Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲယင်းဈေး ပြန်ကျ

ဈေးတက်နေသော ပဲယင်းဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်အတွင်းမှ ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။

 

ယင်းပဲကို တရုတ်ဝယ်လိုအားကျဆင်းသဖြင့် ဈေးနှုန်းလည်း လိုက်ပါကျဆင်းခြင်းဖြစ်ပြီး ယင်းပဲဈေးသည် ပြီးခဲ့သည့် ရက်ပိုင်းကထက် သုံးတင်ဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၄၀၀၀ ခန့်သို့ပြန်လည်ကျဆင်းကြောင်း ၎င်းတို့ထံမှ သိရသည်။

 

"ေဈးကြက္က မၿငိမ္ဘူး။ ဝယ်လက်ရဲ့ ဝယ်လိုအားပေါ် ပြောင်းလဲနေတယ်" ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ပြောကြားသည်။ ပဲရင်း(အကြီး)ကို တရုတ်ဝယ်လက်သည် အဝယ်ရပ်နားခဲ့ပြီးနောက် ပဲယင်း(အသေး)ဈေးနှုန်းများလည်း လိုက်ပါ ကျဆင်းခဲ့ပြီး အဝယ်ရှိနေသေးသည့် ပဲယင်း(အသေး)ကြောင့် ပဲယင်းဈေးနှုန်းများပြန်တက်လာခဲ့သော်လည်း ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း ၎င်းက ဆိုသည်။

 

လက်ရှိပဲယင်းဈေးကွက်အတွင်း ပဲယင်း(အကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ၇၃,၀၀၀ ကျပ်နှင့် ပဲယင်း(အသေး)သုံးတင်းဝင်တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်ဈေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ သိရသည်။

 

ပဲယင်းဈေးကွက်တွင် ပဲရင်း(အကြီး)ကို တရုတ်ဝယ်လက်က အဓိကဝယ်ယူပြီး ပဲရင်း(အသေး)ကို ရန်ကုန်ဝယ်လက်က ဝယ်ယူကြောင်း မန္တလေးကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

 

Source: The Voice

Read times Last modified on Saturday, 23 March 2019 13:24
Rate this item
(1 Vote)