Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမည့် ကိုတာများ ထွက်ရှိလာသောကြောင့် ဈေးနှုန်း မြင့်တက်

Unicode >>>>>

အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမည့် ကိုတာများ ထွက်ရှိလာသောကြောင့် ဈေးနှုန်း မြင့်တက်  


ပဲမျိုးစုံပေါ်ချိန်ဖြစ်သော်လည်း အိန္ဒိယနိုင်ငံမှ  ပဲဝယ်ယူမည့် ကိုတာများ  ထွက်ရှိလာသောကြောင့်    လတ်တလောတွင် ဈေးနှုန်းမြင့်တက်လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦး၏ ပြောပြချက်အရ သိရပါတယ်။


အိန္ဒိယနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်း၊ ပဲစင်းငုံတန်ချိန်လေးသိန်း၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲနှင့် စားတော်ပဲတန်ချိန် တစ်သိန်းခွဲကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း တင်သွင်းရန် ကိုတာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။


Dried Tea Leaves လက်ဖက်ခြောက်လုပ်ငန်းများ (၂၉၂) ခုကိုရှာရန်နှိပ်ပါ။


အိန္ဒိယနိုင်ငံသည်  မြန်မာနိုင်ငံမှသာ မတ်ပဲဝယ်ယူမည်ဖြစ်ပြီး  ပဲစင်းငုံ၊  ပဲတီစိမ်းနှင့် စားတော်ပဲများကို   မြန်မာနိုင်ငံအပြင် သြစတြေးလျ၊ အာဖရိက စသည့်နိုင်ငံများမှပါ ဝယ်ယူမည်ဖြစ်ကြောင်း သိရပါတယ်။


ထို့ပြင်  ပဲတီစိမ်းနှင့်  ပဲစင်းငုံများကို ဧပြီ ၁ ရက်မှ စတင်တင်ပို့နိုင်ပြီ ဖြစ်သော်လည်း   စာရွက်စာတမ်း ကိစ္စရပ်များအပါအဝင် ပဲဝယ်ယူရေး ကိစ္စရပ်များ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ဧပြီလလယ်မှသာ စတင် တင်ပို့နိုင် မည်ဖြစ်ကြောင်း မန္တလေးမြို့  ပွဲစားကုန်သည် စက်ပိုင်များ   မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ ကပြောကြားခဲ့ပါတယ်။


ထိုသို့ဈေးနှုန်းမြင့်တက်ရာတွင် မတ် ၃၁ ရက်က ပဲစင်းငုံ ပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၆၇ဝဝဝ ရှိရာမှ ဧပြီ ၁ ရက်တွင် ငွေကျပ် ၇၄ဝဝဝ အထိ ဈေးနှုန်းရှိနေပြီး ပဲတီစိမ်းရွှေဝါ (ခရမ်း၊ သုံးခွ) ပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၁၁၂ဝဝဝ၊ မတ်ပဲပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၈၈ဝဝဝ မှ ၈၉၅ဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရပါတယ်။


Read More >>>>>  ကောက်ညှင်းဆနွင်းမကင်းလေး အိမ်တွင်လုပ်စားရအောင်


ယခုကာလတွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာ နှစ် မတ်ပဲကိုတာ လက်ကျန်အတွက် တင်ပို့ရန် ဝယ်ယူနေခြင်းဖြစ်ကာ  ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် ရရှိသည့် ကိုတာတန်ချိန် လေးသိန်းကို  မေ  ၁  ရက်တွင် စတင် တင်ပို့ရမည်ဖြစ်ပြီး    ကျန်ပဲတီစိမ်းနှင့် ပဲစင်းငုံများကို ဧပြီ ၁ ရက်တွင် စတင်တင်ပို့နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

 

COVID 19

 

Zawgyi >>>>>

 

အိႏၵိယႏိုင္ငံမွ ပဲဝယ္ယူမည့္ ကိုတာမ်ား ထြက္ရွိလာေသာေၾကာင့္ ေဈးႏႈန္း ျမင့္တက္  

 

ပဲမ်ိဳးစုံေပၚခ်ိန္ျဖစ္ေသာ္လည္း အိႏၵိယႏိုင္ငံမွ  ပဲဝယ္ယူမည့္ ကိုတာမ်ား  ထြက္ရွိလာေသာေၾကာင့္    လတ္တေလာတြင္ ေဈးႏႈန္းျမင့္တက္လာေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစုံႏွင့္ ႏွမ္းကုန္သည္မ်ား အသင္း အေထြေထြ အတြင္းေရးမႉး ဦးမင္းကိုဦး၏ ေျပာျပခ်က္အရ သိရပါတယ္။

