Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Aquaponics - ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးနည်းပညာ

Aquaponics ဟု ကြားလျှင်ကြားချင်း Spiderman ဇာတ်လမ်း၏ ဗီလိန်အသစ်ဟု ယူဆနိုင်သည်။

 

Aquaponics ဆိုသည်မှာ အပင်နှင့်ငါး အပြန်အလှန်အကျိုးပြု၍ စိုက်ပျိုးမွေးမြူသော စနစ်ကိုခေါ်သည်။ ငါးများက စွန့်ထုတ်လိုက်သော အညစ်အကြေးများက နိုက်ထရိတ်နှင့် အမိုးနီးယားအဖြစ်ပြောင်းသွားသည်။ အဆိုပါ နိုက်ထရိတ်နှင့် အမိုးနီးယားတို့သည် ငါးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးကျိုးဖြစ်စေနိုင်သော်လည်း အပင်များအတွက် ကောင်းမွန်သော မြေသြဇာများဖြစ်သည်။ အပင်များသည် ၎င်းတို့ရှင်သန်ရန်အတွက် အဆိုပါမြေသြဇာများကို စားသုံးကြသည်။

 

ထိုအချက်သည် ရေကိုသန့်စင်စေနိုင်သောကြောင့် ငါးများအတွက် ကောင်းမွန်စေသည်။ အတိုချုံးပြောရလျှင် ငါးများသည် အပင်များအတွက် အညစ်အကြေးများကို ထောက်ပံ့ပေး၍ အပင်များသည် ငါးများ အသက်ရှည်နေထိုင်နိုင်ရန် ရေကိုသန့်စင်စေသည်။ ထိုစနစ်တွင် နောက်ထပ်ပါဝင်နေသော အုပ်စုတစ်စုကို ဖျောက်ထားခဲ့သည်။

 

၎င်းတို့မှာ nitrifying bacteria ဟုခေါ်သော ပိုးမွှားများ၊ အမိုးနီးယားနှင့် ငါးများ၏ အညစ်အကြေးများကို နိုက်ထရိတ်အဖြစ်သို့ ပြောင်းလဲပေးသည့် ဆွေးမြေ့နေသော အနီရောင်ပိုးကောင်များ၊ အပင်များ၏ အစာဖြစ်သော ဒြပ်ပေါင်းများဖြစ်သည့် ပိုးမွှားအဆွေးတို့ဖြစ်ကြသည်။ အဆိုပါလည်ပတ်မှုစနစ်သည် အပိုင်းတစ်ခုချင်းစီအတွက် အကျိုးကျေးဇူးများကို ပိုမိုရရှိစေပြီး၊ တစ်ချိန်တည်းတွင်ပင် ချို့ယွင်းချက်များကိုလည်း လျော့နည်းစေသည်။


ထို့ကြောင့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းစေရန် အဆိုပါစနစ်ကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို သမိုင်းတစ်လျှောက် ပြုလုပ်ခဲ့ကြသည်။ အစားအသောက်ရင်းမြစ်အဖြစ် ငါးမွေးမြူရာတွင်လည်း အသုံးပြုခဲ့ကြသည်။ ဥပမာအားဖြင့် Aztecs လူမျိုးများသည် ပြောင်း၊ သခွားမွှေးစသော ကောက်ပဲသီးနှံများစိုက်ပျိုးရန်အတွက် ရေပေါ်စိုက်ခင်းများပြုလုပ်ရာတွင် ထိုစနစ်ကို အသုံးပြုခဲ့သည်။

 

ထိုစိုက်ခင်းပတ်လည်တွင် ငါးများစုရုံးလာ၍ ကန်အောက်ခြေတွင် အညစ်အကြေးများ စွန့်ပစ်လာကြသည်။ ၎င်းတို့သည် ကောက်ပဲသီးနှံများအတွက် မြေသြဇာဖြစ်သည်။ Aquaponics နည်းလမ်းကို ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားများက ယခုအချိန်အထိ နှစ်အများကြာ အသုံးပြုခဲ့ကြသည်။

 

လယ်သမားများသည် ရေနက်ပိုင်းတွင် ပေါက်နိုင်သော ဆန်စပါးများကို စိုက်ပျိုးကြသည်။ အကြောင်းမှာ ရေပိုနက်လျှင် ငါးများ ပိုမိုဝင်ရောက်နိုင်၍ အညစ်အကြေးစွန့်နိုင်သည်။ အပင်များသည် ထိုအညစ်အကြေးများကို စားသုံး၍ ရေကိုသန့်စင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ခေတ်မီ aquaponics နည်းလမ်းသည် ပိုမို၍ အဆင့်မြင့်လာသည်။

 

ခေတ်မီနည်းစနစ်တွင် ငါးများကို ကန်ကြီးထဲတွင် မွေးမြူထား၍ အပင်များကို မြေဆီလွှာမရှိဘဲ စိုက်ပျိုးသည်။ ၎င်းတို့ကို ကျောက်စရစ်ခဲ့ (သို့မဟုတ်) ရွှံ့အနည်းငယ်ပေါ်တွင် စိုက်ပျိုး၍ အမြစ်ကို ရေထဲသို့ တွဲလောင်းကျစေသည်။ Deep Water Culture က ထိုနည်းစနစ်ကို တစ်ဆင့်တက်၍ ပြုလုပ်လာပြန်သည်။ အပင်များကို ကြားခံနယ်မြေဆီလွှာမပါဘဲ ရေထဲရှိ ငါးများ၏အညစ်အကြေးဖြင့်သာ ကြီးထွားစေသည်။

