Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းအတွင်း အခြေခံစားသောက်ကုန်နှင့် သက်ဆိုင်သောအခွန် လျှော့ကောက်သင့်ကြောင်း ဥပဒေကြမ်းကော်မတီ အကြံပြု

၂၀၁၈ ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းအရ အခွန် ကောက်ခံရာတွင် ပြည်သူများနေ့

စဉ်စားသုံးရသော အခြေခံစားသုံး ကုန်များနှင့် ဆက်စပ်နေသည့် အခွန်အခများကို လျော့နည်း ကောက်ခံသင့်ကြောင်း ဥပဒေ ကြမ်းကော်မတီက အကြံပြုထား သည်။

 

၂၀၁၈ ရန်ကုန်တိုင်းဒေသ ကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင် ရာဥပဒေကြမ်းသည် ရန်ကုန်တိုင်း ဒေသကြီး၏ ၀င်ငွေရရှိမှုအတွက် အရေးပါသကဲ့သို့ အခွန်ထမ်းပြည် သူများအတွက် အခွန်ဝန်ထုပ်ဝန် ပိုးမဖြစ်စေရေးနှင့် ဥပဒေ၏အ ကာအကွယ်ရရှိစေရေး အစိုးရ အဖွဲ့အနေဖြင့် ဆောင်ရွက်ပေး သင့်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ဥပဒေကြမ်းကော် မတီ အကြံပြုချက်တွင် ဖော်ပြ ထားသည်။

 

မတ်လ ၂၃ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်း လွှတ် တော်အစည်းအဝေး၌ ‘၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း’ နှင့်စပ်လျဉ်း၍ ဥပ ဒေကြမ်းကော်မတီ၏ လေ့လာ စိစစ်တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအား လွှတ် တော်သို့ ဖတ်ကြားရှင်းလင်းခဲ့ သည်။

 

ထို့အပြင် အခွန်အခများပေး ဆောင်၍ တရားဝင်လုပ်ငန်း ဆောင်ရွက်သောအခွန်ထမ်းပြည် သူများကို အကာအကွယ်ပေး ခြင်း၊ အခွန်ထမ်းဆောင်ခြင်း လည်းမရှိ၊ ဥပဒေလိုက်နာခြင်း လည်းမရှိဘဲ လုပ်ငန်းဆောင်ရွက် နေသူများကို ဥပဒေနှင့်အညီ အ ရေးယူခြင်းတို့ဖြင့် အစိုးရအဖွဲ့က မျှတစွာစီမံခန့်ခွဲသင့်ကြောင်း အ ကြံပြုထားသည်။

 

အဆိုပါ ဥပဒေကြမ်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံမည့် ၀င်ငွေခွန်ကျပ် ၄၃၄ ဘီလီယံကျော်၊ ကုန်သွယ် လုပ်ငန်းခွန်ကျပ် ၂၂၀ ဘီလီယံ ကျော်နှင့် တံဆိပ်ခေါင်းခွန်ကျပ် ၂၆ ဘီလီယံကျော်ဖြစ်ပြီး စည်ပင် သာယာရေးကော်မတီကကောက် ခံမည့် စည်ပင်သာယာရေးဆိုင်ရာ အခွန်ကျပ် ၁၀ ဘီလီယံကျော်နှင့် စည်ပင်သာယာရေးဆိုင်ရာဝန် ဆောင်ခရငွေကျပ် ၈၈ ဒသမ ၈ ဘီလီယံကျော်ဖြစ်သည်။

 

ထို့အတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့၏ အခွန်အခများကောက်ခံရန် လျာထားချက်များသည် ရန်ကုန်တိုင်းဒေသကြီးအတွက်အဓိကကျ ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဥပဒေကြမ်း ကော်မတီဝင် ဗိုလ် မှူး မင်းအောင်ဇော်က ပြော သည်။

 

ဥပဒေကြမ်းတွင် အခွန်အခ ကောက်ခံရန် လျာထားချက်အ ပေါ် ကောက်ခံရရှိမှုအခြေအနေ ကို အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းခြင်း၊ အစီရင်ခံစာတင် ပြခြင်းတို့ ဆောင်ရွက်ရန် ထည့် သွင်းရေးဆွဲထားသောကြောင့် ပွင့်လင်းမြင်သာပြီး အစိုးရနှင့် လွှတ်တော်အကြားအပြန်အလှန် ထိန်းညှိဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။

 

အဆိုပါဥပဒေကြမ်းကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးက မတ်လ ၂၁ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်၌ တင်သွင်းခဲ့ သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 17:58
Rate this item
(1 Vote)