသည် ဝေစု ပြီးခဲ့သည့်နှစ်က ၉ % သာ ရှိသည်။ ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ်တွင် စားအုန်းဆီ တန်ချိန် ၈၉၀ ၀၀၀ တန်တင်သွင်းခဲ့ပြီး မလေးရှားမှ တန်ချိန် ၇၆ ၆၄၅ တင်သွင်းခဲ့သည်။

မြန်မာစာအုန်းတီအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးကြူကလည်း Kalyana က မလေးရှား စားအုန်းဆီ တင်ပို့သူများ မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်ဖို့ တိုက်တွန်းသည်ကို ထောက်ခံသည်။  မလေးရှား စားအုန်းတီသည် အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများမှ စားအုန်းဆီများထက် အရည်အသွေး ပိုမြင့်မားကြောင်း ၎င်းက ပြောကြားသည်။

India Myanmar Chamber of Commerce မှ ဒုဥက္ကဋ္ဌ Naresh Kumar Dinodiya က မြန်မာ စားသုံးဆီနှင့် အဆီ ကဏ္ဍထဲသို့ ချဲ့ထွင်ဝင်ရောက်မည်ဆိုပါက ရေရှည်အမြင်ဖြင့်သာ လုပ်ဆောင်ရမည်ဟု ဆိုသည်။

"စားသုံးဆီ စီးပွားရေးလုပ်ငန်းအတွက် လက်ကားပေးသွင်းတာအတွက် ကြီးစိုးဖို့် ကြိုးစားနတဲ့ ကစားသမားတွေ ရှိနေတယ်။ အဲဒါကို ချိုးဖျက်ပစ်ဖို့ လိုတယ်။ သူတို့မှာ လှောင်ကန်တွေ ရှိတယ်။ လက်ကားရောင်းတဲ့ ကွန်ရက် ရှိတယ်။ ကျွန်တော့အမြင်က အသစ်ဝင်ကြမယ့်သူတွေ ရေရှည်ကို ကြည့်သင့်တယ်။ အလေးအနက် ထားတဲ့ ကစားသမားတွေ ဖြစ်သင့်တယ်။ ပုံမှန် ရောင်းဝယ်မှုတွေမှာ ပါဝင်လုပ်ကိုင်သင့်တယ်" ဟု သူက ပြောသည်။

 

theedgemarkets.com

Read times
Rate this item
(0 votes)