Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံက တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ် ဝယ်ယူဖို့ ကမ်းလှမ်းထား

Unicode


တရုတ်နိုင်ငံက တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ် ဝယ်ယူဖို့ ကမ်းလှမ်းထား


မြန်မာနိုင်ငံက တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ်တွေ ဝယ်ယူရေး တရုတ်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “သူတို့ကတော့ တစ်သျှူးငှက်ပျောကို လုပ်ချင်တာပေါ့နော်၊ သူတို့နဲ့ ကျွန်တော်တို့နဲ့ ညှိပြီးပေါ့၊ PRA (Pest Risk Analysis) လို့ခေါ်တာပေါ့၊ သူတို့ဘက်က ပညာရှင်နှစ်ယောက်ကို လွှတ်ပေးပြီးစစ်မယ်လို့ ပြောတော့ ကျွန်တော်တို့က လက်ခံတယ်၊ အဆင်ပြေအောင် လုပ်ထားပြီးသား၊ သူတို့ဘက်ကလာရင် လက်ခံပါတယ်၊ ပိုးအိမ်ကိစ္စကလဲ သူတို့ဘက်က အဆိုပြုထားပါတယ်၊ ဒါလဲ ကျွန်တော်တို့က PRA လာလုပ်ချင်တယ်ဆိုရင် လက်ခံပါတယ်”လို့ ပြောပါတယ်။

 

Catering Services ဧည့္ခံေကၽြးေမြးေရးဝန္ေဆာင္မႈမ်ား ၃၂ ခုကိုရွာရန္ႏွိပ္ပါ။

 

ဩဂုတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနေတဲ့ လယ်ယာထွက်သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံတွေက ဝယ်ယူနေခြင်းမရှိတဲ့အချိန်မှာ ဈေးကွက်မပျက်စေရေး၊ အဓိကအားဖြင့် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ အထိမနာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဟုတ်ဘဲ ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပါတယ်။

 

အခုလိုမေးမြန်းမှုကို ဒုဝန်ကြီးက ဖြေကြားရာမှာ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ်များ တင်ပို့နိုင်ရေးအတွက် ပိုးမွှားကျရောက်နိုင်မှု ဆန်းစစ်ချက်ပြုလုပ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

Ice Factories (77)ေရခဲသိုုေလွာင္ခန္းမ်ား (၇၇) ခုကိုရွာရန္ႏွိပ္ပါ။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ တရုတ်ကို မြန်မာ့သီးနှံများ တင်ပို့နိုင်ရေးအတွက် လုပ်ဆောင်နေသလို ဆွေးနွေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

ဒါ့ပြင် မြန်မာ့သီးနှံ (၄) မျိုးဖြစ်တဲ့ ဖရဲသီး၊ သရက်သီး၊ သခွားမွှေးနဲ့ ဆီးသီးတို့ကိုသာ တင်ပို့ခွင့်ရရှိထားကြောင်းလည်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာနမှ သိရပါတယ်။

 
Read More >>>>>   ေကာ္ဖီအပါအဝင္ သီးႏွံေျခာက္မ်ိဳး ျပည္ပတင္ပို႔မႈ ျမႇင့္တင္ႏိုင္ေရး လက္မွတ္ေရးထိုး


စီးပွားကူးသန်းအနေနဲ့ လက်ရှိသွားနေတဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာကို နောက်ထပ် ငါးနှစ် ( ၂၀၂၀-၂၀၂၅ ) အတွက် ဆက်လက်ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ဦးစားပေးကဏ္ဍ (၁၁) ခုအပြင် ကဏ္ဍအသစ် ငါးခုဖြစ်တဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာကဏ္ဍ၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံနဲ့ လက်မှုအနုပညာပစ္စည်း ထုတ်လုပ်မှုကဏ္ဍတို့ကို တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

Source: Kumudra

 

 

တ႐ုတ္နုိင္ငံက တစ္သ်ွဴးငွက္ေပ်ာနဲ႔ ပိုးအိမ္ ဝယ္ယူဖုိ႔ ကမ္းလွမ္းထား

 

ျမန္မာနိုင္ငံက တစ္သၽွဴးငွက္ေပ်ာနဲ႔ ပိုးအိမ္ေတြ ဝယ္ယူေရး တ႐ုတ္နိုင္ငံက ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက “သူတို႔ကေတာ့ တစ္သၽွဴးငွက္ေပ်ာကို လုပ္ခ်င္တာေပါ့ေနာ္၊ သူတို႔နဲ႔ ကၽြန္ေတာ္တို႔နဲ႔ ညႇိၿပီးေပါ့၊ PRA (Pest Risk Analysis) လို႔ေခၚတာေပါ့၊ သူတို႔ဘက္က ပညာရွင္ႏွစ္ေယာက္ကို လႊတ္ေပးၿပီးစစ္မယ္လို႔ ေျပာေတာ့ ကၽြန္ေတာ္တို႔က လက္ခံတယ္၊ အဆင္ေျပေအာင္ လုပ္ထားၿပီးသား၊ သူတို႔ဘက္ကလာရင္ လက္ခံပါတယ္၊ ပိုးအိမ္ကိစၥကလဲ သူတို႔ဘက္က အဆိုျပဳထားပါတယ္၊ ဒါလဲ ကၽြန္ေတာ္တို႔က PRA လာလုပ္ခ်င္တယ္ဆိုရင္ လက္ခံပါတယ္”လို႔ ေျပာပါတယ္။

