Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ငါးတင်သွင်းမှုရပ်ဆိုင်းခြင်း ကုန်သွယ်ရေးအဖွဲ့သွားရောက်ရန် ဆော်ဒီ အစိုးရထံစာပို့

ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ငါးတင်သွင်းမှု ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်၍ ယင်းနိုင်ငံသို့ မြန်မာကုန်သွယ်ရေးအဖွဲ့သွားရောက်ရန် ဆော်ဒီအစိုးရထံ စာပို့အကြောင်းကြားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ FDA အဖွဲ့နှင့် တွေ့ဆုံခွင့်ရရန် စာပို့ထားခြင်းဖြစ်ပြီး ဆော်ဒီအစိုးရက တွေ့ဆုံရန်ခွင့်ပြုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများသွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

 

ဆော်ဒီ FDA ဌာနနဲ့ လာတွေ့ခွင့်ပြုပါဆိုပြီး ပြောထားတယ်။ သူတို့ဘက်က ခွင့်ပြုရင် ဒီဘက်ကအဖွဲ့သွားမယ်။ ကိုယ် သွားချင်တိုင်းလည်း သွားလို့မရဘူးလေ။ သူတို့ဘက်က လက်ခံပြီးတွေ့ပေးမှ ဆွေးနွေးလို့ရမှာ” ဟု ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောဆိုသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်အအေးခန်းစက်ရုံများ သန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းများနှင့် ကိုက် ညီမှု ရှိ၊ မရှိကို ဆော်ဒီ FDA အဖွဲ့ လာရောက်စစ်ဆေးပေးရန် ငါးလုပ်ငန်းဦးစီးဌာနက ဖိတ်ကြားထားသော်လည်း မလာရောက်ခြင်းဖြစ်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ FDA အဖွဲ့နှင့် ငါးမွေးမြူရေးလုပ်ငန်းအဖွဲ့များမှ စ စ်ဆေးရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံမှ ဆော်ဒီသို့ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့နေသည့် စက်ရုံ ၂၄ ရုံကို သွားရောက်စစ်ဆေးရာ သန့်ရှင်းမှုနှင့်ကိုက်ညီသည့် စက်ရုံ ၉ ရုံသာရှိသောကြောင့် ဗီယက်နမ်နိုင်ငံအပါအဝင် အခြားရေထွက်ကုန်များ တင်သွင်းလျက်ရှိသည့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါးတင်သွင်းခြင်းကိုပါ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးငါးနှင့် ရေထွက်ပစ္စည်းတိုက်ရိုက်တင်ပို့မှုမှာ ယခင်က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ အထိရှိကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

Source: voice

Read times
Rate this item
(1 Vote)