Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရက ပြည်ပမှမတ်ပဲတင်သွင်းမှုကို တန်ချိန်သုံးသိန်းအထိ လျှော့ချ

မြန်မာနိုင်ငံအပါအ၀င် ပြည်ပမှ လွတ်လပ်စွာခွင့်ပြုထားသည့် မတ်ပဲတင်သွင်းခြင်းကို

ယခုဘဏ္ဍာနှစ်ကစတင်၍ တန် ချိန်သုံးသိန်းအထိ လျှော့ချခဲ့ကြောင်း အိန္ဒိယအစိုးရကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။

 

ယခင်နှစ်များက အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံမှ တစ်နှစ် လျှင် မတ်ပဲတန်ချိန် လေးသိန်း ကျော်မှ ငါးသိန်းကြား ၀ယ်ယူနေ သော်လည်း ယခုဘဏ္ဍာနှစ်ကစ တင် ကန့်သတ်ခြင်းဖြစ်သည်။

 

အိန္ဒိယအစိုးရသည် မိုးရာသီ ပဲစိုက်ပျိုးသည့် လယ်သမားများ အတွက် ဈေးနှုန်းမြင့်တက်လာ စေရန် ရည်ရွယ်ချက်ဖြင့် ဩဂုတ် ၅ ရက်က ပြည်ပမှပဲစင်းငုံတင် သွင်းမှုကို တန်ချိန်နှစ်သိန်းအထိ လျှော့ချကန့်သတ်ခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:12
Rate this item
(1 Vote)