 

ဤနည်းပညာအရ အပင်များသည် ၎င်းတို့၏အလေးချိန်ကို ခံနိုင်ရန် အမြစ်ကုတ်တွယ်ရန်မလိုအပ်သည့်အတွက် တစ်ပင်နှင့်တစ်ပင်ကို နီးနီးကပ်ကပ်စိုက်ပျိုးလာနိုင်သည်။ ပထမဦးစွာ အညစ်အကြေးများစုဝေးနေသော ငါးကန်အတွင်းရှိရေများကို စစ်ထုတ်ရမည်။ ထို့နောက် ၎င်းရေများဖြင့် အပင်စိုက်ပျိုး၍ ထိုမှရရှိသော သန့်စင်သည့်ရေများကို ငါးကန်အတွင်းသို့ ပြန်ထည့်ပေးရသည်။

 

Aquaponics စနစ်ဖြင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ခြင်းသည် အသုံးဝင်သော နည်းလမ်းတစ်ခုဖြစ်၍ အစားအစားများထုတ်လုပ်ရာတွင် သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ငါးများ၏အညစ်အကြေးမှ ရရှိသော အာဟာရဓာတ်များဖြစ်သည့်အတွက် ဓာတုဓာတ်မြေဩဇာများ သုံးရန်မလိုအပ်ပါ။ ပိုးသတ်ဆေးများသည် ငါးများအတွက် အန္တရာယ်ဖြစ်စေသောကြောင့် aquaponics နည်းလမ်းသည် သဘာ၀နည်းဖြင့် စိုက်ပျိုးမွေးမြူခြင်းဟု ဆိုနိုင်သည်။ ရှေးအစဉ်အလာက စိုက်ပျိုးနည်းများသည် ရေများများသုံးရသည်။

 

တစ်ဖက်တွင် ယခုခေတ်စိုက်ပျိုးနည်းများက ရေအနည်းငယ်သာသုံးရ၍ ရေငွေ့ပြန်ခြင်းအလွန်နည်းလာကာ တူညီသော ရေပမာဏကို ပြန်လည်ရရှိစေသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ် စိုက်ပျိုး၍သော်လည်းကောင်း Aquaponics စိုက်ပျိုးနည်းစနစ်ကို အသုံးပြုနိုင်သည်။ (အထူးသဖြင့် အရွက်ထူသော အပင်များနှင့် ဆေးဘက်ဝင်အပင်များ) အခြားသော ငါးမျိုးစိတ်များဖြင့် မွေးမြူ၍ စိုက်ပျိုးနိုင်သော်လည်း ခေတ်သစ်စိုက်ပျိုးရေးစနစ်များတွင် သလားဗီးယားငါးကိုသာ မွေးမြူကြသည်။

 

မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် Aquaponics စနစ်ဖြင့် စိုက်ပျိုးမွေးမြူခြင်းမှာ ကျယ်ပြန့်လာသည်။ ထို့ပြင် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအနေဖြင့် Aquaponics စနစ်ဖြင့် စိုက်ပျိုးမွေးမြူခြင်းအစီအစဉ်ကို ရေးဆွဲနေသည်။ ဤစိတ်ကူးဖြင့် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော Run Against Trafficking Myanmar ၏ ဥက္ကဋ္ဌ Brenda Gttford က လူကုန်ကူးခံရသူများဘက်တွင် ရပ်တည်ပေးခဲ့သည်။ ထိုအဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး လုပ်ငန်းများကို ပြုလုပ်ပေးလျက်ရှိသည်။

 

လူကုန်ကူးခံရသူများ၏ အကြီးမားဆုံးပြဿနာမှာ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပြန်လည် ထူထောင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာလုပ်ငန်များတွင် ပါဝင်ပတ်သက်နေပါက မိသားစုအတွင်း (သို့မဟုတ်) လူ့ဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ရန် ၎င်းတို့ကို လက်မခံကြပေ။

 

Run Against Trafficking Myanmar သည် အမေရိကန်အခြေစိုက် Htm Her The Earth (HHearth) ဖြင့် ပူးပေါင်းခဲ့သည်။ ၎င်းတို့သည် Aquaponics နည်းပညာဖြင့် High-Tech စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွဲတစ်ခုကို မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သည်။ ၎င်းသည် လူကုန်ကူးခံရသူများ အတွက် အကာအကွယ်တစ်ခုဖြစ်စေ၍ ၎င်းတို့ကို လက်ရှိထက် နှစ်ဆ ပိုမိုတိုးတက်စေရန် ဖြစ်သည်။ အိမ်ထောက်ပံ့ပေးသည့်အပြင် ပိုမိုကျယ်ပြန့်သော လူ့ဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် လိုအပ်ချက်များကိုလည်း သင်ကြားပေးသည်။

 

ဤစိတ်ကူးသည် လူကုန်ကူးခံရသူများ၏ ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင် အလွန်လျော့နည်းစေနိုင်သော်လည်း နည်းလမ်းကျသော ဖြေရှင်းချက်တစ်ခုပင် ဖြစ်သည်။

Read times
Rate this item
(0 votes)