Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုတစ်ပတ်အတွင်း ရန်ကုန်ဆန်ဈေးကွက် အရောင်းအဝယ် အေးနေ

ရန်ကုန်ဆန်ဈေးကွက်အတွင်း  ယခုတစ်ပတ်တွင်   အရောင်းအဝယ်အေးနေကြောင်း  ရန်ကုန်မြို့   ဝါးတန်းလမ်းရှိ ဆန်ကုန်စည်ဒိုင်မှ သိရသည်။

''ဒီတစ်ပတ်တော့ ဆန်ဈေးကွက်အတွင်းမှာ ဆန်ချောရော ဆန်ကြမ်းပါ အရောင်းအဝယ်အေးနေတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။

 

ဒါပေမဲ့ ပေါ်ဆန်းဆန်တချို့တော့ တစ်အိတ်ကို  ငွေကျပ် ၁ဝဝဝ လောက် ဈေးကျတာတွေရှိပါတယ်'' ဟု ဆန်ကုန်သည်  ဦးအောင်သူက ပြောသည်။

 

ယခုကာလသည် ဆန်သစ်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်းသို့ ဆန်ဝင်ရောက်မှု အခြေအနေမှာ  ပုံမှန်အခြေအနေမျိုး ဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသမှ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်သစ်များလည်း အပတ်စဉ် ပုံမှန် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

''ဆန်အဝင်ကတော့   ပုံမှန်ရှိပါတယ်။ အပတ်စဉ် လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြတို့ဘက်က လာတဲ့ ဆန်တင်သင်္ဘောတွေဆိုရင်လည်း ပုံမှန်ဝင်ပါတယ်။ တစ်ပတ်ကို နှစ်ခေါက် ဝင်တာတွေရှိသလို  တစ်ပတ်တစ်ခေါက် ဝင်တာတွေလည်း  ရှိပါတယ်။  သင်္ဘောတစ်စင်းကို ဆန်အိတ် ၄ဝဝ လောက်အထိ တင်နိုင်တာရှိသလို ၁၅ဝ၊ ၂ဝဝ လောက်အထိ တင်နိုင်တာတွေလည်း ရှိပါတယ်''  ဟု ဦးအောင်သူကပြောသည်။

 

ရန်ကုန်မြို့ရှိ ဝါးတန်းကုန်စည်ဒိုင်အတွင်း ယနေ့အရောင်းအဝယ်ဖြစ်နေသော ဆန် ဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ထိပ်စငွေကျပ်  ၄၂ဝဝဝ၊ အလတ်စ ငွေကျပ် ၄ဝဝဝဝ၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ထိပ်စငွေကျပ် ၃၈ဝဝဝ၊ အလတ်စ ငွေကျပ် ၃၇ဝဝဝ၊ ကျိုက်လတ်ပေါ်ဆန်း တစ်အိတ်လျှင် ထိပ်စငွေကျပ် ၃၅ဝဝဝ၊ အလတ်စ ငွေကျပ် ၃၄ဝဝဝ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်  ထိပ်စငွေကျပ် ၆၄ဝဝဝ၊ အလတ်စငွေကျပ် ၆၂ဝဝဝ၊ နယ်စုံပေါ်ဆန်း(ဆန်သစ်) တစ်အိတ်လျှင် ထိပ်စငွေကျပ် ၃၄ဝဝဝ၊ အလတ်စငွေကျပ်   ၃၂ဝဝဝ၊ ကျားပျံပေါ်ဆန်း တစ်အိတ်လျှင် ထိပ်စငွေကျပ် ၃၇ဝဝဝ၊ အလတ်စငွေကျပ် ၃၅ဝဝဝ စသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။

 

''နယ်စုံပေါ်ဆန်း  ဆန်အသစ်နဲ့ ကျားပျံပေါ်ဆန်း ဆန်တွေလောက်ပဲ တစ်အိတ်ကို ငွေကျပ် ၁ဝဝဝ လောက် ဈေးကျသွားတာ။ တခြားပေါ်ဆန်းတွေကတော့ ဈေးမကျဘူး'' ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောသည်။

 

ဆန်ကြမ်းဈေးကွက်၌လည်း ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ငွေကျပ် ၂၁၅ဝဝ၊ ရက် ၉ဝ ဆန် တစ်အိတ်လျှင်ငွေကျပ်၂၉ဝဝဝ၊ သီးထပ် (ရှယ်)  တစ်အိတ်လျှင်  ငွေကျပ် ၂၃ဝဝဝ  ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)