Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှမ်းဖြူဈေးများမြင့်တက်ပြီး နှမ်းနက်ဈေးများ အဆမတန် ကျဆင်း

ယခုနှစ် မကွေးနှမ်းဈေးကွက်တွင် နှမ်းအနက်တစ်တင်းလျှင် ကျပ် ၃၇၀၀၀ ရှိပြီး

နှမ်းအဖြူတစ်တင်းလျှင် ကျပ် ၄၅၀၀၀ နှမ်းဈေးနှုန်းရှိသဖြင့် ယခင်နှစ်များထက်စာလျှင် နှမ်းဈေးကွက်အတက်အကျမှာ များစွာ ကွာဟလျက်ရှိကြောင်း မကွေးမြို့နယ် ကန်ပြားအနောက်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

တောင်သူတွေအနေနဲ့နှမ်းနက်ဈေးကောင်းရင် နှမ်းနက်ပဲစိုက်ကြတယ်။ အဲဒါကြောင့် နှမ်းဖြူဈေးကတက်တော့ နှမ်းအဖြူစိုက်တဲ့အလှည့်ရောက်တော့ နှမ်းအနက်က ဈေးတက်သွားပြန်ပါတယ်။ ထို့ကြောင့် ဈေးကွက် ကစား နေသလို ဖြစ်နေကြောင်း သိရပါတယ်။

 

ယခင်နှစ်များတွင် နှမ်းအနက်တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ရှိရာမှ ယခုဈေးနှုန်းများမှာ ထက်ဝက် ကျဆင်းပြီး နှမ်းအဖြူဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်နေကြောင်း ဈေးကွက်ထိန်းချုပ်မှုမရှိခြင်းနှင့် တရုတ်ပြည်ဈေးကွက်ကို အမှီအခိုပြုနေရခြင်းဖြစ်ကြောင်း မကွေးမြို့ ရန်ကင်းဈေးအနီးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

 

မကွေးမြို့နယ်အတွင်းရှိ တောင်သူများမှာ ယခုနှစ်တွင် တစ်ဧကလျှင် နှမ်း ၁၅ တင်းခန့်ထွက်၍ အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းမတည်ငြိမ်မှုကြောင့် အရှုံးပေါ်လျက်ရှိကြောင်း တောင်သူများထံမှ သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:16
Rate this item
(2 votes)