 

အိႏၵိယႏိုင္ငံမွ မတ္ပဲတန္ခ်ိန္ ေလးသိန္း၊ ပဲစင္းငုံတန္ခ်ိန္ေလးသိန္း၊ ပဲတီစိမ္းတန္ခ်ိန္ တစ္သိန္းခြဲႏွင့္ စားေတာ္ပဲတန္ခ်ိန္ တစ္သိန္းခြဲကို ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြင္း တင္သြင္းရန္ ကိုတာအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ေဈးႏႈန္းျမင့္တက္လာျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 

Dried Tea Leaves လက္ဖက္ေျခာက္လုပ္ငန္းမ်ား (၂၉၂) ခုကိုရွာရန္ႏွိပ္ပါ။


အိႏၵိယႏိုင္ငံသည္  ျမန္မာႏိုင္ငံမွသာ မတ္ပဲဝယ္ယူမည္ျဖစ္ၿပီး  ပဲစင္းငုံ၊  ပဲတီစိမ္းႏွင့္ စားေတာ္ပဲမ်ားကို   ျမန္မာႏိုင္ငံအျပင္ ၾသစေၾတးလ်၊ အာဖရိက စသည့္ႏိုင္ငံမ်ားမွပါ ဝယ္ယူမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ထို႔ျပင္  ပဲတီစိမ္းႏွင့္  ပဲစင္းငုံမ်ားကို ဧၿပီ ၁ ရက္မွ စတင္တင္ပို႔ႏိုင္ၿပီ ျဖစ္ေသာ္လည္း   စာ႐ြက္စာတမ္း ကိစၥရပ္မ်ားအပါအဝင္ ပဲဝယ္ယူေရး ကိစၥရပ္မ်ား ေဆာင္႐ြက္ရမည္ ျဖစ္သည့္အတြက္ ဧၿပီလလယ္မွသာ စတင္ တင္ပို႔ႏိုင္ မည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕  ပြဲစားကုန္သည္ စက္ပိုင္မ်ား   မဟာကထိန္ေတာ္အသင္း ဒုတိယဥကၠ႒ ဦးမ်ိဳးေဆြ ကေျပာၾကားခဲ့ပါတယ္။

 

ထိုသို႔ေဈးႏႈန္းျမင့္တက္ရာတြင္ မတ္ ၃၁ ရက္က ပဲစင္းငုံ ပိႆာ ၆ဝ တစ္အိတ္လွ်င္ ေငြက်ပ္ ၆၇ဝဝဝ ရွိရာမွ ဧၿပီ ၁ ရက္တြင္ ေငြက်ပ္ ၇၄ဝဝဝ အထိ ေဈးႏႈန္းရွိေနၿပီး ပဲတီစိမ္းေ႐ႊဝါ (ခရမ္း၊ သုံးခြ) ပိႆာ ၆ဝ တစ္အိတ္လွ်င္ ေငြက်ပ္ ၁၁၂ဝဝဝ၊ မတ္ပဲပိႆာ ၆ဝ တစ္အိတ္လွ်င္ ေငြက်ပ္ ၈၈ဝဝဝ မွ ၈၉၅ဝဝ အထိ ေဈးႏႈန္းရွိေၾကာင္း သိရပါတယ္။

 

Read More >>>>>  ေကာက္ညွင္းဆႏြင္းမကင္းေလး အိမ္တြင္လုပ္စားရေအာင္

 

ယခုကာလတြင္ ၂ဝ၁၉-၂ဝ၂ဝ ဘ႑ာ ႏွစ္ မတ္ပဲကိုတာ လက္က်န္အတြက္ တင္ပို႔ရန္ ဝယ္ယူေနျခင္းျဖစ္ကာ  ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြက္ ရရွိသည့္ ကိုတာတန္ခ်ိန္ ေလးသိန္းကို  ေမ  ၁  ရက္တြင္ စတင္ တင္ပို႔ရမည္ျဖစ္ၿပီး    က်န္ပဲတီစိမ္းႏွင့္ ပဲစင္းငုံမ်ားကို ဧၿပီ ၁ ရက္တြင္ စတင္တင္ပို႔ႏိုင္ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

Read times
Rate this item
(0 votes)