Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဘက်က ဖမ်းဆီးမှုများကြောင့် ဆန်နှင့် သကြား တင်ပို့မှုလျော့ကျ

ယူနန်ပြည်နယ်တွင် ဖမ်းဆီးမှုများကြောင့် တရုတ်ကုန်သည်များက မူဆယ်ကုန်စည်ဒိုင်သို့ အလာနည်းသဖြင့်

ယခုရက်ပိုင်းတွင် ဆန်နှင့်သကြား ဝယ်လိုအားကျဆင်းနေကြောင်း မူဆယ်မြို့ ကုန်သည်အချို့က ပြောကြားသည်။

 

တစ်ရက်လျှင် သကြားအိတ် နှစ်သောင်းခန့်သာ ရောင်းချရပြီး ဆန်အိတ် တစ်သောင်းကျော်သာ ရောင်းချရသဖြင့် ဈေးနှုန်းကျ ဆင်းလာကြောင်း ကုန်သည် အချို့က ပြောသည်။

 

ဇူလိုင် နောက်ဆုံးပတ်တွင် ပျမ်းမျှတစ်ရက်လျှင် သကြားအိတ် ခြောက်သောင်းမှ ရှစ်သောင်းအကြား ရောင်းချခဲ့ရပြီး ဆန်အိတ်နှစ်သောင်းမှ သုံးသောင်းအကြား ရောင်းချခဲ့ရသည်ဟု ၎င်းတို့ကဆိုသည်။

 

တရုတ်အစိုးရက တရား မဝင် ကုန်သွယ်မှုတားဆီးရေး ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံမှ ပို့ကုန် များကို မကြာခဏ ဖမ်းဆီးလေ့ရှိ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့က ပြောသည်။ မြန်မာနိုင်ငံ ဘက်မှ နယ်စပ်ကုန်သွယ်ရေးဖြင့် တရားဝင်တင်ပို့သော ပို့ကုန်များ ကို တရုတ်အစိုးရက တရားဝင် ခွင့်ပြုထားခြင်းမရှိသဖြင့် တရုတ် ကုန်သည်များက တရားမဝင် ဝယ်ယူနေခြင်းဖြစ်သည်။

 

‘‘တရုတ်ကုန်သည်တွေ ဒီ ရက်ပိုင်းမှာ အလာအတော်နည်း တယ်။ သူတို့ဘက်မှာ ဖမ်းနေ တော့ အလုပ်သိပ်မလုပ်ရဲကြဘူး။ မြန်မာကုန်သည်တွေ အနေနဲ့ တော့ လုပ်ရကိုင်ရခက်တာပေါ့’’ ဟု သကြားကုန်သည် ဦးမင်းသိန်းက ပြောသည်။

တရုတ်ကုန်သည်များ ဝယ် လိုအား လျော့နည်းခြင်းကြောင့် သြဂုတ်လဆန်းကစ၍ သကြား တစ်အိတ်လျှင် ငါးယွမ် (ကျပ် ၁,၀၀၀ ခန့်) ဈေးနှုန်းကျဆင်းပြီး ဆန်တစ်အိတ်လျှင်သုံးယွမ်( ကျပ် ၆၀၀ ခန့်) ဈေးကျဆင်းကြောင်း ပဲ၊ ပြောင်း၊ နှမ်း မူဆယ်ကုန်စည် ဒိုင်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

သြဂုတ် ၅ ရက်တွင် မူဆယ်ကုန်စည်ဒိုင်၌ အိန္ဒိယနိုင်ငံမှ တင်သွင်းပြီး ရောင်းချသည့် သကြား အမျိုးအစားက တစ်အိတ်လျှင် ၁၈၃ ယွမ်(၃၆,၆၀၀ ကျပ်)၊ ဘရာဇီးနိုင်ငံမှ တင်သွင်းသည့် သကြားတစ်အိတ်လျှင် ၁၈၁ယွမ် (၃၆,၂၀၀ ကျပ်)ဈေးပေါက်သည်။

 

ထို့အတူ ဆန်တစ်အိတ် ဈေးနှုန်းကလည်း အများဆုံး ၁၄၅ ယွမ်မှ ၁၃၄ ယွမ်အကြား ဈေးရှိသည်။

 

သြဂုတ် ၅ ရက်တွင် ရန်ကုန်မြို့၌ တရုတ်-မြန်မာ ငွေလဲနှုန်းက တစ်ယွမ်လျှင် ၂၀၀ ကျပ်ခန့် ဈေးရှိကြောင်း ပုဂ္ဂလိက ဘဏ်များ၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာများတွင် ဖော်ပြထားသည်။

 

၂၀၁၇ ဧပြီ ၁ ရက်မှ ဇူလိုင် ၂၇ ရက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင်မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:08
Rate this item
(1 Vote)