Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြီး အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းထိရှိနေ

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြီး အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းထိရှိနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နိုင်ငံတစ်ဝန်း တရားဝင်မှတ်ပုံတင် လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများတွင် အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းထိရှိနေကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

 

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အဆိုပါ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး စနစ်တကျလုပ်ကိုင်တောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် အကူအညီများပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်းရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂-၂၀၂၃

ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်ထိ ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း ၄၅၉၈၂ ခုထိရှိပြီး အဆိုပါလုပ်ငန်းများအနက် တရားဝင်မှတ်ပုံတင် ဆောင်ရွက်နေသည့် အစားအသောက် ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများတွင် အကြီးစား ၃၆၅၅ ခု၊ အလတ်စား ၅၃၃၈ ခုနှင့် အသေးစား ၁၄၁၃၃ ခုစုစုပေါင်း ၂၃၁၂၆ ခုဖြင့် အများဆုံး မှတ်ပုံတင်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

 

အဆိုပါ အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှာ တရားဝင်မှတ်ပုံတင် လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းအားလုံး၏ ထက်ဝက်ကျော်ထိရှိနေသဖြင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းကဏ္ဍအားလုံး၏ ၅၀ ဒသမ ၃ ရာခိုင်နှုန်းထိရှိကြောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် သစ်နှင့် သစ်အချောထည်(ပရိဘောဂ မပါဝင်) ထုတ်လုပ်ခြင်း လုပ်ငန်းများမှာ ၂၁၆၇ ခုဖြင့် ဒုတိယအများဆုံး၊ အဖျော်ယမကာထုတ်လုပ်ခြင်း လုပ်ငန်းများမှာ ၁၇၀၅ ခုဖြင့် တတိယအများဆုံး မှတ်ပုံတင်လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Thursday, 15 December 2022 11:37
Rate this item
(0 votes)