 

Catering Services ဧည့္ခံေကၽြးေမြးေရးဝန္ေဆာင္မႈမ်ား ၃၂ ခုကိုရွာရန္ႏွိပ္ပါ။

 

ဩဂုတ္လ ၂၇ ရက္ေန႔က က်င္းပခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာလည္း အုတ္တြင္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳက ျပည္ပေဈးကြက္သို႔ တင္ပို႔ ေရာင္းခ်ေနတဲ့ လယ္ယာထြက္သီးႏွံမ်ားကို ဝယ္ယူေနက် ျပည္ပနိုင္ငံေတြက ဝယ္ယူေနျခင္းမရွိတဲ့အခ်ိန္မွာ ေဈးကြက္မပ်က္ေစေရး၊ အဓိကအားျဖင့္ စိုက္ပ်ိဳးလုပ္ကိုင္သူ ေတာင္သူမ်ား အထိမနာေစေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနအေနနဲ႔ ေဈးကြက္ကို ဝင္ေရာက္စြက္ဖက္ျခင္းမ်ိဳးမဟုတ္ဘဲ ေဈးကြက္ခိုင္မာေရးအတြက္ လိုအပ္သည္မ်ားကို ကူညီပံ့ပိုးေပးဖို႔ အစီအစဥ္ရွိမရွိ ေမးျမန္းခဲ့ပါတယ္။

 

အခုလိုေမးျမန္းမႈကို ဒုဝန္ႀကီးက ေျဖၾကားရာမွာ တ႐ုတ္နိုင္ငံသို႔ တစ္သၽွဴးငွက္ေပ်ာနဲ႔ ပိုးအိမ္မ်ား တင္ပို႔နိုင္ေရးအတြက္ ပိုးမႊားက်ေရာက္နိုင္မႈ ဆန္းစစ္ခ်က္ျပဳလုပ္ျခင္းေတြကို ေဆာင္ရြက္လ်က္ရွိပါတယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

 

Ice Factories (77)ေရခဲသိုုေလွာင္ခန္းမ်ား (၇၇) ခုကိုရွာရန္ႏွိပ္ပါ။

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနနဲ႔ တ႐ုတ္ကို ျမန္မာ့သီးႏွံမ်ား တင္ပို႔နိုင္ေရးအတြက္ လုပ္ေဆာင္ေနသလုိ ေဆြးေႏြးမႈမ်ားလည္း လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

 

ဒါ့ျပင္ ျမန္မာ့သီးႏွံ (၄) မ်ိဳးျဖစ္တဲ့ ဖရဲသီး၊ သရက္သီး၊ သခြားေမႊးနဲ႔ ဆီးသီးတို႔ကိုသာ တင္ပို႔ခြင့္ရရွိထားေၾကာင္းလည္း ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈျမႇင့္တင္ေရးဗဟိုဌာနမွ သိရပါတယ္။

 

 
Read More >>>>>   ေကာ္ဖီအပါအဝင္ သီးႏွံေျခာက္မ်ိဳး ျပည္ပတင္ပို႔မႈ ျမႇင့္တင္ႏိုင္ေရး လက္မွတ္ေရးထိုး

 


စီးပြားကူးသန္းအေနနဲ႔ လက္ရွိသြားေနတဲ့ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာကို ေနာက္ထပ္ ငါးႏွစ္ ( ၂၀၂၀-၂၀၂၅ ) အတြက္ ဆက္လက္ခ်မွတ္ေဆာင္ရြက္သြားမွာျဖစ္ၿပီး လက္ရွိ ဦးစားေပးက႑ (၁၁) ခုအျပင္ က႑အသစ္ ငါးခုျဖစ္တဲ့ ေက်ာက္မ်က္နဲ႔ လက္ဝတ္ရတနာက႑၊ ဒစ္ဂ်စ္တယ္စီးပြားေရးလုပ္ငန္းက႑၊ သစ္သီးဝလံနဲ႔ လက္မႈအႏုပညာပစၥည္း ထုတ္လုပ္မႈက႑တို႔ကို တိုးခ်ဲ႕ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

 

Source: Kumudra

Read times Last modified on Saturday, 22 February 2020 15:01
Rate this item
(0 votes)