Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံဈေးဖြင့် တိုင်းအစိုးရများ စပါးဝယ်ယူပေးရေး ကြေညာချက်ထုတ်မည်

Unicode


အခြေခံဈေးဖြင့် တိုင်းအစိုးရများ စပါးဝယ်ယူပေးရေး ကြေညာချက်ထုတ်မည်


တိုင်းအစိုးရများက အခြေခံရည်ညွှန်းဈေးဖြင့် လယ် သမားများထံမှ စပါးဝယ်ယူရန် နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာ ချက် ထုတ်ပြန်မည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြား သည်။


စပါး အဓိကစိုက်ပျိုးသော ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်း တွင် အခြေခံရည်ညွှန်းဈေးဖြင့် အစိုးရက စပါးဝယ်ယူမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို အစိုးရက ထုတ် ပြန်ပြီးနောက် စပါးဝယ်ယူရေး ညှိနှိုင်းခဲ့သည်။

 

ထို့နောက် အခြေခံဈေးဖြင့် စပါးဝယ်ယူရန် ကျပ် ၁၅ ဘီလီယံ ဘတ်ဂျက်ချထားပြီး ပဲခူးတိုင်း တွင် ကျပ်ရှစ်ဘီလီယံနှင့် ဧရာ ဝတီတိုင်းတွင် ကျပ်ငါးဘီလီယံ ကနဦးသုံးစွဲဝယ်ယူရန် စီစဉ်ထား ကြောင်း စီးပွားကူးသန်း ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြော ကြားသည်။

 

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုးစပါးက နှစ်စဉ်ထက်စောပြီး ထွက်ခြင်းကြောင့် သိုလှောင်စရာ ဂိုဒေါင်များ ရှားသဖြင့် လယ်သမားများက စပါးကို တိုက်ရိုက် ထုတ်ရောင်းရ၍ စပါးဈေး ကျ ဆင်းခြင်းဖြစ်သည်ဟု ဒေါက်တာ သန်းမြင့်က ပြောသည်။

 

Read More >>>>>  တ႐ုတ္သို႕ စပါးႏွင့္ ပီေလာပီနံ တင္ပို႕ေရာင္းခ်ႏိုင္ရန္ေဆြးေႏြး

 

စပါး အဓိကစိုက်ပျိုးသော ပဲခူးတိုင်းတွင် ဆန်စက်ပိုင်ရှင် အချို့က လက်ရှိတွင် စပါးဝယ်ယူ ရန် အခက်အခဲကြုံနေသည်။ ထို့ ကြောင့် စပါးအဝယ်ရပ်ထားသည့် ဆန်စက်များ ရှိနေသည်ဟု ပဲခူး တိုင်း ဆန်စပါးအသင်း အတွင်း ရေးမှူး ဦးကျော်စိုးမိုးကပြောကြားသည်။

 

ရန်ကုန်တွင် ဆန်ဈေးသည် တစ်အိတ်လျှင် ကျပ် ၁၆,၅၀၀ ဈေးဖြင့် ရောင်းချရခြင်း၊ သယ်ယူ စရိတ် မြင့်တက်ခြင်းကြောင့် စပါး ဝယ် ဆန်ကြိတ်ပြီး ပြန်လည်ရောင်းချမည့် ဆန်စက်များ ရပ် နားထားရသည်။

 

Source: 7 day news

 

 

 

 

အေျခခံေဈးျဖင့္ တိုင္းအစိုးရမ်ား စပါးဝယ္ယူေပးေရး ေၾကညာခ်က္ထုတ္မည္

 

တိုင္းအစိုးရမ်ားက အေျခခံရည္ညႊန္းေဈးျဖင့္ လယ္ သမားမ်ားထံမွ စပါးဝယ္ယူရန္ နိုဝင္ဘာ ၂၀ ရက္တြင္ ေၾကညာ ခ်က္ ထုတ္ျပန္မည္ဟု စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကား သည္။


စပါး အဓိကစိုက္ပ်ိဳးေသာ ဧရာဝတီ၊ ပဲခူးႏွင့္ ရန္ကုန္တိုင္း တြင္ အေျခခံရည္ညႊန္းေဈးျဖင့္ အစိုးရက စပါးဝယ္ယူမည္ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

 

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၅ ရက္က အေျခခံရည္ညႊန္း စပါးေဈးႏႈန္းကို အစိုးရက ထုတ္ ျပန္ၿပီးေနာက္ စပါးဝယ္ယူေရး ညႇိႏွိုင္းခဲ့သည္။

 

ထို႔ေနာက္ အေျခခံေဈးျဖင့္ စပါးဝယ္ယူရန္ က်ပ္ ၁၅ ဘီလီယံ ဘတ္ဂ်က္ခ်ထားၿပီး ပဲခူးတိုင္း တြင္ က်ပ္ရွစ္ဘီလီယံႏွင့္ ဧရာ ဝတီတိုင္းတြင္ က်ပ္ငါးဘီလီယံ ကနဦးသုံးစြဲဝယ္ယူရန္ စီစဥ္ထား ေၾကာင္း စီးပြားကူးသန္း ဒုတိယ ဝန္ႀကီး ဦးေအာင္ထူးက ေျပာ ၾကားသည္။

 

ယခုႏွစ္တြင္ ျမန္မာနိုင္ငံ၏ မိုးစပါးက ႏွစ္စဥ္ထက္ေစာၿပီး ထြက္ျခင္းေၾကာင့္ သိုေလွာင္စရာ ဂိုေဒါင္မ်ား ရွားသျဖင့္ လယ္သမားမ်ားက စပါးကို တိုက္ရိုက္ ထုတ္ေရာင္းရ၍ စပါးေဈး က် ဆင္းျခင္းျဖစ္သည္ဟု ေဒါက္တာ သန္းျမင့္က ေျပာသည္။

 

Read More >>>>>  တ႐ုတ္သို႕ စပါးႏွင့္ ပီေလာပီနံ တင္ပို႕ေရာင္းခ်ႏိုင္ရန္ေဆြးေႏြး

 

စပါး အဓိကစိုက္ပ်ိဳးေသာ ပဲခူးတိုင္းတြင္ ဆန္စက္ပိုင္ရွင္ အခ်ိဳ႕က လက္ရွိတြင္ စပါးဝယ္ယူ ရန္ အခက္အခဲၾကဳံေနသည္။ ထို႔ ေၾကာင့္ စပါးအဝယ္ရပ္ထားသည့္ ဆန္စက္မ်ား ရွိေနသည္ဟု ပဲခူး တိုင္း ဆန္စပါးအသင္း အတြင္း ေရးမႉး ဦးေက်ာ္စိုးမိုးကေျပာၾကားသည္။

 

ရန္ကုန္တြင္ ဆန္ေဈးသည္ တစ္အိတ္လၽွင္ က်ပ္ ၁၆,၅၀၀ ေဈးျဖင့္ ေရာင္းခ်ရျခင္း၊ သယ္ယူ စရိတ္ ျမင့္တက္ျခင္းေၾကာင့္ စပါး ဝယ္ ဆန္ႀကိတ္ၿပီး ျပန္လည္ေရာင္းခ်မည့္ ဆန္စက္မ်ား ရပ္ နားထားရသည္။

 

Source: 7 day news

Read times Last modified on Thursday, 06 February 2020 15:04
Rate this item
(0 votes)